ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (29/10/20)

အာဆင်နယ်ဟာ နွေရာသီအတွင်း ရစ်နယ်ဆန်ကို အငှားချထားဖို့ အလိုရှိခဲ့ပေမယ့် အသက်၂၀အရွယ် နောက်ခံလူက ကလပ်ကနေ ထွက်ခွာဖို့ကို ငြင်းပယ်ခဲ့ပြီး နေရာရဖို့ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အာတီတာက ပြောပြခဲ့ပါတယ်။

အာတီတာဟာ သူ့ရဲ့ ယူရိုပါလိဂ် လူစာရင်းမှာ ဝီလီယံ ဆလီဘာကို ချန်လှပ်ထားဖို့ ဆုံးဖြတ်ခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဝန်ခံခဲ့ပေမယ့် သူဟာ အသင်း လိုအပ်ချက်အတိုင်း မလုပ်နိုင် ခဲ့တာကြောင့် နေရာမပေးနိုင်ခဲ့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အူဘာမီးယန်းနဲ့ လာကာဇက်တို့ ဂိုးပေါက်ပျောက်နေတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပေမယ့် နည်းပြ အာတီတာကတော့ သူတို့နှစ်ယောက်ကို အပြစ်တင်ဖို့ ငြင်းပယ်ခဲ့ပြီး နိုင်ပွဲရရှိဖို့ တစ်သင်းလုံး ပိုကောင်းအောင် လုပ်ဖို့ လိုအပ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ဝီလီယံဟာ အာဆင်နယ်နဲ့ ပွဲ ဦးထွက်မှာ ဖန်တီးမှု၂ကြိမ် လုပ်ခဲ့ပြီးနောက်ပိုင်းမှာ ခြေစွမ်း မပြနိုင်ခဲ့သလို အာတီတာ ပြောတဲ့အတိုင်း နေရာအသစ်မှာ ကစားရတာကြောင့် စိတ်ပျက်နေခဲ့ပေမယ့် ဒါက အတွေ့အကြုံ သစ်တွေ ရစေခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်နဲ့ ချိတ်ဆက်နေတဲ့ ပဲလေ့စ်ကြယ်ပွင့် ဇာဟာအနေနဲ့ ဒီရာသီမှာ ၁၅ဂိုးကနေ ဂိုး၂၀အထိ သွင်းနိုင်ခဲ့ရင် နောက်နှစ်မှာ ဆဲလ်ဟက်ပက်ခ်ကို စွန့်ခွာတော့မှာဖြစ်ကြောင်း အသင်းဖော် အန်ဒရို တောင်းဆန်က ပြောဆိုခဲ့ပြီး အာဆင်နယ်ကို သတင်းပေးခဲ့ပါတယ်။

ဒေးဗစ်လူးဝစ်ဟာ လက်စတာနဲ့ပွဲမှာ ဘယ်ပေါင်တံ ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရသလို ဒီနေ့ည ယူရိုပါလိဂ်ပွဲမှာလဲ ပါဝင်လာမှာမဟုတ်သလို ယူနိုက်တက်နဲ့ အရေးကြီးပွဲစဉ်မှာ ပါဝင်နိုင်ဖို့အတွက်တော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မူစတာဖီဟာ အာဆင်နယ်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့နောက် အနာဂတ်က မရေမရာဖြစ်နေပေမယ့်လဲ နည်းပြအာတီတာကတော့ ကစားခွင့်ပေးပြီး သူ့အပေါ် ယုံကြည်မှုကို ပြသသွားမှာပါလို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ဟာ ေႏြရာသီအတြင္း ရစ္နယ္ဆန္ကို အငွားခ်ထားဖို႔ အလိုရွိခဲ့ေပမယ့္ အသက္၂၀အ႐ြယ္ ေနာက္ခံလူက ကလပ္ကေန ထြက္ခြာဖို႔ကို ျငင္းပယ္ခဲ့ၿပီး ေနရာရဖို႔ တိုက္ပြဲဝင္ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္တယ္လို႔ အာတီတာက ေျပာျပခဲ့ပါတယ္။

အာတီတာဟာ သူ႔ရဲ႕ ယူ႐ိုပါလိဂ္ လူစာရင္းမွာ ဝီလီယံ ဆလီဘာကို ခ်န္လွပ္ထားဖို႔ ဆုံးျဖတ္ခဲ့ရတဲ့အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း ဝန္ခံခဲ့ေပမယ့္ သူဟာ အသင္း လိုအပ္ခ်က္အတိုင္း မလုပ္ႏိုင္ ခဲ့တာေၾကာင့္ ေနရာမေပးႏိုင္ခဲ့ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အူဘာမီးယန္းနဲ႔ လာကာဇက္တို႔ ဂိုးေပါက္ေပ်ာက္ေနတဲ့အေပၚ ေဝဖန္မႈေတြ ရွိေနေပမယ့္ နည္းျပ အာတီတာကေတာ့ သူတို႔ႏွစ္ေယာက္ကို အျပစ္တင္ဖို႔ ျငင္းပယ္ခဲ့ၿပီး ႏိုင္ပြဲရရွိဖို႔ တစ္သင္းလုံး ပိုေကာင္းေအာင္ လုပ္ဖို႔ လိုအပ္ေၾကာင္း မွတ္ခ်က္ေပးခဲ့ပါတယ္။

ဝီလီယံဟာ အာဆင္နယ္နဲ႔ ပြဲ ဦးထြက္မွာ ဖန္တီးမႈ၂ႀကိမ္ လုပ္ခဲ့ၿပီးေနာက္ပိုင္းမွာ ေျခစြမ္း မျပႏိုင္ခဲ့သလို အာတီတာ ေျပာတဲ့အတိုင္း ေနရာအသစ္မွာ ကစားရတာေၾကာင့္ စိတ္ပ်က္ေနခဲ့ေပမယ့္ ဒါက အေတြ႕အႀကဳံ သစ္ေတြ ရေစခဲ့တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

အာဆင္နယ္နဲ႔ ခ်ိတ္ဆက္ေနတဲ့ ပဲေလ့စ္ၾကယ္ပြင့္ ဇာဟာအေနနဲ႔ ဒီရာသီမွာ ၁၅ဂိုးကေန ဂိုး၂၀အထိ သြင္းႏိုင္ခဲ့ရင္ ေနာက္ႏွစ္မွာ ဆဲလ္ဟက္ပက္ခ္ကို စြန႔္ခြာေတာ့မွာျဖစ္ေၾကာင္း အသင္းေဖာ္ အန္ဒ႐ို ေတာင္းဆန္က ေျပာဆိုခဲ့ၿပီး အာဆင္နယ္ကို သတင္းေပးခဲ့ပါတယ္။

ေဒးဗစ္လူး၀စ္ဟာ လက္စတာနဲ႔ပြဲမွာ ဘယ္ေပါင္တံ ဒဏ္ရာေၾကာင့္ ကြင္းထဲကေန ထြက္ခြာခဲ့ရသလို ဒီေန႔ည ယူ႐ိုပါလိဂ္ပြဲမွာလဲ ပါဝင္လာမွာမဟုတ္သလို ယူႏိုက္တက္နဲ႔ အေရးႀကီးပြဲစဥ္မွာ ပါဝင္ႏိုင္ဖို႔အတြက္ေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

မူစတာဖီဟာ အာဆင္နယ္ရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တဲ့ေနာက္ အနာဂတ္က မေရမရာျဖစ္ေနေပမယ့္လဲ နည္းျပအာတီတာကေတာ့ ကစားခြင့္ေပးၿပီး သူ႔အေပၚ ယုံၾကည္မႈကို ျပသသြားမွာပါလို႔ ေျပာဆိုခဲ့ပါတယ္။