ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (28/10/20)

အာဆင်နယ်ကြယ်ပွင့် အူဘာမီးယန်းဟာ ဒီရာသီမှာ ဂိုးမိုးခေါင်နေခဲ့ပြီး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို သူ့ကို ဘယ်ခြမ်းမှာ သုံးခဲ့တဲ့ အာတီတာ အနေနဲ့ ပိုပြီး ဗဟိုကျတဲ့ နေရာကို ပြောင်းလဲကစားစေဖို့ အချိန်ရောက်လာပြီလို့ တိုက်တွန်းခံခဲ့ပါတယ်။

အာဆင်နယ်ဟာ အာတီတာ စိတ်ကြိုက်တိုက်စစ်မှူးဖြစ်တဲ့ နာပိုလီရဲ့ တိုက်စစ်ကြယ်ပွင့် ပီတာညာကို နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် နည်းပြ ဂတ်တူဆိုက သူ့ကို ဆက်ထိန်းထားချင်တာကြောင့် ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။

အိုဇေးကို ချန်လှပ်ရတဲ့အကြောင်း နည်းပြက အမှန်တိုင်းမပြောဘူးဆိုတဲ့ ဝေဖန်မှုကို အာတီတာ တုံ့ပြန်ခဲ့ပြီး ကစားသမားတွေ ကောင်းကောင်း လုပ်ရင် မိမိက ချီးကျူးမှာဖြစ်ပြီး ကောင်းကောင်းမလုပ်နိုင်ရင်တော့ အဲ့ဒီ့အတွက်အကျိုးဆက်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်နဲ့အာဆင်နယ်ပွဲကို တာဝန်ယူမယ့်ကွင်းလယ်ဒိုင် မိုက်ဒင်း ဟာ ဒိုင်လူကြီးဘဝ စုစုပေါင်း ၅၁ ၃ပွဲမှာ အနီကတ် ၁၀၅ ကြိမ် နဲ့ ပင်နယ်တီ ၁၇၃ကြိမ် ပေးခဲ့ရာ အာဆင်နယ်ကို ကိုင်တွယ်ခဲ့တဲ့ ၇၅ပွဲမှာတော့ ၃၆ပွဲသာ နိုင်ခဲ့ပြီး ပင်နယ်တီ ၆ကြိမ်သာ ရရှိခဲ့ဖူးပါတယ်။

အာဆင်နယ်ဟာ ဆဲလ်ဘက်ကွင်းလယ်လူ ဆိုဘော့စလေးကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်သလို မနေ့က အက်သလက်တီကိုနဲ့ပွဲမှာ ၎င်းရဲ့ ခြေစွမ်းကို မြင်တွေ့ခဲ့ရတဲ့နောက် ဂန်းနားပရိသတ်တွေက သူ့ကို လက်လွှတ်မခံဖို့ တိုက်တွန်းခဲ့ကြပါတယ်။

အာဆင်နယ်ဟာ ပီအက်စ်ဗီ တိုက်စစ်မှူး ဒွန်ယယ် မာလန်ကို ပစ်မှတ်ထားနေပေမယ့် သူ့ကို ခေါ်ယူနိုင်ဖို့အတွက် ဘာစီလိုနာနဲ့ ပြိုင်ဆိုင်ရဖို့ ရှိနေပြီး ဒီနွေမှာ မန်းဖစ်ဒီပေးကို မရခဲ့တဲ့ ရော်နယ်ကိုးမန်းက ၎င်းရဲ့နယ်သာလန်တပည့်ဟောင်းကို ခေါ်ယူလိုနေတာပါ။

အာဆင်နယ် လူစာရင်းမှာ အိုဇေး မပါရတဲ့အပေါ် အမျိုးမျိုး ဝေဖန်မှုတွေ ရှိနေပေမယ့် ဂန်းနားတွေရဲ့ ရွှေဖလားဂန္တဝင် လော်ရန်ကတော့ ထိပ်တန်း ကစားသမားတစ်ယောက် ဖြစ်ပြီး အသင်းမှာ အပတ်တိုင်း မပါရတာက ကိုယ် ညံ့လို့ပဲလို့ပဲလို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ယခင်က ရှုံးပွဲတွေကြုံတိုင်း တုံ့ပြန်ဖို့ မစဉ်းစားပဲ ဆက်တိုက် ရှုံးနိမ့်ခဲ့တာ ဖြစ်သလို အခု အာတီတာအနေနဲ့ ဒါမျိုးမလုပ်ဘဲ လက်စတာ ကို ရှုံးပြီးနောက် ယူနိုက်တက်နဲ့ပွဲမှာ အနိုင်ရဖို့ပြင်ဆင်သင့်တယ်လို့ ရီယိုဖာဒီနန်ကအကြံပေးခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ၾကယ္ပြင့္ အူဘာမီးယန္းဟာ ဒီရာသီမွာ ဂိုးမိုးေခါင္ေနခဲ့ၿပီး ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရသလို သူ႔ကို ဘယ္ျခမ္းမွာ သုံးခဲ့တဲ့ အာတီတာ အေနနဲ႔ ပိုၿပီး ဗဟိုက်တဲ့ ေနရာကို ေျပာင္းလဲကစားေစဖို႔ အခ်ိန္ေရာက္လာၿပီလို႔ တိုက္တြန္းခံခဲ့ပါတယ္။

အာဆင္နယ္ဟာ အာတီတာ စိတ္ႀကိဳက္တိုက္စစ္မႉးျဖစ္တဲ့ နာပိုလီရဲ႕ တိုက္စစ္ၾကယ္ပြင့္ ပီတာညာကို ေႏြရာသီမွာ ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ နည္းျပ ဂတ္တူဆိုက သူ႔ကို ဆက္ထိန္းထားခ်င္တာေၾကာင့္ ကမ္းလွမ္းမႈကိုျငင္းပယ္ခဲ့တယ္လို႔သိရပါတယ္။

အိုေဇးကို ခ်န္လွပ္ရတဲ့အေၾကာင္း နည္းျပက အမွန္တိုင္းမေျပာဘူးဆိုတဲ့ ေဝဖန္မႈကို အာတီတာ တုံ႔ျပန္ခဲ့ၿပီး ကစားသမားေတြ ေကာင္းေကာင္း လုပ္ရင္ မိမိက ခ်ီးက်ဴးမွာျဖစ္ၿပီး ေကာင္းေကာင္းမလုပ္ႏိုင္ရင္ေတာ့ အဲ့ဒီ့အတြက္အက်ိဳးဆက္ရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္နဲ႔အာဆင္နယ္ပြဲကို တာဝန္ယူမယ့္ကြင္းလယ္ဒိုင္ မိုက္ဒင္း ဟာ ဒိုင္လူႀကီးဘဝ စုစုေပါင္း ၅၁ ၃ပြဲမွာ အနီကတ္ ၁၀၅ ၾကိမ္ နဲ႔ ပင္နယ္တီ ၁၇၃ႀကိမ္ ေပးခဲ့ရာ အာဆင္နယ္ကို ကိုင္တြယ္ခဲ့တဲ့ ၇၅ပြဲမွာေတာ့ ၃၆ပြဲသာ နိုင္ခဲ့ၿပီး ပင္နယ္တီ ၆ႀကိမ္သာ ရရွိခဲ့ဖူးပါတယ္။

အာဆင္နယ္ဟာ ဆဲလ္ဘက္ကြင္းလယ္လူ ဆိုေဘာ့စေလးကို ဇန္နဝါရီမွာ ေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္သလို မေန႔က အက္သလက္တီကိုနဲ႔ပြဲမွာ ၎ရဲ႕ ေျခစြမ္းကို ျမင္ေတြ႕ခဲ့ရတဲ့ေနာက္ ဂန္းနားပရိသတ္ေတြက သူ႔ကို လက္လႊတ္မခံဖို႔ တိုက္တြန္းခဲ့ၾကပါတယ္။

အာဆင္နယ္ဟာ ပီအက္စ္ဗီ တိုက္စစ္မႉး ဒြန္ယယ္ မာလန္ကို ပစ္မွတ္ထားေနေပမယ့္ သူ႔ကို ေခၚယူႏိုင္ဖို႔အတြက္ ဘာစီလိုနာနဲ႔ ၿပိဳင္ဆိုင္ရဖို႔ ရွိေနၿပီး ဒီေႏြမွာ မန္းဖစ္ဒီေပးကို မရခဲ့တဲ့ ေရာ္နယ္ကိုးမန္းက ၎ရဲ႕နယ္သာလန္တပည့္ေဟာင္းကို ေခၚယူလိုေနတာပါ။

အာဆင္နယ္ လူစာရင္းမွာ အိုေဇး မပါရတဲ့အေပၚ အမ်ိဳးမ်ိဳး ေဝဖန္မႈေတြ ရွိေနေပမယ့္ ဂန္းနားေတြရဲ႕ ေ႐ႊဖလားဂႏၲဝင္ ေလာ္ရန္ကေတာ့ ထိပ္တန္း ကစားသမားတစ္ေယာက္ ျဖစ္ၿပီး အသင္းမွာ အပတ္တိုင္း မပါရတာက ကိုယ္ ညံ့လို႔ပဲလို႔ပဲလို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ယခင္က ရႈံးပြဲေတြႀကဳံတိုင္း တုံ႔ျပန္ဖို႔ မစဥ္းစားပဲ ဆက္တိုက္ ရႈံးနိမ့္ခဲ့တာ ျဖစ္သလို အခု အာတီတာအေနနဲ႔ ဒါမ်ိဳးမလုပ္ဘဲ လက္စတာ ကို ရႈံးၿပီးေနာက္ ယူႏိုက္တက္နဲ႔ပြဲမွာ အႏိုင္ရဖို႔ျပင္ဆင္သင့္တယ္လို႔ ရီယိုဖာဒီနန္ကအႀကံေပးခဲ့ပါတယ္။