အာတီတာက သူဟာ အိုဇေးအပေါ် မျှမျှတတ ဆက်ဆံခဲ့ပြီး တတ်နိုင်သလောက် အခွင့်အရေးပေးခဲ့ကာ ကွင်းလယ်လူရဲ့ခြေစွမ်းပြသမှုကို ရရှိဖို့ ကြိုးစားခဲ့ပြီးနောက် လူစာရင်းကနေ ထုတ်ခဲ့တာက ကလပ်အတွက် အကောင်းဆုံး လုပ်ဆောင်ခဲ့တာပါလို့ ဖွင့်ဟခဲ့ပါတယ်။
ယူနိုက်တက်ဟာ ၂၀၀၆ စက်တင်ဘာနောက်ပိုင်း အိုးလ်ထရက်ဖို့ဒ်မှာ အာဆင်နယ်နဲ့ တွေ့ဆုံခဲ့တဲ့ ၁၃ပွဲလုံးမှာ မရှုံးခဲ့သလို ကလပ်ရဲ့ ၁၄နှစ်ကြာ မနိုင်တဲ့ မှတ်တမ်းကို အဆုံးသတ်ဖို့ အာဆင်နယ်နည်းပြ အာတီတာက မျှော်လင့်နေပါတယ်။
ဒန်းဒေါ့ခ်နဲ့ပွဲမှာ အာဆင်နယ်အတွက် ပထမဆုံးကစားခွင့်ရခဲ့တဲ့ ဘာလိုဂန်ဟာ ပွဲဦးထွက်အတွက် ဂုဏ်ယူကြောင်းနဲ့ အားပေးသူတွေကို ကျေးဇူးတင်စကားဆိုခဲ့ပြီး အနာဂတ်မှာ အသင်းကြီးရဲ့ ပုံမှန် ကစားသမားဖြစ်ဖို့ ရည်ရွယ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါရဲ့ ကောင်းကြောင်းတွေကို အိုဇေးနဲ့လီနိုတို့က ပြောပြခဲ့တာနဲ့အတူ အိုဇေးရဲ့ အကြံပေးမှုအရ နွေရာသီမှာ အမ်းမရိတ်စ်ကို စွန့်ခွာပြီး ဟာသာဘာလင်ထံ အငှားပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း ဂွမ်ဒူဇီက ဝန်ခံခဲ့ပါတယ်။
၅နှစ်အတွင်း အသင်းကြီး၆သင်းကို အဝေးကွင်းမှာ မနိုင်ခဲ့တဲ့ အာဆင်နယ်အနေနဲ့ ပထမဆုံး အဝေးကွင်းနိုင်ပွဲကို အိုးလ်ထရက်ဖို့ဒ်မှာ ရယူနိုင်တာထက် ပိုကောင်းတာ မရှိတော့ဘူးလို့ အာတီတာက ယုံကြည်နေပြီး ၃မှတ်နဲ့အိမ်ပြန်လာဖို့ အလိုရှိနေပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ၂ပွဲဆက် ရှုံးခဲ့တဲ့နောက် တနင်္ဂနွေနေ့ ယူနိုက်တက်နဲ့ တွေ့ဆုံရာမှာ နည်းပြ အာတီတာအတွက် ဖိအားတွေရှိနေပြီး အခက်အခဲတွေကြားကနေ ၃ပွဲဆက် မရှုံးအောင် လုပ်ရလိမ့်မယ်လို့ ဂျေမီရက်နပ်က ပြောဆိုခဲ့ပါတယ်။
ဩစတြီးယား ထိပ်တန်းလိဂ် ၅ပွဲအတွင်း ၄ဂိုး ဖန်တီးခဲ့တဲ့ ရက်ဘူးဆဲလ်ဘက်ကြယ်ပွင့် ဆိုဘော့စလေးကို ဟောက်ဆမ်အာဝါရဲ့ အပြောင်းအလဲ ပစ်မှတ်အနေနဲ့ အာဆင်နယ်က စောင့်ကြည့်နေပြီး လာမယ့် ဇန်နဝါရီမှာ ခေါ်ယူဖို့ကြိုးစားနိုင်ခြေ ရှိနေပါတယ်။
ဘွန်ဒက်စ်လီဂါကလပ် ဟာသာဘာလင်မှာ အငှားကစားနေတဲ့ ဂွမ်ဒူဇီက အာဆင်နယ်မှာ ၂နှစ်ကြာ အချိန်ကောင်းတွေရှိခဲ့ပြီး အများကြီးသင်ယူခဲ့ရကြောင်း ပြန်ပြောင်းပြောဆိုခဲ့ကာ အမ်းမရိတ်စ်အတွက် ထပ် ကစားပေးဖို့ မရှိတော့တဲ့အကြောင်း အရိပ်အမြွက်ပြခဲ့ပါတယ်။
Zawgyi – အာတီတာက သူဟာ အိုေဇးအေပၚ မွ်မွ်တတ ဆက္ဆံခဲ့ၿပီး တတ္ႏိုင္သေလာက္ အခြင့္အေရးေပးခဲ့ကာ ကြင္းလယ္လူရဲ႕ေျခစြမ္းျပသမႈကို ရရွိဖို႔ ႀကိဳးစားခဲ့ၿပီးေနာက္ လူစာရင္းကေန ထုတ္ခဲ့တာက ကလပ္အတြက္ အေကာင္းဆုံး လုပ္ေဆာင္ခဲ့တာပါလို႔ ဖြင့္ဟခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ၂၀၀၆ စက္တင္ဘာေနာက္ပိုင္း အိုးလ္ထရက္ဖို႔ဒ္မွာ အာဆင္နယ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ၁၃ပြဲလုံးမွာ မရႈံးခဲ့သလို ကလပ္ရဲ႕ ၁၄ႏွစ္ၾကာ မႏိုင္တဲ့ မွတ္တမ္းကို အဆုံးသတ္ဖို႔ အာဆင္နယ္နည္းျပ အာတီတာက ေမွ်ာ္လင့္ေနပါတယ္။
ဒန္းေဒါ့ခ္နဲ႔ပြဲမွာ အာဆင္နယ္အတြက္ ပထမဆုံးကစားခြင့္ရခဲ့တဲ့ ဘာလိုဂန္ဟာ ပြဲဦးထြက္အတြက္ ဂုဏ္ယူေၾကာင္းနဲ႔ အားေပးသူေတြကို ေက်းဇူးတင္စကားဆိုခဲ့ၿပီး အနာဂတ္မွာ အသင္းႀကီးရဲ႕ ပုံမွန္ ကစားသမားျဖစ္ဖို႔ ရည္႐ြယ္ထားေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
ဘြန္ဒက္စ္လီဂါရဲ႕ ေကာင္းေၾကာင္းေတြကို အိုေဇးနဲ႔လီႏိုတို႔က ေျပာျပခဲ့တာနဲ႔အတူ အိုေဇးရဲ႕ အႀကံေပးမႈအရ ေႏြရာသီမွာ အမ္းမရိတ္စ္ကို စြန္႔ခြာၿပီး ဟာသာဘာလင္ထံ အငွားေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ေၾကာင္း ဂြမ္ဒူဇီက ဝန္ခံခဲ့ပါတယ္။
၅ႏွစ္အတြင္း အသင္းႀကီး၆သင္းကို အေဝးကြင္းမွာ မႏိုင္ခဲ့တဲ့ အာဆင္နယ္အေနနဲ႔ ပထမဆုံး အေဝးကြင္းႏိုင္ပြဲကို အိုးလ္ထရက္ဖို႔ဒ္မွာ ရယူႏိုင္တာထက္ ပိုေကာင္းတာ မရွိေတာ့ဘူးလို႔ အာတီတာက ယုံၾကည္ေနၿပီး ၃မွတ္နဲ႔အိမ္ျပန္လာဖို႔ အလိုရွိေနပါတယ္။
အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ ၂ပြဲဆက္ ရႈံးခဲ့တဲ့ေနာက္ တနဂၤေႏြေန႔ ယူႏိုက္တက္နဲ႔ ေတြ႕ဆုံရာမွာ နည္းျပ အာတီတာအတြက္ ဖိအားေတြရွိေနၿပီး အခက္အခဲေတြၾကားကေန ၃ပြဲဆက္ မရႈံးေအာင္ လုပ္ရလိမ့္မယ္လို႔ ေဂ်မီရက္နပ္က ေျပာဆိုခဲ့ပါတယ္။
ဩစႀတီးယား ထိပ္တန္းလိဂ္ ၅ပြဲအတြင္း ၄ဂိုး ဖန္တီးခဲ့တဲ့ ရက္ဘူးဆဲလ္ဘက္ၾကယ္ပြင့္ ဆိုေဘာ့စေလးကို ေဟာက္ဆမ္အာဝါရဲ႕ အေျပာင္းအလဲ ပစ္မွတ္အေနနဲ႔ အာဆင္နယ္က ေစာင့္ၾကည့္ေနၿပီး လာမယ့္ ဇန္နဝါရီမွာ ေခၚယူဖို႔ႀကိဳးစားႏိုင္ေျခ ရွိေနပါတယ္။
ဘြန္ဒက္စ္လီဂါကလပ္ ဟာသာဘာလင္မွာ အငွားကစားေနတဲ့ ဂြမ္ဒူဇီက အာဆင္နယ္မွာ ၂ႏွစ္ၾကာ အခ်ိန္ေကာင္းေတြရွိခဲ့ၿပီး အမ်ားႀကီးသင္ယူခဲ့ရေၾကာင္း ျပန္ေျပာင္းေျပာဆိုခဲ့ကာ အမ္းမရိတ္စ္အတြက္ ထပ္ ကစားေပးဖို႔ မရွိေတာ့တဲ့အေၾကာင္း အရိပ္အႁမြက္ျပခဲ့ပါတယ္။