ဘန်လေ Vs ချယ်ဆီး ပွဲ အတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီး အသင်းဟာ ကြားရက် ချန်ပီယံလိဂ် ပွဲ ရုရှားမှာ ဂိုးပြတ် နိုင်ပွဲ ယူလာပြီးနောက် ဒီစနေ ပရီးမီးယားလိဂ်မှာတော့ ဘန်လေ အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ဘန်လေနဲ့ ချယ်ဆီးတို့ဟာ မနက်ဖြန် အောက်တိုဘာ ၃၁ ရက် (စနေနေ့) ည ၉း၃၀ နာရီ မှာ ယှဉ်ပြိုင် ကြမှာပါ။

ဒီနှစ်သင်း ပွဲစဉ် အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက – ” ဘန်လေကလည်း ပထမဆုံး နိုင်ပွဲ ရဖို့ စောင့်ဆိုင်းနေရဆဲ အသင်း ဖြစ်ပြီး သူတို့ကတော့ ပိုကောင်းလာတာ မမြင်ရသေးပါဘူး။ တနင်္လာနေ့က စပါးနဲ့ ပွဲမှာ အခွင့်ကော်ငး တချို့ ဖန်တီးနိုင်ခဲ့ပေမယ့် ကံမကောင်းစွာပဲ ရှုံးခဲ့ရပြန်ပါတယ်။ ဆမ်ဒိုက် ကတော့ သူ့အသင်းက အတူတူ ပိုပြီးကောင်းလာနေတယ် လို့ ဆိုပါတယ်။

ကျနော်လည်း ဘန်လေက ဒီပွဲကနေတော့ ရမှတ် တစ်ခုခု ယူသွားမယ်လို့ ထင်နေပါတယ်။ လောလောဆယ် ချယ်ဆီးအသင်းကို ကျနော်တော့ အပြည့်အ၀ ကျေနပ်အားရတာ မရှိသေးဘူး။ နည်းပြ လမ်းပတ်က အခုထိ သူ တကိုယ်ရည် သဘောကျမှု အပေါ် ဗျူဟာခင်း ပြောင်းလဲနေတုန်း ရှိပါသေးတယ်။ ပြီးခဲ့တဲ့ အပတ်က အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ကောင်းစွာ ယှဉ်နိုင်ခဲ့တယ် ဆိုပေမယ့် အဲဒီပွဲမှာ ဂိုးရဖို့ကို အားထုတ်ခဲ့တာ မမြင်ခဲ့ရပြန်ပါဘူး။

ဆန့်ကျင်ဘက် အနေနဲ့တော့ ချယ်ဆီး ခံစစ်တန်းမှာ သီယေဂို ဆေးဗားက အသားကျနေပြီး ပို ကောင်းလာနေပါတယ်။ လမ်းပတ် အနေနဲ့ သူနဲ့ ဘယ်သူ့ကို တွဲ ကစားခိုင်းရမလဲသာ စဉ်းစားရမှာပါ။ ဒီပွဲက ဘန်လေကို ဆေးဗား တစ်ယောက် ပထမဆုံး ရင်ဆိုင်ဖူးတာ ဖြစ်ပြီး ဒီအသင်း ဘယ်လိုလဲ ဆိုတာ ကြို အသိပေးထားတာတွေတော့ ရှိမှာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ချယ်ဆီးက အဝတ်လဲခန်းထဲမှာ ဆေးဗား အတွက် ဟဲလ်မက် တစ်လုံး သွားဆွဲပေးထားသင့်ပြီ ထင်ပါတယ်။ ပြီးတော့ ဘာလို့ ဒါကို ပေးထားလဲ စနေနေ့ကျ သိရလိမ့်မယ်လို့သာ မှာထားလိုက်ပါ။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ် ကတော့ ဘန်လေ 1-1 ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး အသင္းဟာ ၾကားရက္ ခ်န္ပီယံလိဂ္ ပြဲ ရုရွားမွာ ဂိုးျပတ္ နုိင္ပြဲ ယူလာျပီးေနာက္ ဒီစေန ပရီးမီးယားလိဂ္မွာေတာ့ ဘန္ေလ အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။ ဘန္ေလနဲ႕ ခ်ယ္ဆီးတို႕ဟာ မနက္ျဖန္ ေအာက္တိုဘာ ၃၁ ရက္ (စေနေန႔) ည ၉း၃၀ နာရီ မွာ ယွဥ္ျပိဳင္ ၾကမွာပါ။

ဒီနွစ္သင္း ပြဲစဥ္ အတြက္ ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

ေလာ္ရိုးက – ” ဘန္ေလကလည္း ပထမဆံုး နုိင္ပြဲ ရဖို႔ ေစာင့္ဆိုင္းေနရဆဲ အသင္း ျဖစ္ျပီး သူတို႔ကေတာ့ ပိုေကာင္းလာတာ မျမင္ရေသးပါဘူး။ တနလၤာေန႔က စပါးနဲ႕ ပြဲမွာ အခြင့္ေကာ္ငး တခ်ို႔ ဖန္တီးနုိင္ခဲ့ေပမယ့္ ကံမေကာင္းစြာပဲ ရွံဳးခဲ့ရျပန္ပါတယ္။ ဆမ္ဒိုက္ ကေတာ့ သူ႔အသင္းက အတူတူ ပိုျပီးေကာင္းလာေနတယ္ လို႔ ဆိုပါတယ္။

က်ေနာ္လည္း ဘန္ေလက ဒီပြဲကေနေတာ့ ရမွတ္ တစ္ခုခု ယူသြားမယ္လို႔ ထင္ေနပါတယ္။ ေလာေလာဆယ္ ခ်ယ္ဆီးအသင္းကို က်ေနာ္ေတာ့ အျပည့္အ၀ ေက်နပ္အားရတာ မရွိေသးဘူး။ နည္းျပ လမ္းပတ္က အခုထိ သူ တကုိယ္ရည္ သေဘာက်မႈ အေပၚ ဗ်ဴဟာခင္း ေျပာင္းလဲေနတုန္း ရွိပါေသးတယ္။ ျပီးခဲ့တဲ့ အပတ္က အိုးထရက္ဖို႔ဒ္မွာ မန္ခ်က္စတာ ယူနိုက္တက္ကို ေကာင္းစြာ ယွဥ္နိုင္ခဲ့တယ္ ဆိုေပမယ့္ အဲဒီပြဲမွာ ဂိုးရဖို႔ကို အားထုတ္ခဲ့တာ မျမင္ခဲ့ရျပန္ပါဘူး။

ဆန္႔က်င္ဘက္ အေနနဲ႕ေတာ့ ခ်ယ္ဆီး ခံစစ္တန္းမွာ သီေယဂို ေဆးဗားက အသားက်ေနျပီး ပို ေကာင္းလာေနပါတယ္။ လမ္းပတ္ အေနနဲ႕ သူနဲ႕ ဘယ္သူ႔ကို တြဲ ကစားခိုင္းရမလဲသာ စဥ္းစားရမွာပါ။ ဒီပြဲက ဘန္ေလကို ေဆးဗား တစ္ေယာက္ ပထမဆံုး ရင္ဆိုင္ဖူးတာ ျဖစ္ျပီး ဒီအသင္း ဘယ္လိုလဲ ဆိုတာ ၾကိဳ အသိေပးထားတာေတြေတာ့ ရွိမွာပါ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ခ်ယ္ဆီးက အ၀တ္လဲခန္းထဲမွာ ေဆးဗား အတြက္ ဟဲလ္မက္ တစ္လံုး သြားဆြဲေပးထားသင့္ျပီ ထင္ပါတယ္။ ျပီးေတာ့ ဘာလို႔ ဒါကို ေပးထားလဲ စေနေန႔က် သိရလိမ့္မယ္လို႔သာ မွာထားလိုက္ပါ။ ” လို႔ သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ ကေတာ့ ဘန္ေလ 1-1 ခ်ယ္ဆီး ျဖစ္ပါတယ္။