ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (01/11/20)

လက်ရှိလိဂ်အမှတ်ပေးဇယားမှာ အဲဗာတန်၊ အက်စ်တွန်ဗီလာတို့က ထိပ်ဆုံးပိုင်းထဲ နေရာယူထားပြီး စီးတီး၊ အာဆင်နယ်၊ယူနိုက်တက်တို့က ဇယားအလယ်ကို ရောက်နေကျပေမယ့် မကြာခင်မှာ ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ် လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။

အူဘာမီးယန်းဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ကလပ်ရဲ့ စိတ်အချရဆုံး ဂိုးသွင်းသူဖြစ်ခဲ့ပေမယ့် စာချုပ်သစ် ချုပ်ပြီးကတည်းက ခြေစွမ်း ကျဆင်းနေခဲ့တာဖြစ်ပြီး ဂိုးပေါက်ပျောက်နေ ခဲ့တာက စိတ်ပျက်စရာ ကောင်းတယ် လို့ ပေါလ်မာဆွန်က ဝန်ခံခဲ့ပါတယ်။

စပါးကို ၆-၁နဲ့ ရှုံးခဲ့ပြီးကတည်းက ပုံစံကောင်းတွေ ပြန်ရနေတဲ့ ယူနိုက်တက်ဟာ အာဆင်နယ် ကို ဒုက္ခပေးနိုင်တဲ့ အနေအထားရှိတာကြောင့် သူတို့နဲ့တွေ့ရမယ့်ပွဲအတွက် စိုးရိမ်နေတယ်လို့ ဂန်းနားဂန္တဝင် အီယန်ရိုက်က ဝန်ခံခဲ့ပါတယ်။

လူငယ်ကြယ်ပွင့် ဖိုလာရင် ဘယ်လာဂမ်အနေနဲ့ အာဆင်နယ်မှာ တောက်ပတဲ့အနာဂတ် ရှိနေဆဲဖြစ်ကြောင်း နည်းပြ အာတီတာက ပြောဆိုခဲ့ပေမယ့် အဲ့ဒီ့အတွက် တိုက်ပွဲဝင်ဖို့တော့ လိုအပ်တယ်လို့ အကြံပေးစကား ဆိုခဲ့ပါတယ်။

အာဆင်နယ် ယူ၂၃ နောက်ခံလူ ဂျိုးဆက် အိုလိုဝူဟာ ကော့ခ်စီးတီးမှာ အငှားကစားပြီး တန်းဆင်းခဲ့ရတဲ့နောက် ကလပ်ထံ ပြန်လာတော့မှာဖြစ်ပြီး ခံစစ်လိုအပ်ချက် ရှိနေတဲ့ လူငယ်အသင်းရဲ့ ယူရိုပါလိဂ် လူစာရင်း ထဲမှာ ပါဝင်လာနိုင်ဖွယ် ရှိပါတယ်။

အာဆင်နယ်ဟာ ၂၀၁၇မှာ စာချုပ်ကိစ္စဆွေးနွေးသူအဖြစ် ဖာမီကို ခန့်အပ်ခဲ့ပေမယ့် အဓိက ကစားသမားတွေ ထွက်ခွာခွင့်ပေးခဲ့ရပြီး တိုးတက်ပြောင်းလဲမှု မရှိခဲ့တဲ့နောက် နောက်လကုန်မှာ သူ့နေရာကို အီဒူနဲ့ ပြောင်းလဲတာဝန်ပေးတော့မှာဖြစ်ပါတယ်။

အာဆင်နယ် ပရိသတ်တွေဟာ ဒီရာသီမှာ ဝီလီယံ ဆလီဘာကို အများကြီး မျှော်လင့်ခဲ့ပေမယ့် ပွဲဦးထွက်ရဖို့ စောင့်နေရဆဲဖြစ်သလို သူက အာဆင်နယ်ရဲ့ အဓိက ကစားသမားဖြစ်လာဖို့ အချိန်ပေး ပြင်ဆင်ရမှာ ဖြစ်ကြောင်း အာတီတာက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်နဲ့ပွဲမတိုင်ခင် အာဆင်နယ်ဟာ ၁၉၉၅-၉၆ ရာသီနောက်ပိုင်း အဆိုးဆုံးအဖြစ် ဒီရာသီ တစ်ပွဲပျမ်းမျှ ၁.၃ဂိုးသာ ရထားပြီး အူဘာမီးယန်း ရုန်းကန်ရမှုနဲ့အတူ ဂိုးပေါက် ကန်သွင်းမှုမှာလဲ ပျမ်းမျှ ၈.၈ကြိမ်သာ ရှိနေတာကြောင့် စိုးရိမ်စရာကောင်းနေပါတယ်။

Zawgyi – လက္ရွိ လိဂ္အမွတ္ေပးဇယားမွာ အဲဗာတန္၊ အက္စ္တြန္ဗီလာတို႔က ထိပ္ဆုံးပိုင္းထဲ ေနရာယူထားၿပီး စီးတီး၊ အာဆင္နယ္၊ယူႏိုက္တက္တို႔က ဇယားအလယ္ကို ေရာက္ေနက်ေပမယ့္ မၾကာခင္မွာ ပုံမွန္ ျပန္ျဖစ္သြားလိမ့္မယ္ လို႔ အာတီတာက ေျပာဆိုခဲ့ပါတယ္။

အူဘာမီးယန္းဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ကလပ္ရဲ႕ စိတ္အခ်ရဆုံး ဂိုးသြင္းသူျဖစ္ခဲ့ေပမယ့္ စာခ်ဳပ္သစ္ ခ်ဳပ္ၿပီးကတည္းက ေျခစြမ္း က်ဆင္းေနခဲ့တာျဖစ္ၿပီး ဂိုးေပါက္ေပ်ာက္ေန ခဲ့တာက စိတ္ပ်က္စရာ ေကာင္းတယ္ လို႔ ေပါလ္မာဆြန္က ဝန္ခံခဲ့ပါတယ္။

စပါးကို ၆-၁နဲ႔ ရႈံးခဲ့ၿပီးကတည္းက ပုံစံေကာင္းေတြ ျပန္ရေနတဲ့ ယူႏိုက္တက္ဟာ အာဆင္နယ္ ကို ဒုကၡေပးႏိုင္တဲ့ အေနအထားရွိတာေၾကာင့္ သူတို႔နဲ႔ေတြ႕ရမယ့္ပြဲအတြက္ စိုးရိမ္ေနတယ္လို႔ ဂန္းနားဂႏၲဝင္ အီယန္႐ိုက္က ဝန္ခံခဲ့ပါတယ္။

လူငယ္ၾကယ္ပြင့္ ဖိုလာရင္ ဘယ္လာဂမ္ အေနနဲ႔ အာဆင္နယ္မွာ ေတာက္ပတဲ့အနာဂတ္ ရွိေနဆဲျဖစ္ေၾကာင္း နည္းျပ အာတီတာက ေျပာဆိုခဲ့ေပမယ့္ အဲ့ဒီ့အတြက္ တိုက္ပြဲဝင္ဖို႔ေတာ့ လိုအပ္တယ္လို႔ အႀကံေပးစကား ဆိုခဲ့ပါတယ္။

အာဆင္နယ္ ယူ၂၃ ေနာက္ခံလူ ဂ်ိဳးဆက္ အိုလိုဝူဟာ ေကာ့ခ္စီးတီးမွာ အငွားကစားၿပီး တန္းဆင္းခဲ့ရတဲ့ေနာက္ ကလပ္ထံ ျပန္လာေတာ့မွာျဖစ္ၿပီး ခံစစ္လိုအပ္ခ်က္ ရွိေနတဲ့ လူငယ္အသင္းရဲ႕ ယူ႐ိုပါလိဂ္ လူစာရင္း ထဲမွာ ပါဝင္လာႏိုင္ဖြယ္ ရွိပါတယ္။

အာဆင္နယ္ဟာ ၂၀၁၇မွာ စာခ်ဳပ္ကိစၥေဆြးေႏြးသူအျဖစ္ ဖာမီကို ခန္႔အပ္ခဲ့ေပမယ့္ အဓိက ကစားသမားေတြ ထြက္ခြာခြင့္ေပးခဲ့ရၿပီး တိုးတက္ေျပာင္းလဲမႈ မရွိခဲ့တဲ့ေနာက္ ေနာက္လကုန္မွာ သူ႔ေနရာကို အီဒူနဲ႔ ေျပာင္းလဲတာဝန္ေပးေတာ့မွာျဖစ္ပါတယ္။

အာဆင္နယ္ ပရိသတ္ေတြဟာ ဒီရာသီမွာ ဝီလီယံ ဆလီဘာကို အမ်ားႀကီး ေမွ်ာ္လင့္ခဲ့ေပမယ့္ ပြဲဦးထြက္ရဖို႔ ေစာင့္ေနရဆဲျဖစ္သလို သူက အာဆင္နယ္ရဲ႕ အဓိက ကစားသမားျဖစ္လာဖို႔ အခ်ိန္ေပး ျပင္ဆင္ရမွာ ျဖစ္ေၾကာင္း အာတီတာက ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္နဲ႔ပြဲမတိုင္ခင္ အာဆင္နယ္ဟာ ၁၉၉၅-၉၆ ရာသီေနာက္ပိုင္း အဆိုးဆုံးအျဖစ္ ဒီရာသီ တစ္ပြဲပ်မ္းမွ် ၁.၃ဂိုးသာ ရထားၿပီး အူဘာမီးယန္း ႐ုန္းကန္ရမႈနဲ႔အတူ ဂိုးေပါက္ ကန္သြင္းမႈမွာလဲ ပ်မ္းမွ် ၈.၈ႀကိမ္သာ ရွိေနတာေၾကာင့္ စိုးရိမ္စရာေကာင္းေနပါတယ္။