တိုက်စစ်ပိုင်းကို အားဖြည့်မှု မတိုင်ခင် တိုက်စစ်သမား လေးဦးထိ လက်လွတ်မယ့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှာ အင်အားဖြည့်ပြီး တိုးတက်မှုကြီး ရှိအောင် လုပ်ဆောင်ဖို့ စီစဉ်နေပေမယ့် နွေမှာတော့ နည်းပြ ဆိုးရှားက လက်ရှိ အသင်းမှ တိုက်စစ်သမား လေးဦးထိ လက်လွှတ်ရဖွယ် ရှိနေပါတယ်။

ဆန်ချို၊ ဂရေးလစ်ချ်တို့ကို ခေါ်ယူဖို့ ယူနိုက်တက် ပြင်ဆင်နေပေမယ့် မျှော်လင့်သလို ဖြစ်မလာရင် လက်လွှတ်ရမယ့် ကစားသမားတွေ ရှိနေတာကြောင့် ယူနိုက်တက် တိုက်စစ် အင်အားက ပို နည်းသွားဖွယ်တောင် ရှိနေတာပါ။ အင်္ဂလန်သတင်းဌာနတွေက ဖော်ပြထားတဲ့ ယူနိုက်တက် ရောင်းချဖွယ် ရှိတဲ့ တိုက်စစ်သမားတွေကို ဖော်ပြပေးပါမယ်။

ဆန်းချက်

ဒီရာသီ အစောပိုင်းကတော့ နည်းပြ ဆိုးရှားက နောက်ရာသီမှာ ဆန်းချက်ကို ပြန်ခေါ်ပြီး အခွင့်အရေးပေးမယ် ပြောခဲ့ဖူးပါတယ်။ ချီလီသားဟာ ပြီးခဲ့တဲ့ နွေကမှ အင်တာမီလန်မှာ အငှား စတင် ကစားနေတာ ဖြစ်ပြီး သွင်းဂိုး ၅ ဂိုးသာ အင်တာ အတွက် သွင်းယူထားနိုင်ပါတယ်။ ဆိုးရှားက ဆန်းချက်ကို ပြန်ခေါ်မယ် ဆိုထားပေမယ့် ဆန်းချက်ရဲ့ မြင့်မားတဲ့ လစာကြောင့် ပြန်ခေါ်ထားတာ ထက် ရောင်းချဖို့သာ အသင်းတာဝန်ရှိသူတွေက လိုလားနေပါတယ်။

လင်ဂတ်

လင်ဂတ်က လူမှုရေး ညက်လွန်းတာကြောင့် ယူနိုက်တက် အဝတ်လဲခန်းမှာတော့ လူချစ်လူခင်များတဲ့ သူ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ၂၀၁၈ ကမ္ဘာ့ဖလားပွဲ နောက်ပိုင်းတည်းက ခြေစွမ်းမြုပ်နေတာ ဖြစ်ပြီး လောလောဆယ်မှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရပါတယ်။ ပရီးမီးယားလိဂ်မှာ ဂိုးမသွင်းနိုင်တာ ဂိုးထောက်ပံ့မှု မလုပ်နိုင်တာကလည်း တစ်နှစ်ကျော်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီကုန်မှာတော့ ရောင်းခံရဖွယ် ရှိပြီး အသက် ၂၇ နှစ် အရွယ် အင်္ဂလန်သားကို ခေါ်ဖို့ နယူးကာဆယ်၊ အဲဗာတန်၊ ဝက်စ်ဟမ်းနဲ့ လက်စတာတို့ စိတ်ဝင်စားနေကြပါတယ်။

အိန်ဂျယ် ဂိုးမက်စ်

မေဆန်ဂရင်းဝုဒ် နာမည်ကျော် မလာခင်က အကယ်ဒီမှာ အတောက်ပဆုံး ဖြစ်လာမယ့်သူ အဖြစ် ဂိုးမက်စ်ကို မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမယ့် အသက် ၁၉ နှစ် အရွယ် တိုက်စစ်သမားကို ယူနိုက်တက်က ဒီနွေမှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ရဖွယ် ရှိနေပါတယ်။ ချယ်ဆီး ပစ်မှတ်ထား နေတာကြောင့် ဂိုးမက်စ်ကို သက်တမ်းတိုးလိုပေမယ့် ကစားသမားဘက်က သဘောတူခြင်း မရှိပါဘူး။

ဆိုတိုနာ

မန်ချက်စတာ ယူနိုက်တက်ရဲ့ အံ့ဖွယ်လူငယ်လေး ဒီဂျီ ဆိုတိုနာကတော့ အသင်းရဲ့ သွားနေတဲ့ လမ်းကြောင်းအေပါ် မေးခွန်းထုတ်မှုတွေ ရှိနေပါတယ်။ အသက် ၁၇ နှစ် အရွယ် လူငယ်လေးက ယူနိုက်တက်နဲ့ ပရို စာချုပ် ချုပ်ဆိုရခြင်း မရှိသေးဘဲ ဒီနွေမှာ ထွက်ခွာသွားဖွယ် ရှိနေတာပါ။ ၎င်းကို စပိန်၊ အီတလီနဲ့ ဂျာမနီက ကလပ်အသင်းတွေက ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ဟာ တိုက္စစ္မွာ အင္အားျဖည့္ျပီး တိုးတက္မႈၾကီး ရွိေအာင္ လုပ္ေဆာင္ဖုိ႔ စီစဥ္ေနေပမယ့္ ေႏြမွာေတာ့ နည္းျပ ဆိုးရွားက လက္ရွိ အသင္းမွ တိုက္စစ္သမား ေလးဦးထိ လက္လႊတ္ရဖြယ္ ရွိေနပါတယ္။

ဆန္ခ်ိဳ၊ ဂေရးလစ္ခ်္တို႔ကို ေခၚယူဖို႔ ယူနိုက္တက္ ျပင္ဆင္ေနေပမယ့္ ေမွ်ာ္လင့္သလို ျဖစ္မလာရင္ လက္လႊတ္ရမယ့္ ကစားသမားေတြ ရွိေနတာေၾကာင့္ ယူနိုက္တက္ တိုက္စစ္ အင္အားက ပို နည္းသြားဖြယ္ေတာင္ ရွိေနတာပါ။ အဂၤလန္သတင္းဌာနေတြက ေဖာ္ျပထားတဲ့ ယူနုိက္တက္ ေရာင္းခ်ဖြယ္ ရွိတဲ့ တိုက္စစ္သမားေတြကို ေဖာ္ျပေပးပါမယ္။

ဆန္းခ်က္

ဒီရာသီ အေစာပိုင္းကေတာ့ နည္းျပ ဆိုးရွားက ေနာက္ရာသီမွာ ဆန္းခ်က္ကို ျပန္ေခၚျပီး အခြင့္အေရးေပးမယ္ ေျပာခဲ့ဖူးပါတယ္။ ခ်ီလီသားဟာ ျပီးခဲ့တဲ့ ေႏြကမွ အင္တာမီလန္မွာ အငွား စတင္ ကစားေနတာ ျဖစ္ျပီး သြင္းဂိုး ၅ ဂိုးသာ အင္တာ အတြက္ သြင္းယူထားနုိင္ပါတယ္။ ဆိုးရွားက ဆန္းခ်က္ကို ျပန္ေခၚမယ္ ဆိုထားေပမယ့္ ဆန္းခ်က္ရဲ႕ ျမင့္မားတဲ့ လစာေၾကာင့္ ျပန္ေခၚထားတာ ထက္ ေရာင္းခ်ဖို႔သာ အသင္းတာ၀န္ရွိသူေတြက လိုလားေနပါတယ္။

လင္ဂတ္

လင္ဂတ္က လူမႈေရး ညက္လြန္းတာေၾကာင့္ ယူနိုက္တက္ အ၀တ္လဲခန္းမွာေတာ့ လူခ်စ္လူခင္မ်ားတဲ့ သူ ျဖစ္ပါတယ္။ အဂၤလန္သားဟာ ၂၀၁၈ ကမၻာ့ဖလားပြဲ ေနာက္ပိုင္းတည္းက ေျခစြမ္းျမဳပ္ေနတာ ျဖစ္ျပီး ေလာေလာဆယ္မွာေတာ့ ေျခစြမ္းျပဖို႔ ရုန္းကန္ေနရပါတယ္။ ပရီးမီးယားလိဂ္မွာ ဂိုးမသြင္းနုိင္တာ ဂိုးေထာက္ပံ့မႈ မလုပ္နိုင္တာကလည္း တစ္နွစ္ေက်ာ္ျပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီရာသီကုန္မွာေတာ့ ေရာင္းခံရဖြယ္ ရွိျပီး အသက္ ၂၇ နွစ္ အရြယ္ အဂၤလန္သားကို ေခၚဖို႔ နယူးကာဆယ္၊ အဲဗာတန္၊ ၀က္စ္ဟမ္းနဲ႕ လက္စတာတို႔ စိတ္၀င္စားေနၾကပါတယ္။

အိန္ဂ်ယ္ ဂိုးမက္စ္

ေမဆန္ဂရင္း၀ုဒ္ နာမည္ေက်ာ္ မလာခင္က အကယ္ဒီမွာ အေတာက္ပဆံုး ျဖစ္လာမယ့္သူ အျဖစ္ ဂိုးမက္စ္ကို ေမွ်ာ္လင့္ခဲ့ၾကတာပါ။ ဒါေပမယ့္ အသက္ ၁၉ နွစ္ အရြယ္ တုိက္စစ္သမားကို ယူနိုက္တက္က ဒီေႏြမွာ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ လက္လႊတ္ရဖြယ္ ရွိေနပါတယ္။ ခ်ယ္ဆီး ပစ္မွတ္ထား ေနတာေၾကာင့္ ဂိုးမက္စ္ကို သက္တမ္းတိုးလိုေပမယ့္ ကစားသမားဘက္က သေဘာတူျခင္း မရွိပါဘူး။

ဆိုတိုနာ

မန္ခ်က္စတာ ယူနုိက္တက္ရဲ႕ အံ့ဖြယ္လူငယ္ေလး ဒီဂ်ီ ဆိုတိုနာကေတာ့ အသင္းရဲ႕ သြားေနတဲ့ လမး္ေၾကာင္းေအပၚ ေမးခြန္းထုတ္မႈေတြ ရွိေနပါတယ္။ အသက္ ၁၇ နွစ္ အရြယ္ လူငယ္ေလးက ယူနုိက္တက္နဲ႕ ပရို စာခ်ဳပ္ ခ်ဳပ္ဆိုရျခင္း မရွိေသးဘဲ ဒီေႏြမွာ ထြက္ခြာသြားဖြယ္ ရွိေနတာပါ။ ၄င္းကို စပိန္၊ အီတလီနဲ႕ ဂ်ာမနီက ကလပ္အသင္းေတြက ေခၚယူဖို႔ ခ်ိတ္ဆက္ေနပါတယ္။