ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီးအသင်း သတင်းတိုများ (28/10/20)

ဖရန့်လမ်းပတ်က သူဟာ အင်္ဂလိပ်လူမျိုးဖြစ်နေတာကြောင့် တခြားသော အသင်းကြီး၆သင်းဝင် နည်းပြတွေနဲ့မတူပဲ ခွဲခြားဆက်ဆံခံရပြီး ချယ်ဆီး နည်းပြ အလုပ် အပေါ် မေးခွန်းထုတ်ခံခဲ့ရပေမယ့် ဒီလမ်းကိုရွေးလို့ နောင်တမရဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီးကို မန်ဒီ ရောက်မလာခင်တုန်းက အသင်းလေ့ကျင့်ရေးမှာ ပီတာချက်ဟာ ကီပါနဲ့ ဝီလီ ကာဘယ်လီရိုတို့ထက် ပို ကောင်းကောင်း လုပ်နိုင်ခဲ့တဲ့ ဂိုးသမား ဖြစ်ခဲ့တယ်လို့ ချယ်ဆီးဂိုးသမားဟောင်း ရှာဝါဇာက အံ့အားသင့်စရာ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ချယ်ဆီးတို့ရဲ့ ဂိုးမရှိသရေပွဲဟာ ဖျော်ဖြေမှုအပေးနိုင်ဆုံး ပွဲစဉ်တစ်ပွဲ မဟုတ်ခဲ့ပေမယ့်လဲ ချယ်ဆီးအတွက် အားတက်စရာတွေတော့ ရှိခဲ့ပြီး သီယာဂိုဆေးဗားနဲ့ မန်ဒီတို့က အကောင်းဆုံးဖြစ်ခဲ့တယ်လို့ BBCရဲ့တင်ဆက်သူ ဂါတ်ခရွတ်ခ်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးရဲ့ လိဂ် အဖွင့်၅ပွဲမှာ ၉ဂိုးပေးခဲ့ရပြီး နောက်ဆုံး ၂ပွဲလုံးမှာ clean sheet ရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အသင်းက ဒီရာသီမှာ တိုးတက်မှုကိုပြသခဲ့ပေမယ့် တိုက်စစ်နဲ့ ခံစစ်ကြား ဟန်ချက်ညီဖို့ လိုအပ်နေတယ်လို့ နည်းပြ လမ်းပတ်ကဆိုပါတယ်။

ရူဒီဂါဟာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်လို့ လမ်းပတ်နဲ့ ပြောဆိုဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို ပြင်ခဲ့ပြီး စတန်းဖို့ဒ်ဘရစ်ခ်ျမှာ နေရာပြန်ရဖို့ ကြိုးစားသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ ခရက်စ်နိုဒါနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် ရုရှားကို သွားကစားရမယ့် ချယ်ဆီးလူစာရင်းမှာ ကီပါ၊ အလွန်ဆိုတို့နဲ့အတူ သီယာဂိုဆေးဗားကိုလဲ အနားပေးခဲ့ပါတယ်။

ကွင်းလယ်လူ ဟာကင်ဇီယက်ခ်ျဟာ ရာသီကြိုမှာ ဒဏ်ရာရခဲ့တဲ့နောက်ပိုင်း ချယ်ဆီးအတွက်ပထမဆုံးပွဲထွက်ခွင့်ရရှိဖို့ နီးစပ်နေပြီလို့ နည်းပြ လမ်းပတ်က သတင်းပေးခဲ့သလို ဒီတစ်ပတ်ချန်ပီယံလိဂ်ရဲ့ပွဲထွက်စာရင်းထဲ ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။

ရုရှားကလပ်နဲ့တွေ့ဆုံရမယ့်ချယ်ဆီးအသင်းမှာ ရူဒီဂါပါဝင်လာခဲ့တာဟာ ဒီရာသီ သူ့အတွက် ပထမဆုံးအကြိမ်အဖြစ် ၂ပွဲဆက်လူစာရင်းထဲ ပါဝင်ခဲ့တာ ဖြစ်သလို သီယာဂိုဆေးဗားနေရာမှာ ကစားခွင့်ရနိုင်ကြောင်း လမ်းပတ်က အတည်ပြုခဲ့ပါတယ်။

Zawgyi – ဖရန့်လမ်းပတ်က သူဟာ အင်္ဂလိပ်လူမျိုးဖြစ်နေတာကြောင့် တခြားသော အသင်းကြီး၆သင်းဝင် နည်းပြတွေနဲ့မတူပဲ ခွဲခြားဆက်ဆံခံရပြီး ချယ်ဆီး နည်းပြ အလုပ် အပေါ် မေးခွန်းထုတ်ခံခဲ့ရပေမယ့် ဒီလမ်းကိုရွေးလို့ နောင်တမရဘူးလို့ ဖွင့်ဟခဲ့ပါတယ်။






