ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (01/11/20)

ချယ်ဆီးဟာ ဘန်လေကို ၃-ဝနဲ့ နိုင်ခဲ့တဲ့ပွဲကို ခရစ္စတီယန်ပူလီဆစ်အတွက် ရည်စူးခဲ့တာ ဖြစ်ကြောင်း မေဆန်မောင့်က ပြောဆိုခဲ့ပြီး ပူလီဆစ်အစား ပါဝင်ပေးခဲ့တဲ့ တီမိုဗာနာရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကိုလဲ မောင့်က ချီးကျူးစကားဆိုခဲ့ပါတယ်။

ဘန်လေ နဲ့ပွဲအပြီး ဆွေးနွေးမှုမှာ ဒန်နီမာဖီရဲ့ ဒီပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် မေဆန်မောင့်ကို သတ်မှတ်ခဲ့ပေမယ့် အလန်ရှီးယားကတော့ ဒါကို သဘောမတူခဲ့ပဲ ပထမဆုံးလိဂ် ပွဲထွက်မှုမှာ ဂိုး သွင်းခဲ့တဲ့ ဟာကင်ဇီယက်ခ်ျကို ရွေးချယ်ခဲ့ပါတယ်။

ဘန်လေတိုက်စစ်မှူးအက်ရှ်လေဘန်းကို ချယ်ဆီးဂိုးသမားမန်ဒီက ပြစ်ဒဏ်ကျူးလွန် ခဲ့ပေမယ့် ဗန်ဒိုက်နဲ့ ပစ်ဖို့ဒ်တုန်းကလိုပဲ ပင်နယ်တီလဲမပေး၊ ဘာအရေးယူမှလဲ မလုပ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကို ဘန်လေနည်းပြ ဆမ်ဒိုက်က ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

အသက်၂၁နှစ် အရွယ် မယ်မိုအသင်းရဲ့ ဗဟိုနောက်ခံလူ အာမက်ဟော့ဇစ်ရဲ့ အထင်ကြီးစရာ တိုးတက်လာမှုတွေကို ချယ်ဆီးကို မျက်စိကျနေပြီး သူ့ကို ခေါ်ယူနိုင်ဖို့အတွက် ယူရို၈သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။

ဟွမ်မာတာဟာ ချယ်ဆီးမှာ မော်ရင်ညိုနဲ့ ပုဂ္ဂိုလ်ရေးအရ အဆင်မပြေလို့ ယူနိုက်တက်ကို ပြောင်းခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပြီး ချယ်ဆီးနည်းပြလက်အောက်မှာ နည်းဗျူဟာပိုင်းဆိုင်ရာ အံမဝင်လို့ ထွက်ခွာခဲ့တာပါလို့ ဖြေရှင်းခဲ့ပါတယ်။

လိဂ်မှာ ပထမဆုံးဂိုးရခဲ့ပြီဖြစ်တဲ့ ဇီယက်ခ်ျဟာ ချယ်ဆီးအတွက် ၂ပွဲကစား ၂ဂိုးသွင်းခဲ့တာ ဖြစ်သလို အသင်းမှာ အထိုင်ကျလာပြီဖြစ်တာကြောင့် တိုက်စစ်မှာ ခြိမ်းခြောက်နိုင်တဲ့ နောက်ထပ် ကစားသမား တစ်ယောက်ဖြစ်လာပြီလို့ ဂျိုကိုးလ်က ချီးကျူးခဲ့ပါတယ်။

ပူလီဆစ်ဟာ မနေ့က ဘန်လေနဲ့ ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ရင်း ဒဏ်ရာ ရခဲ့တာကြောင့် ပွဲထွက်စာရင်းမှာ တီမိုဗာနာနဲ့ လဲလိုက်ရသလို နည်းပြလမ်းပတ်ကတော့ သူ့ဒဏ်ရာအခြေအနေ မပြင်းထန်ဖို့ မျှော်လင့်နေပါတယ်။

Zawgyi – ခ်ယ္ဆီးဟာ ဘန္ေလကို ၃-၀နဲ႔ ႏိုင္ခဲ့တဲ့ပြဲကို ခရစၥတီယန္ပူလီဆစ္အတြက္ ရည္စူးခဲ့တာ ျဖစ္ေၾကာင္း ေမဆန္ေမာင့္က ေျပာဆိုခဲ့ၿပီး ပူလီဆစ္အစား ပါဝင္ေပးခဲ့တဲ့ တီမိုဗာနာရဲ႕ အေကာင္းဆုံး စြမ္းေဆာင္ရည္ကိုလဲ ေမာင့္က ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

ဘန္ေလ နဲ႔ပြဲအၿပီး ေဆြးေႏြးမႈမွာ ဒန္နီမာဖီရဲ႕ ဒီပြဲရဲ႕အေကာင္းဆုံးကစားသမားအျဖစ္ ေမဆန္ေမာင့္ကို သတ္မွတ္ခဲ့ေပမယ့္ အလန္ရွီးယားကေတာ့ ဒါကို သေဘာမတူခဲ့ပဲ ပထမဆုံးလိဂ္ ပြဲထြက္မႈမွာ ဂိုး သြင္းခဲ့တဲ့ ဟာကင္ဇီယက္ခ္်ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။

ဘန္ေလတိုက္စစ္မႉးအက္ရွ္ေလဘန္းကို ခ်ယ္ဆီးဂိုးသမားမန္ဒီက ျပစ္ဒဏ္က်ဴးလြန္ ခဲ့ေပမယ့္ ဗန္ဒိုက္နဲ႔ ပစ္ဖို႔ဒ္တုန္းကလိုပဲ ပင္နယ္တီလဲမေပး၊ ဘာအေရးယူမွလဲ မလုပ္ခဲ့တဲ့ ကြင္းလယ္ဒိုင္ကို ဘန္ေလနည္းျပ ဆမ္ဒိုက္က ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

အသက္၂၁ႏွစ္ အ႐ြယ္ မယ္မိုအသင္းရဲ႕ ဗဟိုေနာက္ခံလူ အာမက္ေဟာ့ဇစ္ရဲ႕ အထင္ႀကီးစရာ တိုးတက္လာမႈေတြကို ခ်ယ္ဆီးကို မ်က္စိက်ေနၿပီး သူ႔ကို ေခၚယူႏိုင္ဖို႔အတြက္ ယူ႐ို၈သန္းနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔သိရပါတယ္။

ဟြမ္မာတာဟာ ခ်ယ္ဆီးမွာ ေမာ္ရင္ညိဳနဲ႔ ပုဂၢိဳလ္ေရးအရ အဆင္မေျပလို႔ ယူႏိုက္တက္ကို ေျပာင္းခဲ့တယ္ဆိုတဲ့ သတင္းေတြကို ျငင္းပယ္ခဲ့ၿပီး ခ်ယ္ဆီးနည္းျပလက္ေအာက္မွာ နည္းဗ်ဴဟာပိုင္းဆိုင္ရာ အံမဝင္လို႔ ထြက္ခြာခဲ့တာပါလို႔ ေျဖရွင္းခဲ့ပါတယ္။

လိဂ္မွာ ပထမဆုံးဂိုးရခဲ့ၿပီျဖစ္တဲ့ ဇီယက္ခ္်ဟာ ခ်ယ္ဆီးအတြက္ ၂ပြဲကစား ၂ဂိုးသြင္းခဲ့တာ ျဖစ္သလို အသင္းမွာ အထိုင္က်လာၿပီျဖစ္တာေၾကာင့္ တိုက္စစ္မွာ ၿခိမ္းေျခာက္ႏိုင္တဲ့ ေနာက္ထပ္ ကစားသမား တစ္ေယာက္ျဖစ္လာၿပီလို႔ ဂ်ိဳကိုးလ္က ခ်ီးက်ဴးခဲ့ပါတယ္။

ပူလီဆစ္ဟာ မေန႔က ဘန္ေလနဲ႔ ပြဲမတိုင္ခင္ ေသြးပူေလ့က်င့္ခန္းလုပ္ရင္း ဒဏ္ရာ ရခဲ့တာေၾကာင့္ ပြဲထြက္စာရင္းမွာ တီမိုဗာနာနဲ႔ လဲလိုက္ရသလို နည္းျပလမ္းပတ္ကေတာ့ သူ႔ဒဏ္ရာအေျခအေန မျပင္းထန္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။