ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (30/10/20)

ယူနိုက်တက် ကွင်းလယ် ကစားသမား ပေါ့ဘာဟာ စွယ်စုံရ ကစားသမား တစ်ဦး ဖြစ်ပြီး ဘာမဆို လုပ်နိုင်တဲ့ အရည်အချင်းရှိကာ အကောင်းဆုံးပုံစံတွေ မကြာခင် ပြန်ရလာမယ် လို့ ယုံကြည်ကြောင်း နည်းပြ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ဒီတစ်ပတ် အိုးထရက်ဖို့ဒ်မှာ အာဆင်နယ်ကို ဧည့်ခံကစားမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ ဂန်းနားတွေကို အိမ်ကွင်းမှာ စက်တင်ဘာ ၂၀၀၆ နောက်ပိုင်း ရှုံးပွဲ လုံး၀ မရှိဘဲ ၈ ပွဲနိုင် သရေ ၅ ပွဲ ကျထားပါတယ်။

ခံစစ်သမား အဲလက်စ် တဲလက်စ် တစ်ယောက် ကိုဗစ် ကူးစက်ခံရတာက လွဲလို့ ယူနိုက်တက်ဟာ အာဆင်နယ် နဲ့ ပွဲ မတိုင်ခင်မှာ ဒဏ်ရာ ရ ကစားသမားသစ် မရှိဘဲ အားလုံး ကြံ့ခိုင်မှု အပြည့်နဲ့ အခြေအနေ ကောင်းမွန်နေပါတယ်။

ယူနိုက်တက်ဟာ အေစီမီလန်မှ အသက် ၂၆ နှစ် အရွယ် တူရကီသား တောင်ပံတိုက်စစ်သမား Hakan Calhanoglu ကို နောက်ရာသီမှာ ခေါ်ယူဖို့ လစာ နှစ်ဆပေး ကမ်းလှမ်းသွားရန် ကြံရွယ် စောင့်ကြည့်နေပါတယ်။

အသင်းနဲ့ မကျေမလည် ဖြစ်နေတဲ့ အရန် ဂိုးသမား ဆာဂျီယို ရိုမဲရိုး တစ်ယောက် ဒီတစ်ပတ်ထဲမှာ ယူနိုက်တက် ထရိနင်ကို ပြန်လာတော့မှာ ဖြစ်ကြောင်းနဲ့ အခြား ဂိုးသမားတွေနဲ့ အတူ ကြံ့ခိုင်မှု အပြည့် ရှိဖို့ လေ့ကျင့်မှာ ဖြစ်ကြောင်း ဆိုးရှားက ပွဲကြိုမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ လီဗာပူးနဲ့ မန်စီးတီးတို့ ကြီးစိုးနေပြီး နည်းပြကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ အမှတ်ပေးဖလားကို ပြန်လည် ရယူဖို့ နှစ် ၂၀ လောက် ကြာသွားနိုင်တယ်လို့ ရိုင်ယန်ဂစ်က သတိပေးလိုက်ပါတယ်။

Zawgyi – ယူနိုက္တက္ ကြင္းလယ္ ကစားသမား ေပါ့ဘာဟာ စြယ္စံုရ ကစားသမား တစ္ဦး ျဖစ္ျပီး ဘာမဆို လုပ္နိုင္တဲ့ အရည္အခ်င္းရွိကာ အေကာင္းဆံုးပံုစံေတြ မၾကာခင္ ျပန္ရလာမယ္ လို႕ ယံုၾကည္ေၾကာင္း နည္းျပ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ဒီတစ္ပတ္ အိုးထရက္ဖို႔ဒ္မွာ အာဆင္နယ္ကို ဧည့္ခံကစားမယ့္ မန္ခ်က္စတာ ယူနိုက္တက္ဟာ ဂန္းနားေတြကို အိမ္ကြင္းမွာ စက္တင္ဘာ ၂၀၀၆ ေနာက္ပိုင္း ရွံဳးပြဲ လံုး၀ မရွိဘဲ ၈ ပြဲနုိင္ သေရ ၅ ပြဲ က်ထားပါတယ္။

ခံစစ္သမား အဲလက္စ္ တဲလက္စ္ တစ္ေယာက္ ကိုဗစ္ ကူးစက္ခံရတာက လြဲလို႔ ယူနိုက္တက္ဟာ အာဆင္နယ္ နဲ႕ ပြဲ မတိုင္ခင္မွာ ဒဏ္ရာ ရ ကစားသမားသစ္ မရွိဘဲ အားလံုး ၾကံ႕ခိုင္မႈ အျပည့္နဲ႕ အေျခအေန ေကာင္းမြန္ေနပါတယ္။

ယူနိုက္တက္ဟာ ေအစီမီလန္မွ အသက္ ၂၆ နွစ္ အရြယ္ တူရကီသား ေတာင္ပံတိုက္စစ္သမား Hakan Calhanoglu ကို ေနာက္ရာသီမွာ ေခၚယူဖို႔ လစာ နွစ္ဆေပး ကမ္းလွမ္းသြားရန္ ၾကံရြယ္ ေစာင့္ၾကည့္ေနပါတယ္။

အသင္းနဲ႕ မေက်မလည္ ျဖစ္ေနတဲ့ အရန္ ဂိုးသမား ဆာဂ်ီယို ရိုမဲရိုး တစ္ေယာက္ ဒီတစ္ပတ္ထဲမွာ ယူနုိက္တက္ ထရိနင္ကို ျပန္လာေတာ့မွာ ျဖစ္ေၾကာင္းနဲ႕ အျခား ဂိုးသမားေတြနဲ႕ အတူ ၾကံ႕ခိုင္မႈ အျပည့္ ရွိဖို႔ ေလ့က်င့္မွာ ျဖစ္ေၾကာင္း ဆိုးရွားက ပြဲၾကိဳမွာ ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ လီဗာပူးနဲ႕ မန္စီးတီးတို႔ ၾကီးစိုးေနျပီး နည္းျပေကာင္းေတြ ပိုင္ဆိုင္ထားတာေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္ အေနနဲ႕ အမွတ္ေပးဖလားကို ျပန္လည္ ရယူဖို႔ နွစ္ ၂၀ ေလာက္ ၾကာသြားနုိင္တယ္လို႔ ရိုင္ယန္ဂစ္က သတိေပးလိုက္ပါတယ္။