ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (31/10/20)

ဒဏ်ရာကြောင့် နိုင်ငံတကာ သီတင်းပတ်ပြီးကတည်းက ပွဲကစားခွင့်မရခဲ့တဲ့ အဲရစ် ဘိုင်လီနဲ့ ဂျက်ဆီလင်ဂတ်တို့ဟာ အာဆင်နယ်နဲ့ပွဲမှာ ပါဝင်လာမှာမဟုတ်သလို ကိုဗစ်ရှိနေတဲ့ တဲလက်စ်နဲ့အတူ ပွဲပယ်ခံရတဲ့ မာရှယ်လဲ လွဲချော်မှာဖြစ်ပါတယ်။

လော့ဒေါင်း ကာလ အပြီး ၅ယောက် လူစားလဲခွင့်ပေးထားကို ၃ယောက် ပြန်ပြောင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ပရီးမီးယားလိဂ်ကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဝေဖန်ခဲ့ပြီး နားချိန် အလုံအလောက် မရခဲ့ပဲ ပွဲကြပ်တွေ ကစားရတာက ဒဏ်ရာတွေ တိုးစေလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်နောက်ခံလူ အဲလက်စ်တဲလက်စ် ဟာ ကိုဗစ်ပိုးကူးစက်ခံခဲ့ရတဲ့နောက် အားပေးစကားတွေ ပေးပို့ခဲ့ကြတဲ့ သရဲနီပ ရိသတ်တွေကို ကျေးဇူးတင် စကား ဆိုခဲ့ပြီး သူ အဆင်ပြေနေကြောင်းနဲ့ မကြာခင် ပြန်လာနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်မှာ ရွေးချယ်စရာများစွာရှိနေတာကြောင့် ဒွန်နီဗန်ဒီဘိခ်ဟာ မျှော်လင့်ထားသလို ကစားချိန်မရရှိခဲ့သလို ကစားသမားတိုင်းက အမြဲကစားချင်တာကြောင့် သူလဲ ဒီထက်ပိုပြီး ပွဲထွက်ခွင့် ရချင်ကြောင်း ဝန်ခံခဲ့ပါတယ်။

အာဆင်နယ်နဲ့ ပွဲမှာ ယူနိုက်တက် နည်းပြဘဝ ပွဲ ၁၀၀ ပြည့်တော့မယ့် ဆိုးလ်ရှားဟာ အစကတော့ ဖာဂူဆန် လက်သစ်လို့ ထင်ခဲ့ရပေမယ့် အခု သူတို့ဟာ ရှိသင့်တဲ့နေရာနဲ့ နီးတောင် မနီးစပ်သေးဘူးလို့ ရက်နပ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိတာကြောင့် ဒါမှမဟုတ် အသင်းနဲ့ သင့်တော်မှု မရှိတာကြောင့် ဆိုးလ်ရှားက သူ့ကို ပေး မကစားတာဖြစ်တယ်လို့ ဂျေမီရက်နပ်က ထင်နေပြီး သူ့ကို ခေါ်မိလို့ ဆိုးလ်ရှား နောင်တ ရနေလောက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ဒဏ်ရာကြောင့် နိုင်ငံတကာ သီတင်းပတ်ပြီးကတည်းက ပွဲကစားခွင့် မရခဲ့တဲ့ အဲရစ် ဘိုင်လီနဲ့ ဂျက်ဆီလင်ဂတ်တို့ဟာ အာဆင်နယ်နဲ့ပွဲမှာ ပါဝင်လာမှာမဟုတ်သလို ကိုဗစ်ရှိနေတဲ့ တဲလက်စ်နဲ့အတူ ပွဲပယ်ခံရတဲ့ မာရှယ်လဲ လွဲချော်မှာဖြစ်ပါတယ်။




