နည်းပြ အာတီတာက အာဆင်နယ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၁၄နှစ်ကြာ မနိုင်ခဲ့ဘူးဆိုတာကို သူ့ ကစားသမားတွေကို မပြောပြခဲ့တာကြောင့် အသင်းသားတွေအနေနဲ့ ပိုပြီး စိတ်အေးလက်အေးနဲ့ ကစားနိုင်ခဲ့တာ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ်ဟာ ယူနိုက်တက်ကို ၁-ဝနဲ့ နိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ဂိုးသွင်းဖို့ အခွင့်အရေး များစွာ ရခဲ့တာဖြစ်သလို သူတို့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ သုံးလေးဂိုးသွင်းပြီး အနိုင်ရခဲ့သင့်တယ်လို့ ရော့ဘ်ဟိုးဒင်း က ဆိုပါတယ်။
အာဆင်နယ်ဟာ မန်စီးတီး၊ လက်စတာတို့ကို ဆက်တိုက်ရှုံးခဲ့တဲ့နောက် အိုးလ်ထရက်ဖို့ဒ်မှာ ၁၄နှစ်အတွင်း ပထမဆုံးအကြိမ် နိုင်ပွဲရခဲ့သလို ဒီပွဲမှာ အကောင်းဆုံး စွမ်းဆောင်ခဲ့တဲ့ အူဘာမီးယန်းနဲ့ ဂါဘရီရယ်တို့ကို ပီယာ့စ်မော်ဂန်က ချီးကျူးခဲ့ပါတယ်။
ယူနိုက်တက်နဲ့ပွဲမတိုင်ခင် အာတီတာက ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်တို့ မှားခဲ့သလိုမျိုး မဖြစ်စေဖို့နဲ့ နေရာလွတ်တွေ ပိတ်ဆို့ထားဖို့ အသင်းသားတွေကို လမ်းညွှန်မှုပေးခဲ့တာက နိုင်ပွဲအတွက် အဓိက ကျခဲ့တယ်လို့ အယ်နီနီက ဖွင့်ဟပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ရဲ့နိုင်ပွဲမှာ Man of the Match အဖြစ် ထိုက်တန်တဲ့ ကစားသမားများစွာ ရှိခဲ့ပြီး ပါတေးနဲ့ အယ်နီနီတို့က ကွင်းလယ်မှာအထင်ကြီးစရာကောင်းခဲ့ပေမယ့်လဲ ဂယ်ရီနဗီးကတော့ ဂါဘရီရယ် မက်ဂါးလက်စ်က အကောင်းဆုံးပါလို့ ဆိုပါတယ်။
အံ့အားသင့်ဖွယ် ပွဲထွက်ခွင့်ရခဲ့တဲ့ အယ်နီနီဟာ ကွင်းလယ်မှာ အထင်ကြီးစရာ လုပ်ပြခဲ့သလို အတ္တကြီးမှုလုံးဝမရှိပဲ အသင်းအတွက် ၁မိနစ်ဖြစ်ဖြစ်၊ ၉၆မိနစ်ဖြစ်ဖြစ် ကစားရတိုင်း အကောင်းဆုံး ပေးဆပ် ကစားတဲ့အပေါ် အာတီတာက ချီးကျူးပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ကွင်းမှာ အာဆင်နယ် နောက်ဆုံးနိုင်ခဲ့တုန်းက ကစားသမားအနေနဲ့တောင် ကလပ်ကိုမရောက်ခဲ့သေးတဲ့ အာတီတာဟာ မနေ့က ပွဲအပြီးမှာတော့ ဟားဘတ်ချက်မန်း နောက်ပိုင်း ယူနိုက်တက်နဲ့ ပထမဆုံး ၂ပွဲကို နိုင်ခဲ့တဲ့ ပထမဆုံး အာဆင်နယ်နည်းပြ ဖြစ်လာခဲ့ပါတယ်။
သောမတ်စ်ပါတေးဟာ ဒုတိယမြောက်လိဂ်ပွဲထွက်မှုမှာ အကောင်းဆုံး ကစားသမားအဖြစ် ထိုက်တန်မှုကိုပြသခဲ့ပြီး အယ်နီနီနဲ့အတူ ယူနိုက်တက်ကွင်းလယ်ကို လွှမ်းမိုးနိုင်ခဲ့သလို သူက ပက်ထရစ်ဗီအဲရာ လက်သစ် ပါပဲလို့ ရွိုင်ကိန်းက ချီးကျူးပြောဆိုခဲ့ပါတယ်။
Zawgyi – နည္းျပ အာတီတာက အာဆင္နယ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ၁၄ႏွစ္ၾကာ မႏိုင္ခဲ့ဘူးဆိုတာကို သူ႔ ကစားသမားေတြကို မေျပာျပခဲ့တာေၾကာင့္ အသင္းသားေတြအေနနဲ႔ ပိုၿပီး စိတ္ေအးလက္ေအးနဲ႔ ကစားႏိုင္ခဲ့တာ ျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
အာဆင္နယ္ဟာ ယူႏိုက္တက္ကို ၁-၀နဲ႔ ႏိုင္ခဲ့ေပမယ့္ ပထမပိုင္းမွာ ဂိုးသြင္းဖို႔ အခြင့္အေရး မ်ားစြာ ရခဲ့တာျဖစ္သလို သူတို႔အေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ သုံးေလးဂိုးသြင္းၿပီး အႏိုင္ရခဲ့သင့္တယ္လို႔ ေရာ့ဘ္ဟိုးဒင္း က ဆိုပါတယ္။
အာဆင္နယ္ဟာ မန္စီးတီး၊ လက္စတာတို႔ကို ဆက္တိုက္ရႈံးခဲ့တဲ့ေနာက္ အိုးလ္ထရက္ဖို႔ဒ္မွာ ၁၄ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ႏိုင္ပြဲရခဲ့သလို ဒီပြဲမွာ အေကာင္းဆုံး စြမ္းေဆာင္ခဲ့တဲ့ အူဘာမီးယန္းနဲ႔ ဂါဘရီရယ္တို႔ကို ပီယာ့စ္ေမာ္ဂန္က ခ်ီးက်ဴးခဲ့ပါတယ္။
ယူႏိုက္တက္နဲ႔ပြဲမတိုင္ခင္ အာတီတာက ပီအက္စ္ဂ်ီ၊ လိုက္ပ္ဇစ္တို႔ မွားခဲ့သလိုမ်ိဳး မျဖစ္ေစဖို႔နဲ႔ ေနရာလြတ္ေတြ ပိတ္ဆို႔ထားဖို႔ အသင္းသားေတြကို လမ္းၫႊန္မႈေပးခဲ့တာက ႏိုင္ပြဲအတြက္ အဓိက က်ခဲ့တယ္လို႔ အယ္နီနီက ဖြင့္ဟေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ရဲ႕ႏိုင္ပြဲမွာ Man of the Match အျဖစ္ ထိုက္တန္တဲ့ ကစားသမားမ်ားစြာ ရွိခဲ့ၿပီး ပါေတးနဲ႔ အယ္နီနီတို႔က ကြင္းလယ္မွာအထင္ႀကီးစရာေကာင္းခဲ့ေပမယ့္လဲ ဂယ္ရီနဗီးကေတာ့ ဂါဘရီရယ္ မက္ဂါးလက္စ္က အေကာင္းဆုံးပါလို႔ ဆိုပါတယ္။
အံ့အားသင့္ဖြယ္ ပြဲထြက္ခြင့္ရခဲ့တဲ့ အယ္နီနီဟာ ကြင္းလယ္မွာ အထင္ႀကီးစရာ လုပ္ျပခဲ့သလို အတၱႀကီးမႈလုံးဝမရွိပဲ အသင္းအတြက္ ၁မိနစ္ျဖစ္ျဖစ္၊ ၉၆မိနစ္ျဖစ္ျဖစ္ ကစားရတိုင္း အေကာင္းဆုံး ေပးဆပ္ ကစားတဲ့အေပၚ အာတီတာက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ကြင္းမွာ အာဆင္နယ္ ေနာက္ဆုံးႏိုင္ခဲ့တုန္းက ကစားသမားအေနနဲ႔ေတာင္ ကလပ္ကိုမေရာက္ခဲ့ေသးတဲ့ အာတီတာဟာ မေန႔က ပြဲအၿပီးမွာေတာ့ ဟားဘတ္ခ်က္မန္း ေနာက္ပိုင္း ယူႏိုက္တက္နဲ႔ ပထမဆုံး ၂ပြဲကို နိုင္ခဲ့တဲ့ ပထမဆုံး အာဆင္နယ္နည္းျပ ျဖစ္လာခဲ့ပါတယ္။
ေသာမတ္စ္ပါေတးဟာ ဒုတိယေျမာက္လိဂ္ပြဲထြက္မႈမွာ အေကာင္းဆုံး ကစားသမားအျဖစ္ ထိုက္တန္မႈကိုျပသခဲ့ၿပီး အယ္နီနီနဲ႔အတူ ယူႏိုက္တက္ကြင္းလယ္ကို လႊမ္းမိုးႏိုင္ခဲ့သလို သူက ပက္ထရစ္ဗီအဲရာ လက္သစ္ ပါပဲလို႔ ႐ြိဳင္ကိန္းက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။