ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (29/10/20)

ဆိုးဝါးတဲ့ ရာသီအစမှာ ရုန်းကန်ခဲ့ရပြီးနောက် ယူနိုက်တက်ဟာ ရက်ဘူး လိုက်ပ်ဇစ်ကို ၅ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့အပေါ် ရီယိုဖာဒီနန်က ချီးကျူးခဲ့ပြီး ယူနိုက်တက် ပစ်မှတ်ဖြစ်တဲ့ အူပါမီကာနိုအတွက် အိမ်မက်ဆိုး ဖြစ်ခဲ့လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဂိုးပြတ်နိုင်ပွဲမှာ ရက်ရှ်ဖို့ဒ်က ဟက်ထရစ် သွင်းယူကာ ခြေစွမ်းပြခဲ့ပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ ဖရက်ကို အထူးချီးကျူးခဲ့ပြီး ပင်ပန်းမှုမရှိပဲ အလုပ်ကြိုးစားတဲ့နှုန်းက အံ့အားသင့်စရာ ကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

ကလပ်အတွက် သူ့ရဲ့ ပထမဦးဆုံး ဟက်ထရစ်ဂိုး သွင်းယူဖို့ ၁၈မိနစ်သာ အချိန်ယူခဲ့ရတဲ့ မားကပ်ရက်ရှ်ဖို့ဒ်ဟာ နည်းပြဆိုးလ်ရှားရဲ့စံချိန်ကိုလိုက်မီခဲ့ပြီး ယူနိုက်တက်ရဲ့ သမိုင်းမှာ လူစားဝင်ပြီး ၃ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်ကြယ်ပွင့် မေဆန်ဂရင်းဝုဒ်ဟာ လိုက်ပ်ဇစ်နဲ့ပွဲမှာ ၎င်းရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဂိုးကို သွင်းယူနိုင်ခဲ့တဲ့နောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ စီးတီးလူငယ်ကစားသမား ဝစ်စတန်ကိုရည်စူးပြီး ဆုတောင်းပေးခဲ့ပါတယ်။

မနေ့က ဟက်ထရစ် သွင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ လူစားဝင်ကစားပြီး ၃ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ် အမ်ဘတ်ပီ၊ ပန်ဒီယာနီ၊ ဟိုဆေးဘာ လော်ရန်တေး၊ ရိုစလာတို့နဲ့အတူ မှတ်တမ်းဝင်ခဲ့တာလဲ ဖြစ်ပါတယ်။

အဲလက်စ်တဲလက်စ်ဟာ ကိုဗစ်ရောဂါပိုး စစ်ဆေးမှုမှာ ပေါ့စတစ်ဖြစ်ခဲ့တာကြောင့် ရက်ဘူးလိုက်ပ်ဇစ်နဲ့ပွဲကို လွဲချော်ခဲ့တာဖြစ်ပေမယ့် ရောဂါလက္ခဏာမပြသလို မြန်မြန်ပြန်ကောင်းလာဖို့ မျှော်လင့်ရကြောင်း ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။

လိုက်ပ်ဗစ်ဗဟိုနောက်ခံလူ အူပါမီကာနိုဟာ ယူနိုက်တက်ဂိုး ၅ဂိုးပြတ် မရှုံးရအောင် မကာကွယ်ပေးနိုင်ခဲ့ပေမယ့် သူဟာ အင်္ဂလန်ကလပ်အတွက် အသင့်တော်ဆုံး ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ပေါလ်စခိုးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Zawgyi – ဆိုးဝါးတဲ့ ရာသီအစမွာ ႐ုန္းကန္ခဲ့ရၿပီးေနာက္ ယူႏိုက္တက္ဟာ ရက္ဘူး လိုက္ပ္ဇစ္ကို ၅ဂိုးျပတ္ အႏိုင္ရရွိခဲ့တဲ့အေပၚ ရီယိုဖာဒီနန္က ခ်ီးက်ဴးခဲ့ၿပီး ယူႏိုက္တက္ ပစ္မွတ္ျဖစ္တဲ့ အူပါမီကာႏိုအတြက္ အိမ္မက္ဆိုး ျဖစ္ခဲ့လိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ ဂိုးျပတ္ႏိုင္ပြဲမွာ ရက္ရွ္ဖို႔ဒ္က ဟက္ထရစ္ သြင္းယူကာ ေျခစြမ္းျပခဲ့ေပမယ့္ နည္းျပ ဆိုးလ္ရွားကေတာ့ ဖရက္ကို အထူးခ်ီးက်ဴးခဲ့ၿပီး ပင္ပန္းမႈမရွိပဲ အလုပ္ႀကိဳးစားတဲ့ႏႈန္းက အံ့အားသင့္စရာ ေကာင္းတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ကလပ္အတြက္ သူ႔ရဲ႕ ပထမဦးဆုံး ဟက္ထရစ္ဂိုး သြင္းယူဖို႔ ၁၈မိနစ္သာ အခ်ိန္ယူခဲ့ရတဲ့ မားကပ္ရက္ရွ္ဖို႔ဒ္ဟာ နည္းျပဆိုးလ္ရွားရဲ႕စံခ်ိန္ကိုလိုက္မီခဲ့ၿပီး ယူႏိုက္တက္ရဲ႕ သမိုင္းမွာ လူစားဝင္ၿပီး ၃ဂိုးသြင္းႏိုင္တဲ့ ဒုတိယေျမာက္ ကစားသမား ျဖစ္လာခဲ့ပါတယ္။

ယူႏိုက္တက္ၾကယ္ပြင့္ ေမဆန္ဂရင္းဝုဒ္ဟာ လိုက္ပ္ဇစ္နဲ႔ပြဲမွာ ၎ရဲ႕ ပထမဆုံး ခ်န္ပီယံလိဂ္ဂိုးကို သြင္းယူႏိုင္ခဲ့တဲ့ေနာက္ ကိုယ့္ကိုယ္ကို အဆုံးစီရင္ခဲ့တဲ့ စီးတီးလူငယ္ကစားသမား ဝစ္စတန္ကိုရည္စူးၿပီး ဆုေတာင္းေပးခဲ့ပါတယ္။

မေန႔က ဟက္ထရစ္ သြင္းခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ ဥေရာပခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းမွာ လူစားဝင္ကစားၿပီး ၃ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ကစားသမားအျဖစ္ အမ္ဘတ္ပီ၊ ပန္ဒီယာနီ၊ ဟိုေဆးဘာ ေလာ္ရန္ေတး၊ ႐ိုစလာတို႔နဲ႔အတူ မွတ္တမ္းဝင္ခဲ့တာလဲ ျဖစ္ပါတယ္။

အဲလက္စ္တဲလက္စ္ဟာ ကိုဗစ္ေရာဂါပိုး စစ္ေဆးမႈမွာ ေပါ့စတစ္ျဖစ္ခဲ့တာေၾကာင့္ ရက္ဘူးလိုက္ပ္ဇစ္နဲ႔ပြဲကို လြဲေခ်ာ္ခဲ့တာျဖစ္ေပမယ့္ ေရာဂါလကၡဏာမျပသလို ျမန္ျမန္ျပန္ေကာင္းလာဖို႔ ေမွ်ာ္လင့္ရေၾကာင္း ဆိုးလ္ရွားက ေျပာဆိုခဲ့ပါတယ္။

လိုက္ပ္ဗစ္ဗဟိုေနာက္ခံလူ အူပါမီကာႏိုဟာ ယူႏိုက္တက္ဂိုး ၅ဂိုးျပတ္ မရႈံးရေအာင္ မကာကြယ္ေပးႏိုင္ခဲ့ေပမယ့္ သူဟာ အဂၤလန္ကလပ္အတြက္ အသင့္ေတာ္ဆုံး ေခၚယူမႈ ျဖစ္လိမ့္မယ္လို႔ေပါလ္စခိုးက တိုက္တြန္းေျပာဆိုခဲ့ပါတယ္။