ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (02/11/20)

မနေ့က အာဆင်နယ်ကို ရှုံးခဲ့တဲ့နောက် ယူနိုက်တက်ဟာ နွေရာသီအတွင်း ဂျေဒန်ဆန်ချို ဒါမှမဟုတ် နောက်ထပ် တောင်ပံ ကစားသမား တစ်ယောက် မခေါ်ယူနိုင်ခဲ့တာက တကယ့် ဆိုးဝါးတဲ့ အမှားလုပ်ခဲ့တာဖြစ်တယ်လို့ ဂယ်ရီနဗီးက ယုံကြည်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေ အနေနဲ့ ရှုံးပွဲ အပေါ်မှာ စိတ်ခံစားချက်တွေ ထွေပြား မနေဘဲ ရှေ့လာမယ့် ပွဲစဉ်တွေ အတွက် အာရုံအပြည့် စိုက်ထားကြဖို့ ကာဗာနီက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် လူငယ်တိုက်စစ်သမား မေဆန်ဂရင်းဝုဒ် ဟာ ဒီလထဲ နိုင်ငံပွဲတွေ အတွက် အင်္ဂလန် လက်ရွေးစင် အသင်းမှာ ပြန် အရွေးချယ်ခံ ပါဝင်ရဖို့ ရှိနေကြောင်း The Athletic သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားတွေရဲ့ အင်အားမရှိ၊ စိတ်အားထက်သန်မှုမရှိတဲ့ပုံစံက စိုးရိမ်စရာကောင်းနေပြီး သူတို့ဟာ အရည်အချင်းနဲ့ တည်ငြိမ်မှု လည်း မရှိသလို တချို့ စွမ်းဆောင်ရည်တွေက တကယ်ကို ဆိုးဝါးခဲ့တယ်လို့ ရွိုင်ကိန်းက ဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ ပေါ့ဘာကို ကွင်းလယ်မှာ နေရာပေး ခင်းကျင်းဖို့ အခက်တွေ့နေတာကြောင့် လောလောဆယ် ပြင်သစ်သားကို အရန်ခုံမှာ ထိုင်ထားခိုင်းတာက အကောင်းဆုံး ဖြစ်မယ်လို့ ဖရန့် လီဘိုးက အကြံပေးခဲ့ပါတယ်။

ယူနိုက်တက်က အသင်းကြယ်ပွင့် ကစားသမားတွေဟာ နည်းပြ အပေါ် လေးစားမှု ရှိကြရဲ့လား ဆိုတာ မေးခွန်းထုတ်ရမှာ ဖြစ်ကြောင်း ဝက်ဖို့ဒ် ကစားသမား ထရွိုင် ဒီနေးက ထောက်ပြခဲ့ပါတယ်။

Zawgyi – မေန႔က အာဆင္နယ္ကို ရႈံးခဲ့တဲ့ေနာက္ ယူႏိုက္တက္ဟာ ေႏြရာသီအတြင္း ေဂ်ဒန္ဆန္ခ်ိဳ ဒါမွမဟုတ္ ေနာက္ထပ္ ေတာင္ပံ ကစားသမား တစ္ေယာက္ မေခၚယူႏိုင္ခဲ့တာက တကယ့္ ဆိုးဝါးတဲ့ အမွားလုပ္ခဲ့တာျဖစ္တယ္လို႔ ဂယ္ရီနဗီးက ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းသားေတြ အေနနဲ႕ ရွံဳးပြဲ အေပၚမွာ စိတ္ခံစားခ်က္ေတြ ေထြျပား မေနဘဲ ေရွ႕လာမယ့္ ပြဲစဥ္ေတြ အတြက္ အာရံုအျပည့္ စိုက္ထားၾကဖို႔ ကာဗာနီက တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ လူငယ္တိုက္စစ္သမား ေမဆန္ဂရင္း၀ုဒ္ ဟာ ဒီလထဲ နုိင္ငံပြဲေတြ အတြက္ အဂၤလန္ လက္ေရြးစင္ အသင္းမွာ ျပန္ အေရြးခ်ယ္ခံ ပါ၀င္ရဖို႔ ရွိေနေၾကာင္း The Athletic သတင္းဌာနက ေဖာ္ထုတ္ခဲ့ပါတယ္။

ယူႏိုက္တက္ ကစားသမားေတြရဲ႕ အင္အားမရွိ၊ စိတ္အားထက္သန္မႈမရွိတဲ့ပုံစံက စိုးရိမ္စရာေကာင္းေနၿပီး သူတို႔ဟာ အရည္အခ်င္းနဲ႔ တည္ၿငိမ္မႈ လည္း မရွိသလို တခ်ိဳ႕ စြမ္းေဆာင္ရည္ေတြက တကယ္ကို ဆိုးဝါးခဲ့တယ္လို႔ ႐ြိဳင္ကိန္းက ေဝဖန္ခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ ေပါ့ဘာကို ကြင္းလယ္မွာ ေနရာေပး ခင္းက်င္းဖို႔ အခက္ေတြ႔ေနတာေၾကာင့္ ေလာေလာဆယ္ ျပင္သစ္သားကို အရန္ခံုမွာ ထိုင္ထားခိုင္းတာက အေကာင္းဆံုး ျဖစ္မယ္လို႔ ဖရန္႔ လီဘိုးက အၾကံေပးခဲ့ပါတယ္။

ယူနိုက္တက္က အသင္းၾကယ္ပြင့္ ကစားသမားေတြဟာ နည္းျပ အေပၚ ေလးစားမႈ ရွိၾကရဲ႕လား ဆိုတာ ေမးခြန္းထုတ္ရမွာ ျဖစ္ေၾကာင္း ၀က္ဖို႔ဒ္ ကစားသမား ထရြိဳင္ ဒီေနးက ေထာက္ျပခဲ့ပါတယ္။