အင်္ဂလန်မြေမှာ ချယ်ဆီးနဲ့ အတူ တလက်လက် တောက်ပနေပြီ ဖြစ်တဲ့ ဟာကင် ဇီယက်

နယ်သာလန်ဘောလုံးလောက ကနေ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့တာက တချို့တွေအတွက် ခက်ခဲပေမယ့် ချယ်ဆီးနဲ့ နောက်ကျတဲ့ပွဲ ဦးထွက်အပြီး ဇီယက်ခ်ျကတော့ မြန်မြန်ဆန်ဆန်ပဲ စတန်းဖို့ဒ်ဘရစ်ခ်ျရဲ့ ကြယ်ပွင့် တစ်ပွင့် ဖြစ်လာခဲ့ပါတယ်။ တောင်ပံ ကစားသမားဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း အနောက်လန်ဒန်ကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တာဖြစ်ပြီး မတ် ၇ ရက်မှာ အေဂျက်အတွက် နောက်ဆုံးပွဲ ကစားပေးခဲ့ပါတယ်။

ဒါပေမယ့် သူဟာ ဒဏ်ရာပြဿနာကြောင့် ၂၀၂၀-၂၀၂၁ ရာသီအစကို လွဲချော်ခဲ့ပြီး အောက်တိုဘာ ၁၇မှာ လူစားဝင်ကစားသမားအနေနဲ့ ပထမဆုံးတစ်ပွဲသာ ကစားခဲ့ရတာပါ။ ၂ပတ် အကြာမှာတော့ ဇီယက်ခ်ျ ဟာ ၂၀၁၄တုန်းက ကော်စတာနောက်ပိုင်း ကလပ်အတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တဲ့၂ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံး ချယ်ဆီး ကစားသမားဖြစ်လာခဲ့ပါတယ်။

ညက ဘန်လေနဲ့ပွဲမှာ တီမိုဗာနာ၊ ကိုင်ဟားဗတ်နဲ့တန်မီအေဗရာဟမ်တို့အားလုံးပါဝင်ခဲ့ကြပေမယ့် ၃-ဝနဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဇီယက်ခ်ျက အားလုံးရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ပွဲမတိုင်ခင် သွေးပူ လေ့ကျင့်ခန်း လုပ်ရင်း ပူလီဆစ် ဒဏ်ရာရခဲ့တာကြောင့် ချယ်ဆီးဟာ ပေါင် ၃၇သန်း တန် ကစားသမားကို ပွဲထွက် ကစားစေခဲ့တာလဲ ဖြစ်ပါတယ်။

ဇီယက်ခ်ျဟာ ဗာနာ၊ အေဗရာဟမ်တို့ရဲ့ အကူအညီနဲ့အတူ သေသပ်တဲ့ အဆုံးသတ်မှုနဲ့ အဖွင့်ဂိုး သွင်းယူခဲ့ပြီးနောက် ကတ်ဇူးမားနဲ့ ဗာနာတို့ကလဲ ဂိုးတွေ သွင်းယူပေးခဲ့တာပါ။ ဒါဟာ ခရက်စ်နိုဒါကို ၄-ဝနဲ့နိုင်ခဲ့တဲ့ပွဲမှာ အဓိကနေရာကနေ ပါဝင်ခဲ့တဲ့နောက်ပိုင်း ဇီယက်ခ်ျရဲ့ ပုံစံကောင်းတွေကို နောက်ထပ်တစ်ကြိမ် မြင်တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

မိုရိုကိုသား ကိုယ်တိုင်ကလည်း ချယ်ဆီးမှာ အထိုင်ကျစပြုနေပြီး ပျော်ရွှင်နေပြီ ဖြစ်ကြောင်းနဲ့ ပုံစံကောင်းတွေ ရှေ့ဆက် သယ်ဆောင်သွားလိုကြောင်း ဘန်လေနဲ့ ပွဲ အပြီးမှာ အခုလို ပြောဆိုခဲ့ပါတယ်။

“ဥရောပပွဲတွေကစားပြီးတဲ့အချိန်က အမြဲတမ်း ခက်ခဲပါတယ်၊ ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲ ကစားခဲ့တယ်လို့ ထင်ပါတယ်၊ ကောင်းကောင်းစတင်ခဲ့ပြီးတော့ အခက်အခဲမရှိပဲ အဆုံးသတ်ခဲ့တယ်၊ ဘန်လေက အစမှာ အခွင့်အရေး တစ်ကြိမ် ရခဲ့ပေမယ့် အဲ့နောက်ပိုင်းမှာ ကျွန်တော်တို့က ပွဲကိုထိန်းချုပ်ထားခဲ့တာပါ၊ ကျွန်တော့် အတွက်တော့ သိပ်ကောင်းတဲ့ သီတင်းပတ်ပါပဲ၊ ဒီလို ဆက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်၊ ယုံကြည်ချက်ရှိရှိနဲ့ ကစားပြီးတော့ အမှားတွေ လုပ်မိမှာ ကြောက်မနေဖို့ လိုပါတယ်၊ ဒါပေမယ့် ကျွန်တော် ဒီမှာ တော်တော်လေး အသားကျနေပါပြီ၊ မဟုတ်ရင် မျှော်လင့်သလို ဖြစ်လာမှာမဟုတ်ဘူး၊ ဒီမှာ အရာအားလုံးက အဆင်ပြေပါတယ်” လို့ ဇီယက်ခ်ျက ပြောဆိုခဲ့ပါတယ်။

Zawgyi – နယ္သာလန္ေဘာလုံးေလာက ကေန ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕တာက တခ်ိဳ႕ေတြအတြက္ ခက္ခဲေပမယ့္ ခ်ယ္ဆီးနဲ႔ ေနာက္က်တဲ့ပြဲ ဦးထြက္အၿပီး ဇီယက္ခ္်ကေတာ့ ျမန္ျမန္ဆန္ဆန္ပဲ စတန္းဖို႔ဒ္ဘရစ္ခ္်ရဲ႕ ၾကယ္ပြင့္ တစ္ပြင့္ ျဖစ္လာခဲ့ပါတယ္။ ေတာင္ပံ ကစားသမားဟာ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလအတြင္း အေနာက္လန္ဒန္ကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီခဲ့တာျဖစ္ၿပီး မတ္ ၇ ရက္မွာ ေအဂ်က္အတြက္ ေနာက္ဆုံးပြဲ ကစားေပးခဲ့ပါတယ္။

ဒါေပမယ့္ သူဟာ ဒဏ္ရာျပႆနာေၾကာင့္ ၂၀၂၀-၂၀၂၁ ရာသီအစကို လြဲေခ်ာ္ခဲ့ၿပီး ေအာက္တိုဘာ ၁၇မွာ လူစားဝင္ကစားသမားအေနနဲ႔ ပထမဆုံးတစ္ပြဲသာ ကစားခဲ့ရတာပါ။ ၂ပတ္ အၾကာမွာေတာ့ ဇီယက္ခ္် ဟာ ၂၀၁၄တုန္းက ေကာ္စတာေနာက္ပိုင္း ကလပ္အတြက္ ပထမဆုံး ပြဲထြက္ခြင့္ရခဲ့တဲ့၂ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ ပထမဆုံး ခ်ယ္ဆီး ကစားသမားျဖစ္လာခဲ့ပါတယ္။

ညက ဘန္ေလနဲ႔ပြဲမွာ တီမိုဗာနာ၊ ကိုင္ဟားဗတ္နဲ႔တန္မီေအဗရာဟမ္တို႔အားလုံးပါဝင္ခဲ့ၾကေပမယ့္ ၃-၀နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ဇီယက္ခ္်က အားလုံးရဲ႕ အာ႐ုံစိုက္မႈကို ရရွိခဲ့ပါတယ္။ ပြဲမတိုင္ခင္ ေသြးပူ ေလ့က်င့္ခန္း လုပ္ရင္း ပူလီဆစ္ ဒဏ္ရာရခဲ့တာေၾကာင့္ ခ်ယ္ဆီးဟာ ေပါင္ ၃၇သန္း တန္ ကစားသမားကို ပြဲထြက္ ကစားေစခဲ့တာလဲ ျဖစ္ပါတယ္။

ဇီယက္ခ္်ဟာ ဗာနာ၊ ေအဗရာဟမ္တို႔ရဲ႕ အကူအညီနဲ႔အတူ ေသသပ္တဲ့ အဆုံးသတ္မႈနဲ႔ အဖြင့္ဂိုး သြင္းယူခဲ့ၿပီးေနာက္ ကတ္ဇူးမားနဲ႔ ဗာနာတို႔ကလဲ ဂိုးေတြ သြင္းယူေပးခဲ့တာပါ။ ဒါဟာ ခရက္စ္ႏိုဒါကို ၄-၀နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ အဓိကေနရာကေန ပါဝင္ခဲ့တဲ့ေနာက္ပိုင္း ဇီယက္ခ္်ရဲ႕ ပုံစံေကာင္းေတြကို ေနာက္ထပ္တစ္ႀကိမ္ ျမင္ေတြ႕ခဲ့ရတာပဲ ျဖစ္ပါတယ္။

မိုရိုကိုသား ကိုယ္တိုင္ကလည္း ခ်ယ္ဆီးမွာ အထုိင္က်စျပဳေနျပီး ေပ်ာ္ရႊင္ေနျပီ ျဖစ္ေၾကာင္းနဲ႕ ပံုစံေကာင္းေတြ ေရွ႕ဆက္ သယ္ေဆာင္သြားလိုေၾကာင္း ဘန္ေလနဲ႕ ပြဲ အျပီးမွာ အခုလို ေျပာဆိုခဲ့ပါတယ္။

“ဥေရာပပြဲေတြကစားၿပီးတဲ့အခ်ိန္က အၿမဲတမ္း ခက္ခဲပါတယ္၊ ကြၽန္ေတာ္တို႔ ပြဲေကာင္းတစ္ပြဲ ကစားခဲ့တယ္လို႔ ထင္ပါတယ္၊ ေကာင္းေကာင္းစတင္ခဲ့ၿပီးေတာ့ အခက္အခဲမရွိပဲ အဆုံးသတ္ခဲ့တယ္၊ ဘန္ေလက အစမွာ အခြင့္အေရး တစ္ႀကိမ္ ရခဲ့ေပမယ့္ အဲ့ေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔က ပြဲကိုထိန္းခ်ဳပ္ထားခဲ့တာပါ၊ ကြၽန္ေတာ့္ အတြက္ေတာ့ သိပ္ေကာင္းတဲ့ သီတင္းပတ္ပါပဲ၊ ဒီလို ဆက္သြားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္၊ ယုံၾကည္ခ်က္ရွိရွိနဲ႔ ကစားၿပီးေတာ့ အမွားေတြ လုပ္မိမွာ ေၾကာက္မေနဖို႔ လိုပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္ ဒီမွာ ေတာ္ေတာ္ေလး အသားက်ေနပါၿပီ၊ မဟုတ္ရင္ ေမွ်ာ္လင့္သလို ျဖစ္လာမွာမဟုတ္ဘူး၊ ဒီမွာ အရာအားလုံးက အဆင္ေျပပါတယ္” လို႔ ဇီယက္ခ္်က ေျပာဆိုခဲ့ပါတယ္။