မန်ယူနိုက်တက် Vs အာဆင်နယ်ပွဲ အတွက် လော်ရိုးနဲ့ မိုက်ကယ်အိုဝင် တို့ရဲ့ သုံးသပ်ခန့်မှန်းချက်များ

ကြားရက်မှာ ဥရောပပွဲ နိုင်ပွဲ ကိုယ်စီ ရထားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းရဲ့ ပွဲချိန်ကတော့ နိုဝင်ဘာ ၁ ရက် (တနင်္ဂနွေနေ့) ည ၁၁ နာရီ မှာပါ။

အသင်းကြီး နှစ်သင်း ထိပ်တိုက်တွေ့တဲ့ ဒီပွဲကောင်း အတွက် နာမည်ကျော် သုံးသပ်သူတွေ ဖြစ်တဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်နဲ့ ဘီဘီစီမှ လော်ရိုးတို့ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်များကို စုစည်း တင်ဆက်ပေးလိုက်ပါတယ်။

အိုဝင်က – ” ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေပတဲ့ ပွဲဟာ အမြဲတမ်းဘဲ ပွဲမတိုင်ခင် မီဒီယာတွေရဲ့ စိတ်ဝင်စားမှုကို ခံရလေ့ရှိပါတယ်။ အာဆင်နယ်ရဲ့ အစောပိုင်း ရလဒ်ကောင်းမှုတွေက လက်တလော ရလဒ်ပိုင်းတွေမှာ ထိခိုက်မှုတွေ ရှိလာနေတယ်။ အာဆင်နယ်ဟာ ထပ်မံပြီး ပုံစံကောင်းတွေကို ပြန်လည်ပြသလိုစိတ် ရှိနေပါလိမ့်မယ်။

ယူနိုက်တက်ကလည်း ရလဒ်တွေကောင်းနေပြီး ဥရောပပြိုင်ပွဲမှာ ထွက်ပေါ်ခဲ့တဲ့ ရလဒ်ကောင်းတွေက အိုထရတ်ဖိုဒ့်မှာ သူတို့ရဲ့ ယုံကြည်မှု အဆင့်ကို မြင့်တင်ပေးနေပါလိမ့်မယ်။ မားကပ်ရပ်ဖိုဒ့်က တကယ်ကို တောင်ပနေပြီး ယူနိုက်တက်ရဲ့ အန္တရာယ်အကြီးဆုံး ကစားသမား ဖြစ်နေမှာပါ။ သို့ပေမယ့်လည်း အာဆင်နယ်က အကောင်းဆုံး လုပ်နိုင်မယ်ဆိုရင်တော့ ဒီပွဲကနေ သူတို့တွေက သရေတစ်မှတ်ကို ရယူသွားနိုင်ပါလိမ့်မယ်။ ” လို့ ဆိုပါတယ်။

လော်ရိုးကတော့ – ” အာဆင်နယ်ဘက်မှာ ခံစစ်မှူး ဒေးဗစ်လူးဝစ်က ဒဏ်ရာကြောင့် မပါနိုင်ပါဘူး။ ဂန်းနား နည်းပြ အာတီတာ အနေနဲ့ ဘရာဇီးသား မပါဘဲ သူ့ရဲ့ ခံစစ် သုံးယောက်တန်းကို ဆက် သုံးမလားတော့ ကျနော် မသေချာဘူး။ အာတီတာရဲ့ အသင်းက ပြီးခဲ့တဲ့ လိဂ်ပွဲ လေးပွဲမှာ ၃ ပွဲ ရှံးထားပတါယ်။ ဒါပေမယ့် အဲဒီပွဲတွေမှာ သူတို့ တိုက်စစ်က အရှိန်သေနေခဲ့တာတော့ ရှိပါတယ်။

ယူနိုက်တက်က ပြီးခဲ့တဲ့ ချယ်ဆီးနဲ့ ပွဲမှာ အခွင့်ရေးတွေ အများကြီး မဖန်တီးနိုင်ဘူး ဆိုပေမယ့် ကျနော်ကတော့ ဒီပွဲမှာ ယူနိုက်တက် ဘက်က ရှိချင်ပါတယ်။ လိုက်ပ်ဇစ်ကို ငါးဂိုးပြတ် နိုင်လိုက်တာက သူတို့ အတွက် သိပ်ကောင်းတဲ့ နိုင်ပွဲပါ။ လူစားဝင်လာတဲ့ မားကပ် ရက်ဖို့ဒ်ရဲ့ ခြေစွမ်းကလည်း တောက်ပခဲ့ပြီး ပထမပိုင်းမှာတော့ ယူနိုက်တက်က သိပ် အများကြီး မလုပ်ပြခဲ့ပါဘူး။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် က မန်ချက်စတာ ယူနိုက်တက် 2-0 အာဆင်နယ် ဖြစ်ပါတယ်။

Zawgyi – ၾကားရက္မွာ ဥေရာပပြဲ နုိင္ပြဲ ကိုယ္စီ ရထားတဲ့ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ အာဆင္နယ္ အသင္းတို႔ဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ ထိပ္တိုက္ ရင္ဆိုင္ရဖို႕ ရွိေနပါတယ္။ ဒီနွစ္သင္းရဲ႕ ပြဲခ်ိန္ကေတာ့ နို၀င္ဘာ ၁ ရက္ (တနဂၤေႏြေန႔) ည ၁၁ နာရီ မွာပါ။

အသင္းၾကီး နွစ္သင္း ထိပ္တိုက္ေတြ႔တဲ့ ဒီပြဲေကာင္း အတြက္ နာမည္ေက်ာ္ သံုးသပ္သူေတြ ျဖစ္တဲ့ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္နဲ႕ ဘီဘီစီမွ ေလာ္ရိုးတို႔ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္မ်ားကို စုစည္း တင္ဆက္ေပးလိုက္ပါတယ္။

အို၀င္က – ” ယူႏိုက္တက္နဲ႔ အာဆင္နယ္တို႔ ထိပ္တိုက္ေတြပတဲ့ ပြဲဟာ အျမဲတမ္းဘဲ ပြဲမတိုင္ခင္ မီဒီယာေတြရဲ႕ စိတ္ဝင္စားမႈကို ခံရေလ့ရွိပါတယ္။ အာဆင္နယ္ရဲ႕ အေစာပိုင္း ရလဒ္ေကာင္းမႈေတြက လက္တေလာ ရလဒ္ပိုင္းေတြမွာ ထိခိုက္မႈေတြ ရွိလာေနတယ္။ အာဆင္နယ္ဟာ ထပ္မံျပီး ပံုစံေကာင္းေတြကို ျပန္လည္ျပသလိုစိတ္ ရွိေနပါလိမ့္မယ္။

ယူႏုိက္တက္ကလည္း ရလဒ္ေတြေကာင္းေနျပီး ဥေရာပျပိဳင္ပြဲမွာ ထြက္ေပၚခဲ့တဲ့ ရလဒ္ေကာင္းေတြက အိုထရတ္ဖိုဒ့္မွာ သူတို႔ရဲ႕ ယံုၾကည္မႈ အဆင့္ကို ျမင့္တင္ေပးေနပါလိမ့္မယ္။ မားကပ္ရပ္ဖိုဒ့္က တကယ္ကို ေတာင္ပေနျပီး ယူႏိုက္တက္ရဲ႕ အႏၱရာယ္အၾကီးဆံုး ကစားသမား ျဖစ္ေနမွာပါ။ သို႔ေပမယ့္လည္း အာဆင္နယ္က အေကာင္းဆံုး လုပ္ႏုိင္မယ္ဆိုရင္ေတာ့ ဒီပြဲကေန သူတို႔ေတြက သေရတစ္မွတ္ကို ရယူသြားႏုိင္ပါလိမ့္မယ္။ ” လို႔ ဆိုပါတယ္။

ေလာ္ရိုးကေတာ့ – ” အာဆင္နယ္ဘက္မွာ ခံစစ္မွဴး ေဒးဗစ္လူး၀စ္က ဒဏ္ရာေၾကာင့္ မပါနုိင္ပါဘူး။ ဂန္းနား နည္းျပ အာတီတာ အေနနဲ႕ ဘရာဇီးသား မပါဘဲ သူ႔ရဲ႕ ခံစစ္ သံုးေယာက္တန္းကို ဆက္ သံုးမလားေတာ့ က်ေနာ္ မေသခ်ာဘူး။ အာတီတာရဲ႕ အသင္းက ျပီးခဲ့တဲ့ လိဂ္ပြဲ ေလးပြဲမွာ ၃ ပြဲ ရွံးထားပတါယ္။ ဒါေပမယ့္ အဲဒီပြဲေတြမွာ သူတို႔ တိုက္စစ္က အရွိန္ေသေနခဲ့တာေတာ့ ရွိပါတယ္။

ယူနိုက္တက္က ျပီးခဲ့တဲ့ ခ်ယ္ဆီးနဲ႕ ပြဲမွာ အခြင့္ေရးေတြ အမ်ားၾကီး မဖန္တီးနုိင္ဘူး ဆိုေပမယ့္ က်ေနာ္ကေတာ့ ဒီပြဲမွာ ယူနိုက္တက္ ဘက္က ရွိခ်င္ပါတယ္။ လိုက္ပ္ဇစ္ကို ငါးဂိုးျပတ္ နုိင္လိုက္တာက သူတုိ႔ အတြက္ သိပ္ေကာင္းတဲ့ နုိင္ပြဲပါ။ လူစား၀င္လာတဲ့ မားကပ္ ရက္ဖို႔ဒ္ရဲ႕ ေျခစြမ္းကလည္း ေတာက္ပခဲ့ျပီး ပထမပိုင္းမွာေတာ့ ယူနိုက္တက္က သိပ္ အမ်ားၾကီး မလုပ္ျပခဲ့ပါဘူး။ ” လို႔ သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ က မန္ခ်က္စတာ ယူနိုက္တက္ 2-0 အာဆင္နယ္ ျဖစ္ပါတယ္။