ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (01/11/20)
အာဆင်နယ်နဲ့ ပွဲ မတိုင်ခင် ယူနိုက်တက် အသင်းများ လိုဝီ ဟိုတယ်သို့ စုရုံး ရောက်ရှိလာကြပြီ ဖြစ်ရာ ကိုဗစ် ထိထားတဲ့ အဲလက်စ် တဲလက်စ်က လွဲလို့ အသင်းသားများ အစုံအလင် ပါဝင်ခဲ့ပါတယ်။ အသင်း ဟိုတယ်ရောက် လူစာရင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
David de Gea, Dean Henderson, Nathan Bishop; Aaron Wan-Bissaka, Axel Tuanzebe, Harry Maguire, Victor Lindelof, Luke Shaw, Brandon Williams; Scott McTominay, Nemanja Matic, Paul Pogba, Donny van de Beek, Fred, Bruno Fernandes, Juan Mata; Daniel James, Marcus Rashford, Mason Greenwood, Edinson Cavani
ယူနိုက်တက် ကွင်းလယ် ကစားသမား ပေါ့ဘာဟာ ပွဲ ကစားချိန် နည်းပါးလာပြီး အရန်ကနေ ပါဝင်ရတာ အတွက် မကျေနပ်ပေမယ့် အခွင့် ရတာနဲ့ အစွမ်းပြဖို့ အားထုတ် ပြင်ဆင် အသင့် ရှိနေတဲ့ သဘောထားကောင်း ရှိသူ ဖြစ်ကြောင်း အသင်းဖော် ဖာနန်ဒက်စ်က ချီးကျူး ထောက်ခံခဲ့ပါတယ်။
ဘန်လေဟာ ဂျိမ်းစ်တာကောစကီးကို လက်လွှတ်ရနိုင်ခြေရှိတာကြောင့် အရန်အနေနဲ့ ဖီးဂျုံးစ်ကို အငှားခေါ်ယူဖို့ ပြင်ဆင်နေသလို ယူနိုက်တက်အပယ်ခံ ကစားသမားကတော့ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာရမယ့်အရေးအတွက် စိုးရိမ်နေတာဖြစ်ပါတယ်။
အိုလီဂန်နာ ဆိုးလ်ရှားဟာ ဒီနေ့ည အာဆင်နယ်နဲ့ပွဲမှာ ယူနိုက်တက်နည်းပြဘဝ ပွဲ၁၀၀ပြည့်မှတ်တိုင်ကို ရောက်ရှိတော့မှာဖြစ်ပြီး လက်ရှိ၉၉ပွဲမှာတော့ ၅၅ပွဲနိုင်၊ ၂၁ပွဲသရေ၊ ၂၃ပွဲရှုံးရလဒ်နဲ့ နိုင်ပွဲနှုန်းက ၅၅.၅% ရရှိထားတာဖြစ်ပါတယ်။
လောလောဆယ်မှာ အမှတ်ပေးဇယားရဲ့ အောက်ပိုင်းထဲမှာ မန်ချက်စတာ ယူနိုက်တက်က ရပ်တည်နေရသော်လည်း ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ စိုးရိမ် ပူပန်မှု မရှိဘဲ ယူနိုက်တက်ဟာ ပြိုင်ဘက်တွေထဲ ပွဲလျော့ ကစားထားရသလို အချိန်ကြာလာတာနဲ့ အမျှ အဆင့်တွေ ပြန်တက်လာမယ် ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။