ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (29/10/20)

ယူနိုက်တက်ကြယ်ပွင့်ဟောင်း အိုဝင် ဟားဂရေ့ဗ်က ဒွန်နီဗန်ဒီဘိခ်ဟာ ယူနိုက်တက် အသင်းကြီးရဲ့ အဓိက ကစားသမား ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပြီး ၎င်းဟာ ဘိုင်ယန်မြူးနစ် ဂန္တဝင် သောမတ်စ် မူလာ လို မျိုး အကျိုးပြုနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

လိုက်ပ်ဇစ်နဲ့ ပွဲမှာ မားကပ် ရက်ဖို့ဒ် ပင်နယ်တီ မကန်ခဲ့တဲ့ ဆုံးဖြတ်ချက်က ၎င်းဟာ ပွဲထွက်စာရင်းက မပါဝင်ခဲ့တဲ့ အပြင် ဥရောပပွဲတွေမှာ ပင်နယ်တီ ကန်ဖို့ မာရှယ်နဲ့ ပေါ့ဘာကို တာဝန်ပေးအပ် ထားတာကြောင့် ဖြစ်ကြောင်း ဆိုးရှားက ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်ကနေ ထူးချွန်စွာ ခြေစွမ်းပြသွားတဲ့ ဖရက်ဒ်ကို နည်းပြ ဆိုးရှားက ချီးကျူးဖို့ မမေ့လျော့ခဲ့ဘဲ ဘရာဇီးသားဟာ ကွင်းထဲက မြက် အပင်တိုင်းနဲ့ ထိ ခဲ့ရလောက်အောင် နေရာစုံ ပြေးလွှား ကစားခဲ့တယ်လို့ ညွှန်းဆိုခဲ့ပါတယ်။

အေဂျက် ဆယ်ကျော်သက် ပလေးမိတ်ကာ ကစားသမား ရိုင်ယန် ဂရေ့ဗ်ဘာ့ချ် ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေထဲ မန်ချက်စတာ ယူနိုက်တက် နောက်ဆုံး ပါဝင်လာခဲ့ပြီး ၎င်းကို ဘာစီလိုနာနဲ့ ဂျူဗင်တပ် တို့ကလည်း စောင့်ကြည့်နေပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဖာဒီနန်နဲ့ ပေါစခိုးလ် တို့ကတော့ လက်ရှိ ယူနိုက်တက် ခံစစ်တန်းဟာ အဓိက ဆုဖလားကြီးတွေ ရယူနိုင်ဖို့ လုံလောက် ကောင်းမွန်မှု မရှိသေးကြောင်း ဆွေးနွေး သုံးသပ် သွားခဲ့ပါတယ်။

ဝေးစ်လက်ရွေးစင် အသင်း နည်းပြ အဖြစ် ကိုင်တွယ်နေတဲ့ သရဲနီဟောင်း ရိုင်ယန်ဂစ် ကို တချိန်မှာ ယူနိုက်တက်ကို တာဝန်ယူလိုသလား မေးမြန်းခံခဲ့ရာ ဂစ်က ထိုရာထူးကို လိုချင်ပေမယ့် အဆင်သင့် မဖြစ်ခဲ့လို့ လွဲချော်ခဲ့ရကြောင်းနဲ့ လက်ရှိ အလုပ်မှာပဲ လောလောဆယ် ကျေနပ်ပျော်ရွှင်နေကြောင်း ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက် အသင်းခေါင်းေ်ဆာင် မက်ဂွဲရား ကတော့ လိုက်ပ်ဇစ်နဲ့ ပွဲက အသင်း စွမ်းဆောင်ရည်ကို အားရနေပြီး ထိုခြေစွမ်းကို လာမယ့်ပွဲတွေမှာ ရှေ့ဆက်သယ်ဆောင်ကာ ပိုမို အားထုတ်ကြဖို့ အသင်းဖော်တွေ အား တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ၾကယ္ပြင့္ေဟာင္း အိုဝင္ ဟားဂေရ႕ဗ္က ဒြန္နီဗန္ဒီဘိခ္ဟာ ယူႏိုက္တက္ အသင္းႀကီးရဲ႕ အဓိက ကစားသမား ျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနၿပီး ၎ဟာ ဘိုင္ယန္ျမဴးနစ္ ဂႏၲဝင္ ေသာမတ္စ္ မူလာ လို မ်ိဳး အက်ိဳးျပဳႏိုင္လိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

လိုက္ပ္ဇစ္နဲ႕ ပြဲမွာ မားကပ္ ရက္ဖို႔ဒ္ ပင္နယ္တီ မကန္ခဲ့တဲ့ ဆံုးျဖတ္ခ်က္က ၄င္းဟာ ပြဲထြက္စာရင္းက မပါ၀င္ခဲ့တဲ့ အျပင္ ဥေရာပပြဲေတြမွာ ပင္နယ္တီ ကန္ဖို႔ မာရွယ္နဲ႕ ေပါ့ဘာကို တာ၀န္ေပးအပ္ ထားတာေၾကာင့္ ျဖစ္ေၾကာင္း ဆိုးရွားက ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ပြဲမွာ ကြင္းလယ္ကေန ထူးခၽြန္စြာ ေျခစြမ္းျပသြားတဲ့ ဖရက္ဒ္ကို နည္းျပ ဆိုးရွားက ခ်ီးက်ဴးဖို႔ မေမ့ေလ်ာ့ခဲ့ဘဲ ဘရာဇီးသားဟာ ကြင္းထဲက ျမက္ အပင္တိုင္းနဲ႕ ထိ ခဲ့ရေလာက္ေအာင္ ေနရာစံု ေျပးလႊား ကစားခဲ့တယ္လို႔ ညႊန္းဆိုခဲ့ပါတယ္။

ေအဂ်က္ ဆယ္ေက်ာ္သက္ ပေလးမိတ္ကာ ကစားသမား ရိုင္ယန္ ဂေရ႕ဗ္ဘာ့ခ်္ ကို ေခၚယူဖို႔ စိတ္၀င္စားတဲ့ အသင္းေတြထဲ မန္ခ်က္စတာ ယူနိုက္တက္ ေနာက္ဆံုး ပါ၀င္လာခဲ့ျပီး ၄င္းကို ဘာစီလိုနာနဲ႕ ဂ်ဴဗင္တပ္ တို႔ကလည္း ေစာင့္ၾကည့္ေနပါတယ္။

မန္ခ်က္စတာယူနိုက္တက္ ကစားသမားေဟာင္းေတြ ျဖစ္တဲ့ ဖာဒီနန္နဲ႕ ေပါစခိုးလ္ တို႔ကေတာ့ လက္ရွိ ယူနိုက္တက္ ခံစစ္တန္းဟာ အဓိက ဆုဖလားၾကီးေတြ ရယူနုိင္ဖို႕ လံုေလာက္ ေကာင္းမြန္မႈ မရွိေသးေၾကာင္း ေဆြးေႏြး သံုးသပ္ သြားခဲ့ပါတယ္။

ေ၀းစ္လက္ေရြးစင္ အသင္း နည္းျပ အျဖစ္ ကိုင္တြယ္ေနတဲ့ သရဲနီေဟာင္း ရိုင္ယန္ဂစ္ ကို တခ်ိန္မွာ ယူနိုက္တက္ကို တာ၀န္ယူလိုသလား ေမးျမန္းခံခဲ့ရာ ဂစ္က ထုိရာထူးကို လိုခ်င္ေပမယ့္ အဆင္သင့္ မျဖစ္ခဲ့လို႔ လြဲေခ်ာ္ခဲ့ရေၾကာင္းနဲ႕ လက္ရွိ အလုပ္မွာပဲ ေလာေလာဆယ္ ေက်နပ္ေပ်ာ္ရႊင္ေနေၾကာင္း ေျဖၾကားခဲ့ပါတယ္။

ယူနိုက္တက္ အသင္းေခါင္းေ္ဆာင္ မက္ဂြဲရား ကေတာ့ လိုက္ပ္ဇစ္နဲ႕ ပြဲက အသင္း စြမ္းေဆာင္ရည္ကို အားရေနျပီး ထိုေျခစြမ္းကို လာမယ့္ပြဲေတြမွာ ေရွ႕ဆက္သယ္ေဆာင္ကာ ပိုမို အားထုတ္ၾကဖို႔ အသင္းေဖာ္ေတြ အား တိုက္တြန္း ေတာင္းဆိုခဲ့ပါတယ္။