ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (28/10/20)

ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲမှာ ပီအက်စ်ဂျီကို အဝေးကွင်းမှာပင် အနိုင်ကန်ထားခဲ့တာကြောင့် ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ အသင်းအပေါ် ယုံကြည်မှု အပြည့် ရှိနေပြီး ဗိုလ်လုပွဲ ထိ အရောက် သွားဖို့ ရည်မှန်းထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နဲ့ အတူ ဥရောပပွဲ ၆ ပွဲ ကစားထားရာ ၅ ဂိုးသွင်း၊ ၁ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားတာကြောင့် ဒီညမှာရော သူ့ဆီက သွင်းဂိုးတွေ မြင်ရမလား ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။

အစွန်ခံစစ်မှူး အဲလက်စ် တဲလက်စ်ဟာ ပြီးခဲ့တဲ့ ချယ်ဆီးနဲ့ ပွဲမှာ မပါဝင်ခဲ့ပေမယ့် ဒီည လိုက်ပ်ဇစ်နဲ့ ပွဲမှာ ပြန် ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ ၎င်းက ပီအက်စ်ဂျီနဲ့ ပွဲမှာလည်း တစ်နာရီကျော် ဝင် ကစားခဲ့ပြီး ပေါ့ဘာနဲ့ လူစားလဲခံခဲ့ရပါတယ်။

ယူနိုက်တက်ဟာ မြောက်အိုင်ယာလန်သား အသက် ၁၉ နှစ် အရွယ် ကွင်းလယ် လူငယ် ကစားသမားလေး အီသန် ဂယ်လ်ဘရိတ်ကို ဇွန် ၂၀၂၃ ထိ အသင်းမှာ ဆက်ရှိနေစေမယ့် စာချုပ်သစ် တစ်ရပ် ဒီနေ့ ချုပ်ဆို သွားခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ၎င်းရဲ့ခံစစ် ရွေးချယ်စရာတွေကို အဆင့်မြှင့်တင်ဖို့ အလိုရှိနေသလို နောက်နွေရာသီမှာ လိုက်ပ်ဇစ်ကြယ်ပွင့် အူပါမီကာနိုရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၈သန်းပေးပြီး ခေါ်ယူဖို့ ရည်ရွယ် ထားပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဒုတိယပွဲမှာ ရက်ဘူးလိုက်ပ်ဇစ်နဲ့ တွေ့ဆုံရမှာဖြစ်တာကြောင့် ပီအက်စ်ဂျီကို ၂-၁နဲ့ နိုင်ခဲ့တုန်းကလို ရဲရင့်တဲ့ပုံစံတွေကို ပြသဖို့အတွက် စကော့ မက် တော်မီနေးက ယူနိုက်တက် အသင်းဖော်တွေကို စိန်ခေါ်ခဲ့ပါတယ်။

Zawgyi – ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပြဲမွာ ပီအက္စ္ဂ်ီကို အေ၀းကြင္းမွာပင္ အနုိင္ကန္ထားခဲ့တာေၾကာင့္ ယူနုိက္တက္ နည္းျပ ဆိုးရွားကေတာ့ အသင္းအေပၚ ယံုၾကည္မႈ အျပည့္ ရွိေနျပီး ဗိုလ္လုပြဲ ထိ အေရာက္ သြားဖို႔ ရည္မွန္းထားေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ကြင္းလယ္ ကစားသမား ဘရူနို ဖာနန္ဒက္စ္ဟာ ယူနုိက္တက္နဲ႕ အတူ ဥေရာပပြဲ ၆ ပြဲ ကစားထားရာ ၅ ဂိုးသြင္း၊ ၁ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားတာေၾကာင့္ ဒီညမွာေရာ သူ႔ဆီက သြင္းဂိုးေတြ ျမင္ရမလား ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကပါတယ္။

အစြန္ခံစစ္မွဴး အဲလက္စ္ တဲလက္စ္ဟာ ျပီးခဲ့တဲ့ ခ်ယ္ဆီးနဲ႕ ပြဲမွာ မပါ၀င္ခဲ့ေပမယ့္ ဒီည လိုက္ပ္ဇစ္နဲ႕ ပြဲမွာ ျပန္ ပါ၀င္လာနုိင္တယ္လို႔ သိရပါတယ္။ ၄င္းက ပီအက္စ္ဂ်ီနဲ႕ ပြဲမွာလည္း တစ္နာရီေက်ာ္ ၀င္ ကစားခဲ့ျပီး ေပါ့ဘာနဲ႕ လူစားလဲခံခဲ့ရပါတယ္။

ယူနိုက္တက္ဟာ ေျမာက္အုိင္ယာလန္သား အသက္ ၁၉ နွစ္ အရြယ္ ကြင္းလယ္ လူငယ္ ကစားသမားေလး အီသန္ ဂယ္လ္ဘရိတ္ကို ဇြန္ ၂၀၂၃ ထိ အသင္းမွာ ဆက္ရွိေနေစမယ့္ စာခ်ဳပ္သစ္ တစ္ရပ္ ဒီေန႔ ခ်ဳပ္ဆို သြားခဲ့ပါတယ္။

ဆိုးလ္ရွားဟာ ၎ရဲ႕ခံစစ္ ေ႐ြးခ်ယ္စရာေတြကို အဆင့္ျမႇင့္တင္ဖို႔ အလိုရွိေနသလို ေနာက္ေႏြရာသီမွာ လိုက္ပ္ဇစ္ၾကယ္ပြင့္ အူပါမီကာႏိုရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၃၈သန္းေပးၿပီး ေခၚယူဖို႔ ရည္ရြယ္ ထားပါတယ္။

ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္ ဒုတိယပြဲမွာ ရက္ဘူးလိုက္ပ္ဇစ္နဲ႔ ေတြ႕ဆုံရမွာျဖစ္တာေၾကာင့္ ပီအက္စ္ဂ်ီကို ၂-၁နဲ႔ ႏိုင္ခဲ့တုန္းကလို ရဲရင့္တဲ့ပုံစံေတြကို ျပသဖို႔အတြက္ စေကာ့ မက္ ေတာ္မီေနးက ယူႏိုက္တက္ အသင္းေဖာ္ေတြကို စိန္ေခၚခဲ့ပါတယ္။