ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (29/10/20)

ညက ခရက်စ်နိုဒါနဲ့ပွဲမှာ ဂျော်ဂျင်ဟို ပင်နယ်တီ လွဲခဲ့ပေမယ့် အိုဒွိုင်း၊ တီမိုဗာနာ၊ ဇီယက်ခ်ျ၊ ပူလီဆစ်တို့ရဲ့ဂိုးတွေနဲ့ ချယ်ဆီးက ဂိုးပြတ် နိုင်ပွဲရခဲ့သလို ဟာကင်ဇီယက်ခ်ျဟာ ကလပ်အတွက် ပထမဆုံး ပွဲထွက်မှုမှာ ပထမဆုံး ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ချယ်ဆီးနဲ့ ချိတ်ဆက်မှု ရှိနေတဲ့ ဒေးဗစ် အလာဘာဟာ ဘိုင်ယန်နဲ့စာချုပ်သစ်ချုပ်ဖို့ နီးစပ်မှု မရှိသေးတာနဲ့အတူ နောက်နွေရာသီအထိ စာချုပ်သစ် သဘောတူညီမှု မရခဲ့ရင် ချယ်ဆီးအတွက် သူ့ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ အခွင့်အရေးရှိလာမှာပါ။

ဇီယက်ခ်ျဟာ ပထမဆုံး ပွဲချိန်ပြည့် ကစားခဲ့တဲ့ပွဲမှာ ချယ်ဆီးရဲ့ တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူခဲ့တဲ့နောက် သူ့ အလားအလာကို လမ်းပတ်က စိတ်လှုပ်ရှားနေပြီး နောက်ကျရင် ဒီထက် အများကြီး ပိုလုပ်ပြလိမ့်ဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။

ယခင်က ဂျော်ဂျင်ဟိုဟာ တစ်သက်လုံး ပင်နယ်တီ ၁ကြိမ်ပဲ လွဲခဲ့ဖူးပေမယ့် ဒီရာသီမှာ ၂ကြိမ်မြောက် လွဲချော်ခဲ့တဲ့နောက် ချယ်ဆီးရဲ့ ပင်တိုင်ပင်နယ်တီ ကန်သွင်းမယ့်သူအသစ် ရှာဖွေဖို့ အသင်းနဲ့ ဆွေးနွေး သွားမှာဖြစ်ကြောင်း လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

မန်ဒီဟာ စပါးနဲ့ ကာရာဘောင်းပွဲနောက်ပိုင်း ၄ပွဲဆက် clean sheet ရယူကာ ယုံကြည်လောက်စရာ ဂိုးသမားအဖြစ် သက်သေပြခဲ့သလို ပရိသတ်တွေကတော့ ငါတို့ဂိုးသမား ဘာအမှားလုပ်လိုက်မလဲဆိုပြီး စိုးရိမ်စရာမရှိတော့ပဲ ဖြစ်ပါတယ်။

အိုဒွိုင်းဟာ ခရက်စ်နိုဒါကို ၄-ဝနဲ့ နိုင်ခဲ့တဲ့ပွဲမှာ လူစားလဲခံခဲ့ရတဲ့နောက် ၎င်းရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြပေမယ့် လမ်းပတ်ကတော့ သူ့အတွက် ဘာမှ စိုးရိမ်စရာ မရှိပါဘူး လို့ သတင်းပေးခဲ့ပါတယ်။

နောက်ဆုံး ပင်နယ်တီ၄ကြိမ်မှာ ၂ကြိမ် လွဲချော်ခဲ့တဲ့ ဂျော်ဂျင်ဟိုကို လူစားလဲခဲ့ပြီးနောက် ရခဲ့တဲ့ ဒုတိယပင်နယ်တီကို တီမိုဗာနာက အောင်မြင်စွာ ကန်သွင်းယူခဲ့သလို အသင်းရဲ့ ပင်နယ်တီ ကန်သွင်းသူ အသစ် အဖြစ် သူ့ကို လမ်းပတ်က တာဝန်ပေးနိုင်ဖွယ်ရှိပါတယ်။

Zawgyi – ညက ခရက္စ္ႏိုဒါနဲ႔ပြဲမွာ ေဂ်ာ္ဂ်င္ဟို ပင္နယ္တီ လြဲခဲ့ေပမယ့္ အိုဒြိဳင္း၊ တီမိုဗာနာ၊ ဇီယက္ခ္်၊ ပူလီဆစ္တို႔ရဲ႕ဂိုးေတြနဲ႔ ခ်ယ္ဆီးက ဂိုးျပတ္ ႏိုင္ပြဲရခဲ့သလို ဟာကင္ဇီယက္ခ္်ဟာ ကလပ္အတြက္ ပထမဆုံး ပြဲထြက္မႈမွာ ပထမဆုံး ဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႔ ခ်ိတ္ဆက္မႈ ရွိေနတဲ့ ေဒးဗစ္ အလာဘာဟာ ဘိုင္ယန္နဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ နီးစပ္မႈ မရွိေသးတာနဲ႔အတူ ေနာက္ေႏြရာသီအထိ စာခ်ဳပ္သစ္ သေဘာတူညီမႈ မရခဲ့ရင္ ခ်ယ္ဆီးအတြက္ သူ႔ကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔ အခြင့္အေရးရွိလာမွာပါ။

ဇီယက္ခ္်ဟာ ပထမဆုံး ပြဲခ်ိန္ျပည့္ ကစားခဲ့တဲ့ပြဲမွာ ခ်ယ္ဆီးရဲ႕ တတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူခဲ့တဲ့ေနာက္ သူ႔ အလားအလာကို လမ္းပတ္က စိတ္လႈပ္ရွားေနၿပီး ေနာက္က်ရင္ ဒီထက္ အမ်ားႀကီး ပိုလုပ္ျပလိမ့္ဦးမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယခင္က ေဂ်ာ္ဂ်င္ဟိုဟာ တစ္သက္လုံး ပင္နယ္တီ ၁ႀကိမ္ပဲ လြဲခဲ့ဖူးေပမယ့္ ဒီရာသီမွာ ၂ႀကိမ္ေျမာက္ လြဲေခ်ာ္ခဲ့တဲ့ေနာက္ ခ်ယ္ဆီးရဲ႕ ပင္တိုင္ပင္နယ္တီ ကန္သြင္းမယ့္သူအသစ္ ရွာေဖြဖို႔ အသင္းနဲ႔ ေဆြးေႏြး သြားမွာျဖစ္ေၾကာင္း လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

မန္ဒီဟာ စပါးနဲ႔ ကာရာေဘာင္းပြဲေနာက္ပိုင္း ၄ပြဲဆက္ clean sheet ရယူကာ ယုံၾကည္ေလာက္စရာ ဂိုးသမားအျဖစ္ သက္ေသျပခဲ့သလို ပရိသတ္ေတြကေတာ့ ငါတို႔ဂိုးသမား ဘာအမွားလုပ္လိုက္မလဲဆိုၿပီး စိုးရိမ္စရာမရွိေတာ့ပဲ ျဖစ္ပါတယ္။

အိုဒြိဳင္းဟာ ခရက္စ္ႏိုဒါကို ၄-၀နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ လူစားလဲခံခဲ့ရတဲ့ေနာက္ ၎ရဲ႕ ဒဏ္ရာအေျခအေနနဲ႔ ပတ္သက္လို႔ ပရိသတ္ေတြက ေမးခြန္းထုတ္ခဲ့ၾကေပမယ့္ လမ္းပတ္ကေတာ့ သူ႔အတြက္ ဘာမွ စိုးရိမ္စရာ မရွိပါဘူး လို႔ သတင္းေပးခဲ့ပါတယ္။

ေနာက္ဆုံး ပင္နယ္တီ၄ႀကိမ္မွာ ၂ႀကိမ္ လြဲေခ်ာ္ခဲ့တဲ့ ေဂ်ာ္ဂ်င္ဟိုကို လူစားလဲခဲ့ၿပီးေနာက္ ရခဲ့တဲ့ ဒုတိယပင္နယ္တီကို တီမိုဗာနာက ေအာင္ျမင္စြာ ကန္သြင္းယူခဲ့သလို အသင္းရဲ႕ ပင္နယ္တီ ကန္သြင္းသူ အသစ္ အျဖစ္ သူ႔ကို လမ္းပတ္က တာဝန္ေပးႏိုင္ဖြယ္ရွိပါတယ္။