ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (30/10/20)

အာဆင်နယ်ဟာ ညက ယူရိုပါလိဂ်ပွဲမှာ လူစာရင်းကို ၁၁နေရာ အပြောင်းအလဲလုပ်ခဲ့ပြီး အန်ကီတီရာ၊ ဂျိုးဝေလာ့ခ်၊ နီကိုးလပ်ပီပီတို့ရဲ့ သွင်းဂိုးတွေနဲ့ ဒန်းဒေါ့ခ် ကို အနိုင်ရခဲ့ပြီး အသင်း အရန် ကစားသမားတွေရဲ့ အားထုတ်မှုအတွက် အာတီတာက ကျေနပ်နေခဲ့ပါတယ်။

နီကိုးလပ်ပီပီဟာ ပိုပြီးတည်ငြိမ်မှု ရှိဖို့ လိုတယ်ဆိုတာကို အာဆင်နယ် နည်းပြ အာတီတာက သိထားပေမယ့် တောင်ပံကစားသမားရဲ့ စိတ်ဓာတ်အပေါ် မေးခွန်းမထုတ်ဘဲ ကူညီလမ်းပြ ပေးသွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဝီလီယံဟာ အာဆင်နယ်မှာ ပထမဆုံးဂိုး သွင်းယူနိုင်ဖို့ ရှာဖွေနေရဆဲဖြစ်သလို အရင်က အာတီတာလို အတွေးရှိတဲ့ နည်းပြနဲ့ အလုပ်မလုပ်ခဲ့ဖူးပေမယ့် အခု သူ့ရဲ့နည်းစနစ်နဲ့ အံဝင်အောင်ကြိုးစားနေပြီး သူ့ဆီကအများကြီးသင်ယူနေတယ်လို့ ဝန်ခံခဲ့ပါတယ်။

ရက်ဘူးဆဲလ်ဘက် တိုက်စစ်ကစားသမား ပတ်ဆန်ဒါကာကို အဂွယ်ရိုရဲ့ ရေရှည်အစားထိုးစရာအဖြစ် နောက်နွေရာသီမှာ ခေါ်ယူဖို့ မန်စီးတီးက အလိုရှိနေပေမယ့် အာဆင်နယ်ကလဲ စိတ်ဝင်စားနေတာကြောင့် အပြိုင်ကြိုးစားရဖို့ ရှိနေပါတယ်။

အယ်ဖွန်ဆိုဒေးဗီးဟာ မေဂျာလိဂ်မှာ ကစားခဲ့စဉ်က အာဆင်နယ်က သူ့ကို ခေါ်ယူဖို့ စဉ်းစားခဲ့ဖူးပေမယ့် နောက်ဆုံးမှာ ဘိုင်ယန်က အနိုင်ရခဲ့တာဖြစ်ပြီး အခုတော့ ဆယ်ကျော်သက် ကစားသမားဟာ ဂျာမနီနဲ့ဥရောပမှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရနေတာပါ။

ဖိုလာရင် ဘာလိုဂန်ဟာ ဒန်းဒေါ့ခ်ကို ၃-ဝနဲ့နိုင်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ အာဆင်နယ်အတွက် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရခဲ့တဲ့အတွက် ပျော်ရွှင်နေပြီး သူဟာ အသင်းကြီးကို ကိုယ်စားပြုခွင့်ရတဲ့ ၈၇၆ ယောက် မြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။

ပီပီအနေနဲ့ ခြေစွမ်းတည်ငြိမ်မှု ထိန်းသိမ်းဖို့လိုအပ်ကြောင်း မာတင်ကီယွန်က တိုက်တွန်းခဲ့ပြီး အိုဇေးရဲ့အဖြစ်ကိုနမူနာယူဖို့နဲ့၊ အာတီတာက ကစားသမားတွေကို ဖြုတ်ချဖို့ ဝန်မလေးဘူးဆိုတာကို မမေ့ဖို့သတိပေးစကားဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ လက်စတာကို ရှုံးခဲ့တာကို ဒန်းဒေါ့ခ်နဲ့ပွဲမှာ တုံ့ပြန်နိုင်ခဲ့တဲ့အတွက် အာတီတာက ကျေနပ်နေပေမယ့် ကစားသမားတွေအနေနဲ့ အနားယူမနေပဲ ယူနိုက်တက်နဲ့ပွဲမှာလဲ အောင်ပွဲစိတ်ဓာတ်ကို ဆက်လက်ပြသဖို့ တိုက်တွန်းခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ဟာ ညက ယူ႐ိုပါလိဂ္ပြဲမွာ လူစာရင္းကို ၁၁ေနရာ အေျပာင္းအလဲလုပ္ခဲ့ၿပီး အန္ကီတီရာ၊ ဂ်ိဳးေဝလာ့ခ္၊ နီကိုးလပ္ပီပီတို႔ရဲ႕ သြင္းဂိုးေတြနဲ႔ ဒန္းေဒါ့ခ္ ကို အႏိုင္ရခဲ့ျပီး အသင္း အရန္ ကစားသမားေတြရဲ႕ အားထုတ္မႈအတြက္ အာတီတာက ေက်နပ္ေနခဲ့ပါတယ္။

နီကိုးလပ္ပီပီဟာ ပိုၿပီးတည္ၿငိမ္မႈ ရွိဖို႔ လိုတယ္ဆိုတာကို အာဆင္နယ္ နည္းျပ အာတီတာက သိထားေပမယ့္ ေတာင္ပံကစားသမားရဲ႕ စိတ္ဓာတ္အေပၚ ေမးခြန္းမထုတ္ဘဲ ကူညီလမ္းျပ ေပးသြားမွာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ဝီလီယံဟာ အာဆင္နယ္မွာ ပထမဆုံးဂိုး သြင္းယူႏိုင္ဖို႔ ရွာေဖြေနရဆဲျဖစ္သလို အရင္က အာတီတာလို အေတြးရွိတဲ့ နည္းျပနဲ႔ အလုပ္မလုပ္ခဲ့ဖူးေပမယ့္ အခု သူ႔ရဲ႕နည္းစနစ္နဲ႔ အံဝင္ေအာင္ႀကိဳးစားေနၿပီး သူ႔ဆီကအမ်ားႀကီးသင္ယူေနတယ္လို႔ ဝန္ခံခဲ့ပါတယ္။

ရက္ဘူးဆဲလ္ဘက္ တိုက္စစ္ကစားသမား ပတ္ဆန္ဒါကာကို အဂြယ္ရိုရဲ႕ ေရရွည္အစားထိုးစရာအျဖစ္ ေနာက္ေႏြရာသီမွာ ေခၚယူဖို႔ မန္စီးတီးက အလိုရွိေနေပမယ့္ အာဆင္နယ္ကလဲ စိတ္ဝင္စားေနတာေၾကာင့္ အၿပိဳင္ႀကိဳးစားရဖို႔ ရွိေနပါတယ္။

အယ္ဖြန္ဆိုေဒးဗီးဟာ ေမဂ်ာလိဂ္မွာ ကစားခဲ့စဥ္က အာဆင္နယ္က သူ႔ကို ေခၚယူဖို႔ စဥ္းစားခဲ့ဖူးေပမယ့္ ေနာက္ဆုံးမွာ ဘိုင္ယန္က အႏိုင္ရခဲ့တာျဖစ္ၿပီး အခုေတာ့ ဆယ္ေက်ာ္သက္ ကစားသမားဟာ ဂ်ာမနီနဲ႔ဥေရာပမွာ ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ရေနတာပါ။

ဖိုလာရင္ ဘာလိုဂန္ဟာ ဒန္းေဒါ့ခ္ကို ၃-၀နဲ႔ႏိုင္ခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲမွာ အာဆင္နယ္အတြက္ ပထမဆုံးအႀကိမ္ ပြဲထြက္ခြင့္ရခဲ့တဲ့အတြက္ ေပ်ာ္႐ႊင္ေနၿပီး သူဟာ အသင္းႀကီးကို ကိုယ္စားျပဳခြင့္ရတဲ့ ၈၇၆ ေယာက္ ေျမာက္ ကစားသမားျဖစ္လာခဲ့ပါတယ္။

ပီပီအေနနဲ႔ ေျခစြမ္းတည္ၿငိမ္မႈ ထိန္းသိမ္းဖို႔လိုအပ္ေၾကာင္း မာတင္ကီယြန္က တိုက္တြန္းခဲ့ၿပီး အိုေဇးရဲ႕အျဖစ္ကိုနမူနာယူဖို႔နဲ႔၊ အာတီတာက ကစားသမားေတြကို ျဖဳတ္ခ်ဖို႔ ဝန္မေလးဘူးဆိုတာကို မေမ့ဖို႔သတိေပးစကားဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ လက္စတာကို ရႈံးခဲ့တာကို ဒန္းေဒါ့ခ္နဲ႔ပြဲမွာ တုံ႔ျပန္ႏိုင္ခဲ့တဲ့အတြက္ အာတီတာက ေက်နပ္ေနေပမယ့္ ကစားသမားေတြအေနနဲ႔ အနားယူမေနပဲ ယူႏိုက္တက္နဲ႔ပြဲမွာလဲ ေအာင္ပြဲစိတ္ဓာတ္ကို ဆက္လက္ျပသဖို႔ တိုက္တြန္းခဲ့ပါတယ္။