ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (02/11/20)

ချယ်ဆီးနည်းပြ လမ်းပတ်ဟာ သူ့အသင်းမှာ ဟန်ချက်ညီမှုကို တိုးမြှင့်ဖို့အတွက် ကိုင်ဟားဗတ်ကို ဟိုဟိုဒီဒီ ပြောင်းလဲကစားစေခဲ့သလို ဂျာမန်ကစားသမားရဲ့ အရည်အသွေးနဲ့ မတူညီတဲ့နေရာတွေမှာ ကစားနိုင်တဲ့စွမ်းရည်ကို ချီးကျူးခဲ့ပါတယ်။

ကတ်ဇူးမားဟာ ဒီရာသီ ချယ်ဆီးခံစစ်မှာ ပုံမှန် ကစားသမားဖြစ်လာခဲ့ပေမယ့် နည်းပြလမ်းပတ်ကို သက်သေပြဖို့ လိုသေးတယ်လို့ ခံစားနေရဆဲဖြစ်သလို လူစာရင်းမှာ ရွေးခံရတိုင်း ခြေစွမ်းပြနိုင်ဖို့ ဖိအားတွေကြောင့် အနားမယူနိုင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။

မန်ဒီဟာ ချယ်ဆီးအတွက် ကစားပေးခဲ့တဲ့ ပထမဆုံး ၆ပွဲမှာ ၁ဂိုးသာ ပေးခဲ့ရတာဖြစ်သလို စပါးနဲ့ပွဲမှာထဲက သူဟာ အသင်းက လိုအပ်နေခဲ့တဲ့ စိတ်ချယုံကြည်ရမှုမျိုး ပေးနိုင်တယ်ဆိုတာ သက်သေပြခဲ့တာ ဖြစ်တယ် လို့ လမ်းပတ်က ချီးကျူးခဲ့ပါတယ်။

ရီးဒင်း လူငယ်ကြယ်ပွင့် မိုက်ကယ် အိုလစ်ဟာ ဒီရာသီ ချန်ပီယံရှစ်မှာ တောက်ပနေခဲ့တာ ဖြစ်သလို ထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှုကိုရခဲ့တဲ့အထဲမှာ ချယ်ဆီးလဲ ပါဝင်လာခဲ့ပြီး အသင်းများစွာက ၎င်းကို ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

ချယ်ဆီးနောက်ခံလူ အီမာဆန်ဟာ နာပိုလီနဲ့ ခိုင်မာတဲ့ ချိတ်ဆက်မှု ရှိခဲ့သလို စီးရီးအေမှာ ပိုများတဲ့လစာရယူဖို့ အလိုရှိနေခဲ့တာဖြစ်ပြီး ခံစစ်မှာ ရွေးချယ်စရာ အင်အားများနေတဲ့ ချယ်ဆီးကလဲ သူ့ကို ဇန်နဝါရီမှာ အငှားချဖို့ အဆင်သင့် ဖြစ်နေပါတယ်။

ချယ်ဆီးဟာ မယ်လ်မို နောက်ခံလူ အေနယ် အာမက်ဟော့ဇစ်ကို ဆက်လက်စောင့်ကြည့်နေပြီး ပေါင်၇.၂သန်းနဲ့ ကမ်းလှမ်းဖို့ ထင်ကြေးပေးခံ ခဲ့ရပေမယ့် သူ့မျာ စာချုပ်၃နှစ်ရှိနေတာကြောင့် ပိုမြင့်မားတဲ့ပမာဏရရှိဖို့ ဖြစ်နိုင်နေပါတယ်။

ဘန်လေနဲ့ ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းလုပ်ရာမှာ ပူလီဆစ် ဒဏ်ရာရခဲ့တာကြောင့် တီမိုဗာနာက အစားဝင်ကစားခဲ့ကာ ဂိုးသွင်းယူခဲ့သလို ဒါဟာ ချယ်ဆီးအသင်းရဲ့ လူအင်အား တောင့်တင်းမှုကို ပြသခဲ့တာဖြစ်တယ်လို့ ဘင်ချီဝဲက ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ သူ႔အသင္းမွာ ဟန္ခ်က္ညီမႈကို တိုးျမႇင့္ဖို႔အတြက္ ကိုင္ဟားဗတ္ကို ဟိုဟိုဒီဒီ ေျပာင္းလဲကစားေစခဲ့သလို ဂ်ာမန္ကစားသမားရဲ႕ အရည္အေသြးနဲ႔ မတူညီတဲ့ေနရာေတြမွာ ကစားႏိုင္တဲ့စြမ္းရည္ကို ခ်ီးက်ဴးခဲ့ပါတယ္။

ကတ္ဇူးမားဟာ ဒီရာသီ ခ်ယ္ဆီးခံစစ္မွာ ပုံမွန္ ကစားသမားျဖစ္လာခဲ့ေပမယ့္ နည္းျပလမ္းပတ္ကို သက္ေသျပဖို႔ လိုေသးတယ္လို႔ ခံစားေနရဆဲျဖစ္သလို လူစာရင္းမွာ ေ႐ြးခံရတိုင္း ေျခစြမ္းျပႏိုင္ဖို႔ ဖိအားေတြေၾကာင့္ အနားမယူႏိုင္ဘူးလို႔ ဝန္ခံခဲ့ပါတယ္။

မန္ဒီဟာ ခ်ယ္ဆီးအတြက္ ကစားေပးခဲ့တဲ့ ပထမဆုံး ၆ပြဲမွာ ၁ဂိုးသာ ေပးခဲ့ရတာျဖစ္သလို စပါးနဲ႔ပြဲမွာထဲက သူဟာ အသင္းက လိုအပ္ေနခဲ့တဲ့ စိတ္ခ်ယုံၾကည္ရမႈမ်ိဳး ေပးႏိုင္တယ္ဆိုတာ သက္ေသျပခဲ့တာ ျဖစ္တယ္ လို႔ လမ္းပတ္က ခ်ီးက်ဴးခဲ့ပါတယ္။

ရီးဒင္း လူငယ္ၾကယ္ပြင့္ မိုက္ကယ္ အိုလစ္ဟာ ဒီရာသီ ခ်န္ပီယံရွစ္မွာ ေတာက္ပေနခဲ့တာ ျဖစ္သလို ထိပ္တန္းကလပ္ေတြရဲ႕ စိတ္ဝင္စားမႈကိုရခဲ့တဲ့အထဲမွာ ခ်ယ္ဆီးလဲ ပါဝင္လာခဲ့ၿပီး အသင္းမ်ားစြာက ၎ကို ေခၚယူႏိုင္ဖို႔ ေစာင့္ၾကည့္ေနၾကတာ ျဖစ္ပါတယ္။

ခ်ယ္ဆီးေနာက္ခံလူ အီမာဆန္ဟာ နာပိုလီနဲ႔ ခိုင္မာတဲ့ ခ်ိတ္ဆက္မႈ ရွိခဲ့သလို စီးရီးေအမွာ ပိုမ်ားတဲ့လစာရယူဖို႔ အလိုရွိေနခဲ့တာျဖစ္ၿပီး ခံစစ္မွာ ေ႐ြးခ်ယ္စရာ အင္အားမ်ားေနတဲ့ ခ်ယ္ဆီးကလဲ သူ႔ကို ဇန္နဝါရီမွာ အငွားခ်ဖို႔ အဆင္သင့္ ျဖစ္ေနပါတယ္။

ခ်ယ္ဆီးဟာ မယ္လ္မို ေနာက္ခံလူ ေအနယ္ အာမက္ေဟာ့ဇစ္ကို ဆက္လက္ေစာင့္ၾကည့္ေနၿပီး ေပါင္၇.၂သန္းနဲ႔ ကမ္းလွမ္းဖို႔ ထင္ေၾကးေပးခံ ခဲ့ရေပမယ့္ သူ႔မ်ာ စာခ်ဳပ္၃ႏွစ္ရွိေနတာေၾကာင့္ ပိုျမင့္မားတဲ့ပမာဏရရွိဖို႔ ျဖစ္ႏိုင္ေနပါတယ္။

ဘန္ေလနဲ႔ ပြဲမတိုင္ခင္ ေသြးပူေလ့က်င့္ခန္းလုပ္ရာမွာ ပူလီဆစ္ ဒဏ္ရာရခဲ့တာေၾကာင့္ တီမိုဗာနာက အစားဝင္ကစားခဲ့ကာ ဂိုးသြင္းယူခဲ့သလို ဒါဟာ ခ်ယ္ဆီးအသင္းရဲ႕ လူအင္အား ေတာင့္တင္းမႈကို ျပသခဲ့တာျဖစ္တယ္လို႔ ဘင္ခ်ီဝဲက ေျပာဆိုခဲ့ပါတယ္။