အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ဖီးဖိုဒန်ကို သူ့ရဲ့လူစာရင်းထဲ ပြန်ခေါ်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် ဂရင်းဝုဒ်ကတော့ အားရစရာ ခြေစွမ်းပြသမှု မရှိသေးတာကြောင့် ချက်ချင်းပြန်ခေါ်လို့မရသေးဘူးလို့ ဆိုပါတယ်။
ပရီးမီးယားလိဂ်မှာ ဗန်ဒီဘိခ် ကစားချိန်မရခဲ့တာဟာ ပြောစရာအချက် ဖြစ်နေခဲ့ပေမယ့် ကွင်းလယ်လူအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ လုံးဝအထိုင်ကျသွားတာနဲ့ ကလပ်ရဲ့ အရေးပါတဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ အသင်းဖော် တော်မီနေးက ထောက်ခံ ပြောဆိုခဲ့ပါတယ်။
အန်ဖီးမှာ ကလော့ပ် ဘယ်အချိန်ထိ ဆက်ရှိနေမလဲ ဆိုတဲ့အပေါ် မူတည်ပြီး ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ် ဖလားကို ထပ်မံ အောင်မြင်ဖို့ အနှစ်၂၀လောက် စောင့်ဖို့လိုလိမ့်မယ်လို့ ကလပ် ဂန္တဝင် ရိုင်ယန်ဂစ်က ဆိုပါတယ်။
ဆိုးလ်ရှားအနေနဲ့ ဆုဖလားတွေ အောင်မြင်ဖို့ ကြိုးစားရာမှာ နာမည်ကြီးကစားသမားတွေ ခေါ်ယူဖို့ထက် လီဗာပူးရဲ့ ကလော့ပ်ကိုအတုယူပြီး ဖြည်းဖြည်းချင်း တိုးတက်အောင် အသင်းကို တည်ဆောက်သင့်တယ် လို့လည်း ဂစ်က အကြံပေးခဲ့ပါတယ်။
အေစီမီလန်ကို အငှားချခံခဲ့ရတဲ့ ဒီယေဂို ဒါးလော့ဟာ နောက်အနာဂတ်မှာ ထိပ်တန်းနောက်ခံလူ ဖြစ်လာလိမ့်မယ်လို့ ယူနိုက်တက်က ယုံကြည်တာကြောင့် မီလန်ရဲ့ အပြီးသတ် ဝယ်ယူခွင့် တောင်းဆိုမှုကို ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။
လိုက်ပ်ဇစ်နဲ့ပွဲမှာ ဆိုးလ်ရှားရဲ့ အထူးချီးကျူးမှု ခံခဲ့ရတဲ့ ဖရက်က သူ့အနေနဲ့ ယူနိုက်တက်ရဲ့ လူအင်အားများနေတဲ့ ကွင်းလယ်မှာ နေရာတစ်နေရာ အခိုင်အမာရချင်ရင် ဘောလုံးပေးပို့မှုတွေမှာ ပို တိုးတက်ဖို့ လိုတယ်လို့ ဝန်ခံခဲ့ပါတယ်။
Zawgyi – အဂၤလန္နည္းျပ ေဆာက္ဂိတ္ဟာ ဖီးဖိုဒန္ကို သူ႔ရဲ႕လူစာရင္းထဲ ျပန္ေခၚဖို႔ အဆင္သင့္ျဖစ္ေနေပမယ့္ ဂရင္းဝုဒ္ကေတာ့ အားရစရာ ေျခစြမ္းျပသမႈ မရွိေသးတာေၾကာင့္ ခ်က္ခ်င္းျပန္ေခၚလို႔မရေသးဘူးလို႔ ဆိုပါတယ္။
ပရီးမီးယားလိဂ္မွာ ဗန္ဒီဘိခ္ ကစားခ်ိန္မရခဲ့တာဟာ ေျပာစရာအခ်က္ ျဖစ္ေနခဲ့ေပမယ့္ ကြင္းလယ္လူအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ လုံးဝအထိုင္က်သြားတာနဲ႔ ကလပ္ရဲ႕ အေရးပါတဲ့ ကစားသမား ျဖစ္လာလိမ့္မယ္လို႔ အသင္းေဖာ္ ေတာ္မီေနးက ေထာက္ခံ ေျပာဆိုခဲ့ပါတယ္။
အန္ဖီးမွာ ကေလာ့ပ္ ဘယ္အခ်ိန္ထိ ဆက္ရွိေနမလဲ ဆိုတဲ့အေပၚ မူတည္ၿပီး ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ ဖလားကို ထပ္မံ ေအာင္ျမင္ဖို႔ အႏွစ္၂၀ေလာက္ ေစာင့္ဖို႔လိုလိမ့္မယ္လို႔ ကလပ္ ဂႏၲဝင္ ႐ိုင္ယန္ဂစ္က ဆိုပါတယ္။
ဆိုးလ္ရွားအေနနဲ႔ ဆုဖလားေတြ ေအာင္ျမင္ဖို႔ ႀကိဳးစားရာမွာ နာမည္ႀကီးကစားသမားေတြ ေခၚယူဖို႔ထက္ လီဗာပူးရဲ႕ ကေလာ့ပ္ကိုအတုယူၿပီး ျဖည္းျဖည္းခ်င္း တိုးတက္ေအာင္ အသင္းကို တည္ေဆာက္သင့္တယ္ လို႔လည္း ဂစ္က အႀကံေပးခဲ့ပါတယ္။
ေအစီမီလန္ကို အငွားခ်ခံခဲ့ရတဲ့ ဒီေယဂို ဒါးေလာ့ဟာ ေနာက္အနာဂတ္မွာ ထိပ္တန္းေနာက္ခံလူ ျဖစ္လာလိမ့္မယ္လို႔ ယူႏိုက္တက္က ယုံၾကည္တာေၾကာင့္ မီလန္ရဲ႕ အၿပီးသတ္ ဝယ္ယူခြင့္ ေတာင္းဆိုမႈကို ျငင္းပယ္ခဲ့တယ္လို႔သိရပါတယ္။
လိုက္ပ္ဇစ္နဲ႔ပြဲမွာ ဆိုးလ္ရွားရဲ႕ အထူးခ်ီးက်ဴးမႈ ခံခဲ့ရတဲ့ ဖရက္က သူ႔အေနနဲ႔ ယူႏိုက္တက္ရဲ႕ လူအင္အားမ်ားေနတဲ့ ကြင္းလယ္မွာ ေနရာတစ္ေနရာ အခိုင္အမာရခ်င္ရင္ ေဘာလုံးေပးပို႔မႈေတြမွာ ပို တိုးတက္ဖို႔ လိုတယ္လို႔ ဝန္ခံခဲ့ပါတယ္။