ပေါ့ဘာဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၂၀၂၂ ဇွန်လအထိ စာချုပ် သက်တမ်း ရှိနေပေမယ့် ၎င်းရဲ့အနာဂတ်က မရေမရာဖြစ်နေတာကြောင့် ဂျူဗင်တပ်နည်းပြ ပီယာလိုက နောက်နွေရာသီမှာ သူ့ကို တူရင်ဆီ ခေါ်ဆောင်ဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။
ကစားသမားသစ်တွေကို နေရာ မပေးတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေတဲ့ အပေါ် နည်းပြ ဆိုးလ်ရှားကတော့ မက်ဂွဲရားနဲ့ ဖာနန်ဒက်စ်တို့ဟာ ချက်ချင်းအသားကျခဲ့ပေမယ့် တချို့လူသစ်တွေအတွက် အထိုင်ကျဖို့ အချိန်ယူရတာ ဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။
အင်္ဂလန်အသင်းမှာ မေဆန်ဂရင်းဝုဒ်ကို ချန်လှပ်ခဲ့တာနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်နေတယ်ဆိုတဲ့သတင်းတွေကို ဆိုးလ်ရှားက ငြင်းပယ်ခဲ့ပြီး ဆောက်ဂိတ်အနေနဲ့ သူ့အသင်းမှာ သူကြိုက်တဲ့လူ ရွေးတာကို စောဒက တက်ဖို့မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ရာသီအစမှာ အမှတ်တွေဆုံးရှုံးခဲ့ပြီး လိဂ်အမှတ်ပေးဇယားရဲ့ အောက်နားကို ရောက်နေပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ စိုးရိမ်မနေပဲ ရာသီနှောင်းပိုင်းမှာ အမှတ်ပိုရဖို့က အရေးကြီးတယ် လို့ ပြောဆိုခဲ့ပါတယ်။
တော်မီနေးဟာလေ့ကျင့်ရေးမှာ ဗန်ဒီဘိခ်ရဲ့ အလုပ်ကြိုးစားမှုကို အမြဲမြင်နေရတာ ဖြစ်သလို ကွင်းလယ်လူရဲ့ အပြည့်အဝ အားထုတ်မှုကို ချီးကျူးခဲ့ပြီး ဒီတိုင်းဆက်သွားရင် မကြာခင်မှာ ကစားချိန်တွေ ပိုရလာလိမ့်မယ် လို့ အားပေးစကားဆိုခဲ့ပါတယ်။
ယူနိုက်တက် ဂျာစီ ဝတ်ဆင်ရတာဟာ ကစားသမားတွေ အတွက် ဂုဏ်ယူစရာကောင်းတယ်လို့ အလန်ဘရာဇီးက ယုံကြည်နေပြီး ပေါလ်ပေါ့ဘာအနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ အကြောင်း အမြဲပြောနေတာက ယူနိုက်တက်ကို မလေးမစား လုပ်တာပဲလို့ ၎င်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။
Zawgyi – ေပါ့ဘာဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ၂၀၂၂ ဇြန္လအထိ စာခ်ဳပ္ သက္တမ္း ရွိေနေပမယ့္ ၎ရဲ႕အနာဂတ္က မေရမရာျဖစ္ေနတာေၾကာင့္ ဂ်ဴဗင္တပ္နည္းျပ ပီယာလိုက ေနာက္ေႏြရာသီမွာ သူ႔ကို တူရင္ဆီ ေခၚေဆာင္ဖို႔ အလိုရွိေနတယ္လို႔ သိရပါတယ္။
ကစားသမားသစ္ေတြကို ေနရာ မေပးတဲ့အေပၚ ေဝဖန္မႈေတြ ရွိေနတဲ့ အေပၚ နည္းျပ ဆိုးလ္ရွားကေတာ့ မက္ဂြဲရားနဲ႔ ဖာနန္ဒက္စ္တို႔ဟာ ခ်က္ခ်င္းအသားက်ခဲ့ေပမယ့္ တခ်ိဳ႕လူသစ္ေတြအတြက္ အထိုင္က်ဖို႔ အခ်ိန္ယူရတာ ျဖစ္ေၾကာင္း ေျဖရွင္းခဲ့ပါတယ္။
အဂၤလန္အသင္းမွာ ေမဆန္ဂရင္းဝုဒ္ကို ခ်န္လွပ္ခဲ့တာနဲ႔ ပတ္သက္လို႔ မေက်မနပ္ ျဖစ္ေနတယ္ဆိုတဲ့သတင္းေတြကို ဆိုးလ္ရွားက ျငင္းပယ္ခဲ့ၿပီး ေဆာက္ဂိတ္အေနနဲ႔ သူ႔အသင္းမွာ သူႀကိဳက္တဲ့လူ ေ႐ြးတာကို ေစာဒက တက္ဖို႔မရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ရာသီအစမွာ အမွတ္ေတြဆုံးရႈံးခဲ့ၿပီး လိဂ္အမွတ္ေပးဇယားရဲ႕ ေအာက္နားကို ေရာက္ေနေပမယ့္ နည္းျပ ဆိုးလ္ရွားကေတာ့ စိုးရိမ္မေနပဲ ရာသီေႏွာင္းပိုင္းမွာ အမွတ္ပိုရဖို႔က အေရးႀကီးတယ္ လို႔ ေျပာဆိုခဲ့ပါတယ္။
ေတာ္မီေနးဟာေလ့က်င့္ေရးမွာ ဗန္ဒီဘိခ္ရဲ႕ အလုပ္ႀကိဳးစားမႈကို အၿမဲျမင္ေနရတာ ျဖစ္သလို ကြင္းလယ္လူရဲ႕ အျပည့္အဝ အားထုတ္မႈကို ခ်ီးက်ဴးခဲ့ၿပီး ဒီတိုင္းဆက္သြားရင္ မၾကာခင္မွာ ကစားခ်ိန္ေတြ ပိုရလာလိမ့္မယ္ လို႔ အားေပးစကားဆိုခဲ့ပါတယ္။
ယူႏိုက္တက္ ဂ်ာစီ ဝတ္ဆင္ရတာဟာ ကစားသမားေတြ အတြက္ ဂုဏ္ယူစရာေကာင္းတယ္လို႔ အလန္ဘရာဇီးက ယုံၾကည္ေနျပီး ေပါလ္ေပါ့ဘာအေနနဲ႔ ရီးရဲလ္မက္ဒရစ္နဲ႔ အေျပာင္းအေ႐ႊ႕ အေၾကာင္း အၿမဲေျပာေနတာက ယူႏိုက္တက္ကို မေလးမစား လုပ္တာပဲလို႔ ၎က ေဝဖန္ေျပာဆိုခဲ့ပါတယ္။