ပြသနာတွေ ရှိနေပေမယ့် အိုဒွိုင်းကို ထရိန်နင် ပြန်ဆင်းခိုင်းဖို့ ချယ်ဆီး စီစဉ်နေ

ချယ်ဆီးအသင်းဟာ တောင်ပံတိုက်စစ်သမား အိုဒွိုင်းကို ကိုရိုနာ ဗိုင်းရပ်စ် ထပ်မံ စစ်ဆေးမှု ပြုလုပ်ပြီး ကင်းရှင်းရင် ဒီတပတ်ထဲမှာပဲ ထရိန်နင် ပြန် ဆင်းစေဖို့ ကြံရွယ်နေပါတယ်။ အိုဒွိုင်းဟာ ဒီတပတ်ထဲမှာပဲ အမျိုးသမီး တစ်ဦး အိမ်ခေါ်တဲ့ ကိစ္စနဲ့ ပြသနာ ရှိထားတာပါ။

အင်္ဂလန်သားဟာ တနင်္ဂနွေနေ့ အစောပိုင်းက ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှု ခံခဲ့ရသော်လည်း အာမခံနဲ့ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ လော့ဒ်ဒေါင်း စည်းမျဉ်း ချိုးဖောက်တာ ဖြစ်လို့ ရဲကို ပြန်သတင်းပို့ဖို့ လိုအပ်သော်လည်း အသင်းနဲ့ ကစားသမား ဘက်ကတော့ ဒီကိစ္စကို တရားဝင် ရှင်းလင်းချက် တစုံတရာ ထုတ်ပြန်ခြင်း မရှိပါဘူး။

လက်ရှိ စည်းမျဉ်းများအရလည်း ရောဂါ လက္ခဏာ မရှိတဲ့ သူစိမ်းတစ်ယောက်နဲ့ တွေ့ဆုံမိရင် ၁၄ ရက် သီးခြားနေဖို့ ညွှန်ကြားချက်တွေလည်း မရှိတာကြောင့် အိုဒွိုင်း ပြန်ကစားဖို့မှာ တားဆီးမှု မရှိဘူး ဆိုရမှာပါ။

အိုဒွိုင်းဟာ မတ်လ နှောင်းပိုင်းထဲမှာ ကိုရိုနာ ကူးစက်ခံခဲ့ရပြီး ပရီးမီးယားလိဂ်မှာတော့ ပထမဆုံးတွေ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါ အရှင်းပျောက်ပြီ ဖြစ်တာကြောင့် ချယ်ဆီးကတော့ အချိန်ဆွဲ မနေဘဲ ပြန်စတင်မယ့် ဘောလုံးပွဲတွေ အတွက် အင်္ဂလန်သားကို ပြန် လေ့ကျင့်ကာ အသင့်ပြင်ဆင် ထားစေလိုနေပါတယ်။

ချယ်ဆီး ကစားသမားတွေနဲ့ အသင်း ဝန်ထမ်းတွေက ပုံမှန် လေ့ကျင့်မှုနဲ့ လုပ်ငန်းတွေ ပြန်လည် စတင်ဖို့ တနင်္လာနေ့ကပဲ ကိုရိုနာ စစ်ဆေးမှု ခံယူခဲ့ကြပြီး ဗုဒ္ဓဟူးနေ့မှာတော့ လေ့ကျင့်မှုတွေ စတင်ဖို့ အပြီးသတ် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ေတာင္ပံတိုက္စစ္သမား အုိဒြိဳင္းကို ကိုရိုနာ ဗိုင္းရပ္စ္ ထပ္မံ စစ္ေဆးမႈ ျပဳလုပ္ျပီး ကင္းရွင္းရင္ ဒီတပတ္ထဲမွာပဲ ထရိန္နင္ ျပန္ ဆင္းေစဖို႔ ၾကံရြယ္ေနပါတယ္။ အိုဒြိဳင္းဟာ ဒီတပတ္ထဲမွာပဲ အမ်ိဳးသမီး တစ္ဦး အိမ္ေခၚတဲ့ ကိစၥနဲ႕ ျပသနာ ရွိထားတာပါ။

အဂၤလန္သားဟာ တနဂၤေႏြေန႔ အေစာပိုင္းက ရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးမႈ ခံခဲ့ရေသာ္လည္း အာမခံနဲ႕ ျပန္လည္ လြတ္ေျမာက္လာခဲ့တာ ျဖစ္ပါတယ္။ ေလာ့ဒ္ေဒါင္း စည္းမ်ဥ္း ခ်ိဳးေဖာက္တာ ျဖစ္လို႔ ရဲကို ျပန္သတင္းပို႔ဖို႔ လိုအပ္ေသာ္လည္း အသင္းနဲ႕ ကစားသမား ဘက္ကေတာ့ ဒီကိစၥကို တရား၀င္ ရွင္းလင္းခ်က္ တစံုတရာ ထုတ္ျပန္ျခင္း မရွိပါဘူး။

လက္ရွိ စည္းမ်ဥ္းမ်ားအရလည္း ေရာဂါ လကၡဏာ မရွိတဲ့ သူစိမ္းတစ္ေယာက္နဲ႕ ေတြ႔ဆံုမိရင္ ၁၄ ရက္ သီးျခားေနဖို႔ ညႊန္ၾကားခ်က္ေတြလည္း မရွိတာေၾကာင့္ အိုဒြိဳင္း ျပန္ကစားဖို႔မွာ တားဆီးမႈ မရွိဘူး ဆိုရမွာပါ။

အိုဒြိဳင္းဟာ မတ္လ ေနွာင္းပိုင္းထဲမွာ ကိုရိုနာ ကူးစက္ခံခဲ့ရျပီး ပရီးမီးယားလိဂ္မွာေတာ့ ပထမဆံုးေတြ႔တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ေရာဂါ အရွင္းေပ်ာက္ျပီ ျဖစ္တာေၾကာင့္ ခ်ယ္ဆီးကေတာ့ အခ်ိန္ဆြဲ မေနဘဲ ျပန္စတင္မယ့္ ေဘာလံုးပြဲေတြ အတြက္ အဂၤလန္သားကို ျပန္ ေလ့က်င့္ကာ အသင့္ျပင္ဆင္ ထားေစလိုေနပါတယ္။

ခ်ယ္ဆီး ကစားသမားေတြနဲ႕ အသင္း ၀န္ထမ္းေတြက ပံုမွန္ ေလ့က်င့္မႈနဲ႕ လုပ္ငန္းေတြ ျပန္လည္ စတင္ဖို႔ တနလၤာေန႔ကပဲ ကိုရိုနာ စစ္ေဆးမႈ ခံယူခဲ့ၾကျပီး ဗုဒၶဟူးေန႔မွာေတာ့ ေလ့က်င့္မႈေတြ စတင္ဖို႔ အျပီးသတ္ ဆံုးျဖတ္မွာ ျဖစ္ပါတယ္။