ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (31/10/20)

နွေရာသီမှာ ဟာကင်ဇီယက်ခ်ျနဲ့ ပထမဆုံး စကားပြောခဲ့ချိန်မှာ သူ့ရဲ့ အတွင်းစိတ်ထဲက ယုံကြည်ချက်ရှိမှုကြောင့် အထင်ကြီးခဲ့ရပြီး ဒီရာသီမှာ သူနဲ့ အလုပ်တွဲလုပ်ဖို့က အိမ်မက်တစ်ခုဖြစ်ခဲ့ကြောင်း ချယ်ဆီး နည်းပြ လမ်းပတ်က ဖွင့်ဟခဲ့ပါတယ်။

ခရက်စ်နိုဒါနဲ့ပွဲမှာ သီယာဂိုဆေးဗားကို အနားပေးခဲ့တာဟာ သူ့ကို ဘန်လေနဲ့ပွဲမှာ အားအပြည့်ဖြစ်အောင် ကူညီပေးခဲ့ပြီး ပူလီဆစ်ဟာလဲ ဒဏ်ရာကြောင့် ၃ပွဲ လွဲချော်ခဲ့ပြီးနောက် အခုပွဲမှာ ပြန်ပါလာမှာ ဖြစ်ကြောင်း လမ်းပတ်က သတင်းပေးခဲ့ပါတယ်။

ခံစစ်ပိတ်ဆော့တဲ့ ဘန်လေကို ထိုးဖောက်တိုက်စစ်ဆင်နိုင်အောင် ဟာကင်ဇီယက်ခ်ျက ကူညီပေးလိမ့်မယ်လို့ လမ်းပတ်က ထောက်ခံခဲ့သလို သူဟာ ချယ်ဆီးကြယ်ပွင့်ဟောင်း ဟာဇက်နေရာကို ဆက်ခံမယ့်သူ ဆိုတာ သက်သေပြနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး လူငယ်အသင်းဟာ ဘရိုင်ယန် ဖီယာဘီမာရဲ့ သွင်းဂိုးနဲ့ ယူနိုက်တက်ကို အနိုင်ရကာ ၉နှစ်အတွင်း ၈ကြိမ်မြောက်အဖြစ် အက်ဖ်အေလူငယ်ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး တနင်္လာနေ့ ဖိုင်နယ်မှာ မန်စီးတီးနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။

မွန်ချင်ဂလက်ဘက် နောက်ခံလူ မက်သီးယပ်စ် ဂျင်တာဟာ ချယ်ဆီးရဲ့ နွေရာသီပစ်မှတ် ဖြစ်ခဲ့ပြီး ဒီရာသီမှာ သူ့ရဲ့ ခြေစွမ်းကောင်းပြသမှုတွေကြောင့် ချယ်ဆီးက ဇန်နဝါရီမှာ သူ့ကို ခေါ်ယူနိုင်ဖို့ အရှိန်မြှင့်တင် ကြိုးစားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာကြောင့် ရာသီအစကို လွဲချော်ခဲ့တဲ့နောက် ပရိသတ်တွေ မေ့နေခဲ့တဲ့ ဘီလီဂေလ်မာဟာ ဒဏ်ရာကနေ ပြန်ကောင်းလာနေပြီး ချယ်ဆီးအသင်းနဲ့ လေ့ကျင့်ရေး ဆင်းနေပြီဖြစ်သလို စကော့တလန် ယူ၂၁ အသင်း လူစာရင်းမှာလဲ ပါဝင်လာခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်ကို အငှားချထားတဲ့ အီသန်အမ်ပဒူကို ကွင်းလယ်အထိုင်အနေနဲ့ ကစားစေတာက အကောင်းဆုံးအဖြစ် လမ်းပတ်က သတ်မှတ်ထားသလို သူ့ကို ဒီရာသီမှာ ဗဟိုကွင်းလယ်အနေနဲ့ အဓိက နေရာပေးသွားမှာဖြစ်ကြောင်း ရှက်ဖီးနည်းပြ ခရစ်ဝိုင်ဒါက ဆိုပါတယ်။

ချယ်ဆီးကို ရောက်လာပြီးကတည်းက မန်ဒီရဲ့ အထင်ကြီးစရာ လက်စွမ်းတွေကြောင့် စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ကီပါအတွက် နေရာရဖို့ မရှိတော့သလို သူ့အနေနဲ့ ဇန်နဝါရီမှာ ကလပ်ကနေ စွန့်ခွာဖို့ ကြိုးစားသင့်တယ် လို့ စပိန်သတင်းစာတွေက တိုက်တွန်းခဲ့ပါတယ်။

Zawgyi – ေႏြရာသီမွာ ဟာကင္ဇီယက္ခ္်နဲ႔ ပထမဆုံး စကားေျပာခဲ့ခ်ိန္မွာ သူ႔ရဲ႕ အတြင္းစိတ္ထဲက ယုံၾကည္ခ်က္ရွိမႈေၾကာင့္ အထင္ႀကီးခဲ့ရၿပီး ဒီရာသီမွာ သူနဲ႔ အလုပ္တြဲလုပ္ဖို႔က အိမ္မက္တစ္ခုျဖစ္ခဲ့ေၾကာင္း ခ်ယ္ဆီး နည္းျပ လမ္းပတ္က ဖြင့္ဟခဲ့ပါတယ္။

ခရက္စ္ႏိုဒါနဲ႔ပြဲမွာ သီယာဂိုေဆးဗားကို အနားေပးခဲ့တာဟာ သူ႔ကို ဘန္ေလနဲ႔ပြဲမွာ အားအျပည့္ျဖစ္ေအာင္ ကူညီေပးခဲ့ၿပီး ပူလီဆစ္ဟာလဲ ဒဏ္ရာေၾကာင့္ ၃ပြဲ လြဲေခ်ာ္ခဲ့ၿပီးေနာက္ အခုပြဲမွာ ျပန္ပါလာမွာ ျဖစ္ေၾကာင္း လမ္းပတ္က သတင္းေပးခဲ့ပါတယ္။

ခံစစ္ပိတ္ေဆာ့တဲ့ ဘန္ေလကို ထိုးေဖာက္တိုက္စစ္ဆင္ႏိုင္ေအာင္ ဟာကင္ဇီယက္ခ္်က ကူညီေပးလိမ့္မယ္လို႔ လမ္းပတ္က ေထာက္ခံခဲ့သလို သူဟာ ခ်ယ္ဆီးၾကယ္ပြင့္ေဟာင္း ဟာဇက္ေနရာကို ဆက္ခံမယ့္သူ ဆိုတာ သက္ေသျပႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီး လူငယ္အသင္းဟာ ဘ႐ိုင္ယန္ ဖီယာဘီမာရဲ႕ သြင္းဂိုးနဲ႔ ယူႏိုက္တက္ကို အႏိုင္ရကာ ၉ႏွစ္အတြင္း ၈ႀကိမ္ေျမာက္အျဖစ္ အက္ဖ္ေအလူငယ္ဖလား ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ၿပီး တနလၤာေန႔ ဖိုင္နယ္မွာ မန္စီးတီးနဲ႔ ေတြ႕ဆုံရမွာျဖစ္ပါတယ္။

မြန္ခ်င္ဂလက္ဘက္ ေနာက္ခံလူ မက္သီးယပ္စ္ ဂ်င္တာဟာ ခ်ယ္ဆီးရဲ႕ ေႏြရာသီပစ္မွတ္ ျဖစ္ခဲ့ၿပီး ဒီရာသီမွာ သူ႔ရဲ႕ ေျခစြမ္းေကာင္းျပသမႈေတြေၾကာင့္ ခ်ယ္ဆီးက ဇန္နဝါရီမွာ သူ႔ကို ေခၚယူႏိုင္ဖို႔ အရွိန္ျမႇင့္တင္ ၾကိဳးစားေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

ဒဏ္ရာေၾကာင့္ ရာသီအစကို လြဲေခ်ာ္ခဲ့တဲ့ေနာက္ ပရိသတ္ေတြ ေမ့ေနခဲ့တဲ့ ဘီလီေဂလ္မာဟာ ဒဏ္ရာကေန ျပန္ေကာင္းလာေနၿပီး ခ်ယ္ဆီးအသင္းနဲ႔ ေလ့က်င့္ေရး ဆင္းေနၿပီျဖစ္သလို စေကာ့တလန္ ယူ၂၁ အသင္း လူစာရင္းမွာလဲ ပါဝင္လာခဲ့ပါတယ္။

ရွက္ဖီးယူႏိုက္တက္ကို အငွားခ်ထားတဲ့ အီသန္အမ္ပဒူကို ကြင္းလယ္အထိုင္အေနနဲ႔ ကစားေစတာက အေကာင္းဆုံးအျဖစ္ လမ္းပတ္က သတ္မွတ္ထားသလို သူ႔ကို ဒီရာသီမွာ ဗဟိုကြင္းလယ္အေနနဲ႔ အဓိက ေနရာေပးသြားမွာျဖစ္ေၾကာင္း ရွက္ဖီးနည္းျပ ခရစ္ဝိုင္ဒါက ဆိုပါတယ္။

ခ်ယ္ဆီးကို ေရာက္လာၿပီးကတည္းက မန္ဒီရဲ႕ အထင္ႀကီးစရာ လက္စြမ္းေတြေၾကာင့္ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ကီပါအတြက္ ေနရာရဖို႔ မရွိေတာ့သလို သူ႔အေနနဲ႔ ဇန္နဝါရီမွာ ကလပ္ကေန စြန႔္ခြာဖို႔ ၾကိဳးစားသင့္တယ္ လို႔ စပိန္သတင္းစာေတြက တိုက္တြန္းခဲ့ပါတယ္။