ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (02/11/20)

မန်ချက်စတာ ယူနိုက်တက်ဟာ ညက အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရတဲ့ အာဆင်နယ်နဲ့ ပွဲမှာ အူဘာမီးယန်းရဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ကာ အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ဆက် ရှိနေခဲ့ရပြီ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပထမဆုံးလိဂ် အိမ်ကွင်းနိုင်ပွဲရဖို့ စောင့်နေရဆဲဖြစ်သလို အာဆင်နယ်ကို ရှုံးခဲ့တဲ့ပွဲမှာ အရင်ကလို ပြိုင်ဆိုင်မှုပြင်းထန်မှုတွေ၊ ဖျက်ထုတ်မှုတွေနဲ့ အရှိန်အဟုန် ကင်းမဲ့နေခဲ့ပြီး တိုက်ပွဲဝင် စိတ်ဓာတ် ပျောက်ဆုံးနေခဲ့တယ်လို့ ဆိုးလ်ရှားက ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ စိန်ပုံကွင်းလယ်ဟာ လိုက်ပ်ဇစ်နဲ့ပွဲမှာ အောင်မြင်ခဲ့ပေမယ့် အာဆင်နယ်ကို ရှုံးခဲ့သလို နောက်တန်းက ပြဿနာတွေကြောင့် အမြဲ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ဂယ်ရီနဗီးက သတိပေး စကားဆိုခဲ့ပါတယ်။

ကွင်းလယ်လူပေါ့ဘာကတော့ ဒီရှုံးပွဲမှာ မိမိသာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီး သူ့ကြောင့် အာဆင်နယ်ကို ပေးခဲ့ရတဲ့ ပင်နယ်တီက ပွဲကို အဆုံးအဖြတ်ပေးခဲ့သလို အဲ့ဒီ့လို ရူးမိုက်တဲ့ ပြစ်ဒဏ်ကျူးလွန်မှုမျိုး မလုပ်ခဲ့သင့်ဘူးလို့ နောင်တစကား ပြောဆိုခဲ့ပါတယ်။

ကာဗာနီဟာ အာဆင်နယ်နဲ့ပွဲမှာ လူစားမဝင်ရခင် သွေးပူလေ့ကျင့်ခန်း မလုပ်ခဲ့တာကို မြင်ခဲ့ရတဲ့ ရွိုင်ကိန်းက ဝေဖန်ပြစ်တင်ခဲ့ပြီး ကလပ်ကစားသမားတွေရဲ့ စိတ်ဓာတ်အပေါ် မေးခွန်းထုတ်ခဲ့သလို ဆိုးလ်ရှား အလုပ်ပြုတ်တော့မယ် လို့ ထင်ကြေးပေးခဲ့ပါတယ်။

အာတီတာရဲ့ အသင်းနဲ့ ရင်ဆိုင်ရာမှာ ဖရက်နဲ့ တော်မီနေးတို့က ယူနိုက်တက် ကွင်းလယ်ရဲ့ အတွင်းအကျဆုံး ကစားသမားတွေဖြစ်ခဲ့ပြီး အဓိကဧရိယာတွေမှာ လုံလောက်တဲ့ အားထုတ်ပေးဆပ်မှုမျိုး မရှိခဲ့ဘူးလို့ ပေါလ်စခိုးက ဝေဖန်ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်က လိုအပ်နေတဲ့အချိန်မှာ ရက်ရှ်ဖို့ဒ်ဟာ အရင်ပွဲတွေတုန်းကလို အားထုတ်မှု ကင်းမဲ့ခဲ့ပြီး ကွင်းထဲမှာ လုပ်သလိုမဖြစ်ရင် ပုခုံးတွန့်ရုံသာ လုပ်တတ်တာက ခေါင်းဆောင်ကောင်း မဖြစ်နိုင်ဘူးလို့ ရွိုင်ကိန်းက အပြစ်တင်ပြောဆိုခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ညက အိမ္ကြင္းအိုးထရက္ဖို႔ဒ္မွာ ကစားခဲ့ရတဲ့ အာဆင္နယ္နဲ႕ ပြဲမွာ အူဘာမီးယန္းရဲ႕ ပင္နယ္တီ သြင္းဂိုးေၾကာင့္ တစ္ဂိုး ဂိုးမရွိနဲ႕ ရွံဳးနိမ့္ကာ အမွတ္ေပးဇယား အဆင့္ ၁၅ ေနရာမွာ ဆက္ ရွိေနခဲ့ရျပီ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ပထမဆုံးလိဂ္ အိမ္ကြင္းႏိုင္ပြဲရဖို႔ ေစာင့္ေနရဆဲျဖစ္သလို အာဆင္နယ္ကို ရႈံးခဲ့တဲ့ပြဲမွာ အရင္ကလို ၿပိဳင္ဆိုင္မႈျပင္းထန္မႈေတြ၊ ဖ်က္ထုတ္မႈေတြနဲ႔ အရွိန္အဟုန္ ကင္းမဲ့ေနခဲ့ၿပီး တိုက္ပြဲဝင္ စိတ္ဓာတ္ ေပ်ာက္ဆုံးေနခဲ့တယ္လို႔ ဆိုးလ္ရွားက ဝန္ခံခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ စိန္ပုံကြင္းလယ္ဟာ လိုက္ပ္ဇစ္နဲ႔ပြဲမွာ ေအာင္ျမင္ခဲ့ေပမယ့္ အာဆင္နယ္ကို ရႈံးခဲ့သလို ေနာက္တန္းက ျပႆနာေတြေၾကာင့္ အၿမဲ အလုပ္ျဖစ္မွာမဟုတ္ဘူးလို႔ ဂယ္ရီနဗီးက သတိေပး စကားဆိုခဲ့ပါတယ္။

ကြင္းလယ္လူေပါ့ဘာကေတာ့ ဒီရႈံးပြဲမွာ မိမိသာ အျပစ္ရွိေၾကာင္း ဝန္ခံခဲ့ၿပီး သူ႔ေၾကာင့္ အာဆင္နယ္ကို ေပးခဲ့ရတဲ့ ပင္နယ္တီက ပြဲကို အဆုံးအျဖတ္ေပးခဲ့သလို အဲ့ဒီ့လို ႐ူးမိုက္တဲ့ ျပစ္ဒဏ္က်ဴးလြန္မႈမ်ိဳး မလုပ္ခဲ့သင့္ဘူးလို႔ ေနာင္တစကား ေျပာဆိုခဲ့ပါတယ္။

ကာဗာနီဟာ အာဆင္နယ္နဲ႔ပြဲမွာ လူစားမဝင္ရခင္ ေသြးပူေလ့က်င့္ခန္း မလုပ္ခဲ့တာကို ျမင္ခဲ့ရတဲ့ ႐ြိဳင္ကိန္းက ေဝဖန္ျပစ္တင္ခဲ့ၿပီး ကလပ္ကစားသမားေတြရဲ႕ စိတ္ဓာတ္အေပၚ ေမးခြန္းထုတ္ခဲ့သလို ဆိုးလ္ရွား အလုပ္ျပဳတ္ေတာ့မယ္ လို႔ ထင္ေၾကးေပးခဲ့ပါတယ္။

အာတီတာရဲ႕ အသင္းနဲ႔ ရင္ဆိုင္ရာမွာ ဖရက္နဲ႔ ေတာ္မီေနးတို႔က ယူႏိုက္တက္ ကြင္းလယ္ရဲ႕ အတြင္းအက်ဆုံး ကစားသမားေတြျဖစ္ခဲ့ၿပီး အဓိကဧရိယာေတြမွာ လုံေလာက္တဲ့ အားထုတ္ေပးဆပ္မႈမ်ိဳး မရွိခဲ့ဘူးလို႔ ေပါလ္စခိုးက ေဝဖန္ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္က လိုအပ္ေနတဲ့အခ်ိန္မွာ ရက္ရွ္ဖို႔ဒ္ဟာ အရင္ပြဲေတြတုန္းကလို အားထုတ္မႈ ကင္းမဲ့ခဲ့ၿပီး ကြင္းထဲမွာ လုပ္သလိုမျဖစ္ရင္ ပုခုံးတြန႔္႐ုံသာ လုပ္တတ္တာက ေခါင္းေဆာင္ေကာင္း မျဖစ္ႏိုင္ဘူးလို႔ ႐ြိဳင္ကိန္းက အျပစ္တင္ေျပာဆိုခဲ့ပါတယ္။