အာဆင်နယ်ကို ရှုံးခဲ့တဲ့နောက် ဒီရာသီ လိဂ် အိမ်ကွင်းနိုင်ပွဲမရသေးတဲ့ ယူနိုက်တက်နဲ့ ဆိုးလ်ရှားတို့ဟာ ဝေဖန်မှုတွေများစွာ ခံခဲ့ရပေမယ့် ပိုပြီး တောင့်တင်းတဲ့ပုံစံနဲ့ ပြန်လာမှာ ဖြစ်တယ်လို့ ယုံကြည်ကြောင်း ရက်ရှ်ဖို့ဒ်က ပြောဆိုခဲ့ပါတယ်။
လိုက်ပ်ဇစ်ကို နိုင်ပြီးတဲ့နောက် ယူနိုက်တက်ဟာ အရမ်း ယုံကြည်မှုလွန်ကဲခဲ့တာ ဖြစ်သလို အသင်းခေါင်းဆောင် မက်ဂွိုင်းယားအနေနဲ့ အသင်းကို ထိန်းကျောင်းပြီး လုပ်စရာတွေ မပြီးသေးဘူးလို့ဆိုတာမျိုး သတိပေးဖို့ လိုအပ်ခဲ့တယ်လို့ ဖာဒီနန်က ဝေဖန်ခဲ့ပါတယ်။
အိမ်ကွင်းမှာ အာဆင်နယ်ကို အရေးနိမ့်ခဲ့တဲ့နောက် ယူနိုက်တက်အနေနဲ့ နိုင်ပွဲတွေ ပြန်လည် ရရှိစေဖို့ အာဆင်နယ်ရဲ့ နည်းစနစ်ကျမှု၊ စည်းလုံးညီညွတ်မှု၊ ခြေစွမ်းတည်ငြိမ်မှုတို့ကို အတုယူသင့်တယ်လို့ မက်ကလာရန်က တိုက်တွန်းခဲ့ပါတယ်။
အားကစားပညာရပ် နိုင်ငံတကာ စင်တာကနေ ထုတ်ပြန်တဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်းဖွား တန်ဖိုးအရှိဆုံး လူငယ်ကစားသမားစာရင်းရဲ့ အဆင့် ၅ နေရာမှာ ယူနိုက်တက်ကြယ်ပွင့် မေဆန်ဂရင်းဝုဒ်က ပေါင် ၁၀၄သန်း နဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။
ပိုချက်တီနိုဟာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိလာဖို့ ချိတ်ဆက်မှု ရှိနေခဲ့တာဖြစ်ပြီး အခုချိန်မှာ ဆိုးလ်ရှားအတွက် ဖိအားတွေ ပိုများလာတာနဲ့အတူ စပါးနည်းပြဟောင်းက ပရီးမီးယားလိဂ်ကို ပြန်လာဖို့ အဆင်သင့်ဖြစ်နေပြီလို့ အတည်ပြုခဲ့ပါတယ်။
အာဆင်နယ်ကိုရှုံးခဲ့တဲ့ပွဲမှာ ပေါ့ဘာရဲ့ ဖျက်ထုတ်မှုကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီက အဆုံးအဖြတ် ဖြစ်ခဲ့ပေမယ့် အားလုံးက သူ့ကိုကာကွယ်ပေးနေကြတာဖြစ်သလို တခြားလူသာဆို အပြစ်ပြောခံရမှာသေချာတယ်လို့ ပတ်နီဗင်က ဆိုပါတယ်။
ဆိုးလ်ရှားမှာ ဦးဆောင်နိုင်တဲ့ ကစားသမားတွေမရှိတာမဟုတ်ပဲ ဒီဂီယာ၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ဟာ ခေါင်းဆောင် အရည်အချင်းတွေ ရှိကြပေမယ့် အာဆင်နယ်နဲ့ပွဲမှာ မပြသနိုင်ခဲ့တာဖြစ်တယ်လို့ ရှမိုက်ကယ်က ထင်နေပါတယ်။
Zawgyi – အာဆင္နယ္ကို ရႈံးခဲ့တဲ့ေနာက္ ဒီရာသီ လိဂ္ အိမ္ကြင္းႏိုင္ပြဲမရေသးတဲ့ ယူႏိုက္တက္နဲ႔ ဆိုးလ္ရွားတို႔ဟာ ေဝဖန္မႈေတြမ်ားစြာ ခံခဲ့ရေပမယ့္ ပိုၿပီး ေတာင့္တင္းတဲ့ပုံစံနဲ႔ ျပန္လာမွာ ျဖစ္တယ္လို႔ ယုံၾကည္ေၾကာင္း ရက္ရွ္ဖို႔ဒ္က ေျပာဆိုခဲ့ပါတယ္။
လိုက္ပ္ဇစ္ကို ႏိုင္ၿပီးတဲ့ေနာက္ ယူႏိုက္တက္ဟာ အရမ္း ယုံၾကည္မႈလြန္ကဲခဲ့တာ ျဖစ္သလို အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားအေနနဲ႔ အသင္းကို ထိန္းေက်ာင္းၿပီး လုပ္စရာေတြ မၿပီးေသးဘူးလို႔ဆိုတာမ်ိဳး သတိေပးဖို႔ လိုအပ္ခဲ့တယ္လို႔ ဖာဒီနန္က ေဝဖန္ခဲ့ပါတယ္။
အိမ္ကြင္းမွာ အာဆင္နယ္ကို အေရးနိမ့္ခဲ့တဲ့ေနာက္ ယူႏိုက္တက္အေနနဲ႔ ႏိုင္ပြဲေတြ ျပန္လည္ ရရွိေစဖို႔ အာဆင္နယ္ရဲ႕ နည္းစနစ္က်မႈ၊ စည္းလုံးညီၫြတ္မႈ၊ ေျခစြမ္းတည္ၿငိမ္မႈတို႔ကို အတုယူသင့္တယ္လို႔ မက္ကလာရန္က တိုက္တြန္းခဲ့ပါတယ္။
အားကစားပညာရပ္ ႏိုင္ငံတကာ စင္တာကေန ထုတ္ျပန္တဲ့ ၂၀၀၀ ခုႏွစ္ေနာက္ပိုင္းဖြား တန္ဖိုးအရွိဆုံး လူငယ္ကစားသမားစာရင္းရဲ႕ အဆင့္ ၅ ေနရာမွာ ယူႏိုက္တက္ၾကယ္ပြင့္ ေမဆန္ဂရင္းဝုဒ္က ေပါင္ ၁၀၄သန္း နဲ႔ ရပ္တည္ႏိုင္ခဲ့ပါတယ္။
ပိုခ်က္တီႏိုဟာ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္ရွိလာဖို႔ ခ်ိတ္ဆက္မႈ ရွိေနခဲ့တာျဖစ္ၿပီး အခုခ်ိန္မွာ ဆိုးလ္ရွားအတြက္ ဖိအားေတြ ပိုမ်ားလာတာနဲ႔အတူ စပါးနည္းျပေဟာင္းက ပရီးမီးယားလိဂ္ကို ျပန္လာဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ အတည္ျပဳခဲ့ပါတယ္။
အာဆင္နယ္ကိုရႈံးခဲ့တဲ့ပြဲမွာ ေပါ့ဘာရဲ႕ ဖ်က္ထုတ္မႈေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီက အဆုံးအျဖတ္ ျဖစ္ခဲ့ေပမယ့္ အားလုံးက သူ႔ကိုကာကြယ္ေပးေနၾကတာျဖစ္သလို တျခားလူသာဆို အျပစ္ေျပာခံရမွာေသခ်ာတယ္လို႔ ပတ္နီဗင္က ဆိုပါတယ္။
ဆိုးလ္ရွားမွာ ဦးေဆာင္ႏိုင္တဲ့ ကစားသမားေတြမရွိတာမဟုတ္ပဲ ဒီဂီယာ၊ ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္၊ မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ဟာ ေခါင္းေဆာင္ အရည္အခ်င္းေတြ ရွိၾကေပမယ့္ အာဆင္နယ္နဲ႔ပြဲမွာ မျပသႏိုင္ခဲ့တာျဖစ္တယ္လို႔ ရွမိုက္ကယ္က ထင္ေနပါတယ္။