ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (30/10/20)

ပူလီဆစ်ဟာ သင်ယူစရာ အများကြီး ရှိသေးတယ်လို့ လမ်းပတ်က ပြောခဲ့ကြောင်း ဆဲလ်ဘက်နည်းပြက ပြန်ပြောခဲ့ပေမယ့် လမ်းပတ်ကတော့ သူဟာ ပူလီဆစ်ရဲ့ တိုးတက်လာမယ့် အလားအလာကို စိတ်လှုပ်ရှားကြောင်း ပြောခဲ့တာပါလို့ ရှင်းပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေ အများစုဟာ တစ်ပွဲကို ကစားသမား ၅ယောက် လူစားလဲနိုင်တဲ့ စည်းမျဉ်းကို ဆန့်ကျင်နေကြပေမယ့် လမ်းပတ်ကတော့ ပွဲကြပ်ကာလမှာ ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေ များလာမှာ ကို တားဆီးသင့်တယ် လို့ ထောက်ခံခဲ့ပါတယ်။

ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်နေပြီး သက်တမ်းတိုးဖို့ အခြေအနေ မရှိတဲ့ ဒေးဗစ်အလာဘာဟာ နောက်နွေရာသီမှာ ဖရီးအေးဂျင့် ဖြစ်တော့မှာဖြစ်ပြီး ချယ်ဆီးအနေနဲ့ သူ့ကိုခေါ်ယူဖို့ ဇန်နဝါရီမှာ အကြိုစာချုပ် သဘောတူညီမှု ယူနိုင်ပါတယ်။

လမ်းပတ်ဟာ ခရက်စ်နိုဒါနဲ့ပွဲမှာ ၄-၂-၃-၁ ပုံစံကနေ ၄-၃-၃ ပုံစံကို ပြောင်းလဲခဲ့သလို သူ့အနေနဲ့ ဗျူဟာအမျိုးမျိုး ပြောင်းလဲနေတာက ကစားသမားအားလုံးရဲ့ အကောင်းဆုံးပုံစံ ရရှိနိုင်မယ့် အနေအထားကို ရှာဖွေနေတာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

မနှစ်က ဘင်ချီဝဲဟာ ကွင်းတွင်းမှာ အောင်မြင်မှုရခဲ့ပေမယ့် ကွင်းပြင်ပ နေ့စဉ်ဘဝမှာ ပြဿနာတွေရှိခဲ့ပြီး ယုံကြည်မှု ပျောက်ဆုံးနေခဲ့တာကြောင့် သူ့အခက်အခဲတွေကို တစ်ယောက်ယောက်ကို ဖွင့်ပြောခဲ့ပြီး အကူအညီ ရှာဖွေခဲ့ရတယ်လို့ ပြန်ပြောပြခဲ့ပါတယ်။

လမ်းပတ်ဟာ ချယ်ဆီးရဲ့ ပင်နယ်တီ ကန်သွင်းမယ့်သူ အကြောင်း ကစားသမားတွေနဲ့ ဆွေးနွေးဖို့အခွင့်အရေးမရခဲ့ပေမယ့် ဘန်လေနဲ့ပွဲမတိုင်ခင် ဒါကို အဖြေရှာသွားမှာဖြစ်ပြီး ဂျော်ဂျင်ဟိုရော ဗာနာကိုပါ ယုံကြည်မှု ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ခရက်စ်နိုဒါနဲ့ပွဲမှာ ဟာကင်ဇီယက်ခ်ျရဲ့ စွမ်းဆောင်ရည်ကို လမ်းပတ်က ချီးကျူးခဲ့သလို သူဟာ ချယ်ဆီးအသင်း အတွက် အရည်အသွေးနဲ့ တည်ငြိမ်မှုတွေကို ယူဆောင်လာပေးခဲ့တာဖြစ်ပြီး ဂိုးရဖို့ ထိုက်တန် ခဲ့တယ် လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ပူလီဆစ္ဟာ သင္ယူစရာ အမ်ားႀကီး ရွိေသးတယ္လို႔ လမ္းပတ္က ေျပာခဲ့ေၾကာင္း ဆဲလ္ဘက္နည္းျပက ျပန္ေျပာခဲ့ေပမယ့္ လမ္းပတ္ကေတာ့ သူဟာ ပူလီဆစ္ရဲ႕ တိုးတက္လာမယ့္ အလားအလာကို စိတ္လႈပ္ရွားေၾကာင္း ေျပာခဲ့တာပါလို႔ ရွင္းျပခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြ အမ်ားစုဟာ တစ္ပြဲကို ကစားသမား ၅ေယာက္ လူစားလဲႏိုင္တဲ့ စည္းမ်ဥ္းကို ဆန႔္က်င္ေနၾကေပမယ့္ လမ္းပတ္ကေတာ့ ပြဲၾကပ္ကာလမွာ ကစားသမားေတြရဲ႕ ဒဏ္ရာျပႆနာေတြ မ်ားလာမွာ ကို တားဆီးသင့္တယ္ လို႔ ေထာက္ခံခဲ့ပါတယ္။

ဘိုင္ယန္နဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ကို ေရာက္ေနၿပီး သက္တမ္းတိုးဖို႔ အေျခအေန မရွိတဲ့ ေဒးဗစ္အလာဘာဟာ ေနာက္ေႏြရာသီမွာ ဖရီးေအးဂ်င့္ ျဖစ္ေတာ့မွာျဖစ္ၿပီး ခ်ယ္ဆီးအေနနဲ႔ သူ႔ကိုေခၚယူဖို႔ ဇန္နဝါရီမွာ အႀကိဳစာခ်ဳပ္ သေဘာတူညီမႈ ယူႏိုင္ပါတယ္။

လမ္းပတ္ဟာ ခရက္စ္ႏိုဒါနဲ႔ပြဲမွာ ၄-၂-၃-၁ ပုံစံကေန ၄-၃-၃ ပုံစံကို ေျပာင္းလဲခဲ့သလို သူ႔အေနနဲ႔ ဗ်ဴဟာအမ်ိဳးမ်ိဳး ေျပာင္းလဲေနတာက ကစားသမားအားလုံးရဲ႕ အေကာင္းဆုံးပုံစံ ရရွိႏိုင္မယ့္ အေနအထားကို ရွာေဖြေနတာ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

မႏွစ္က ဘင္ခ်ီဝဲဟာ ကြင္းတြင္းမွာ ေအာင္ျမင္မႈရခဲ့ေပမယ့္ ကြင္းျပင္ပ ေန႔စဥ္ဘဝမွာ ျပႆနာေတြရွိခဲ့ၿပီး ယုံၾကည္မႈ ေပ်ာက္ဆုံးေနခဲ့တာေၾကာင့္ သူ႔အခက္အခဲေတြကို တစ္ေယာက္ေယာက္ကို ဖြင့္ေျပာခဲ့ၿပီး အကူအညီ ရွာေဖြခဲ့ရတယ္လို႔ ျပန္ေျပာျပခဲ့ပါတယ္။

လမ္းပတ္ဟာ ခ်ယ္ဆီးရဲ႕ ပင္နယ္တီ ကန္သြင္းမယ့္သူ အေၾကာင္း ကစားသမားေတြနဲ႔ ေဆြးေႏြးဖို႔အခြင့္အေရးမရခဲ့ေပမယ့္ ဘန္ေလနဲ႔ပြဲမတိုင္ခင္ ဒါကို အေျဖရွာသြားမွာျဖစ္ၿပီး ေဂ်ာ္ဂ်င္ဟိုေရာ ဗာနာကိုပါ ယုံၾကည္မႈ ရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ခရက္စ္ႏိုဒါနဲ႔ပြဲမွာ ဟာကင္ဇီယက္ခ္်ရဲ႕ စြမ္းေဆာင္ရည္ကို လမ္းပတ္က ခ်ီးက်ဴးခဲ့သလို သူဟာ ခ်ယ္ဆီးအသင္း အတြက္ အရည္အေသြးနဲ႔ တည္ၿငိမ္မႈေတြကို ယူေဆာင္လာေပးခဲ့တာျဖစ္ၿပီး ဂိုးရဖို႔ ထိုက္တန္ ခဲ့တယ္ လို႔ ေျပာဆိုခဲ့ပါတယ္။