ကန်တေဟာ ယခင်နှစ်တွေအတွင်း ချယ်ဆီးမှာ သူ့စိတ်ကြိုက်နေရာ မကစားခဲ့ရသလို လမ်းပတ်အနေနဲ့ သူ့ကို ဆက် ထိန်းသိမ်းချင်ရင် ကွင်းလယ် ခံစစ်နေရာမှာ ကောင်းကောင်း အသုံးချသင့်တယ်လို့ ဂယ်ရီနဗီးက အကြံပေးခဲ့ပါတယ်။
ပူလီဆစ်ရဲ့ ဘန်လေနဲ့ ပွဲမတိုင်ခင်ရခဲ့တဲ့ ဒဏ်ရာက မပြင်းထန်ဖို့ ပရိတ်သတ်တွေက မျှော်လင့်နေခဲ့ကြတာဖြစ်ပေမယ့် သူ့အနေနဲ့ အနည်းဆုံး ရက်သတ္တပတ် အနည်းငယ်လောက် လွဲချော်နိုင်ခြေရှိတယ်လို့ နည်းပြ လမ်းပတ်က သတင်းပေးခဲ့ပါတယ်။
ချယ်ဆီး ကွင်းလယ်လူဟာ ကန်တေဟာ နည်းပြဟောင်းကွန်တီနဲ့ ပြန်ပူးပေါင်းဖို့ အင်တာမီလန်ထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေခဲ့တာဖြစ်သလို ချယ်ဆီးက သူ့ကို နွေရာသီမှာ ထွက်ခွာခွင့်ပေးဖို့ စဉ်းစားနေတာက အံ့ဩစရာပဲလို့ နဗီးက ဆိုပါတယ်။
ချယ်ဆီးဂိုးသမား ပီတာချက်က သူဟာ နောက်ဆုံးကစားခဲ့တဲ့၄ပွဲမှာ clean sheet ၄ကြိမ် ရခဲ့တဲ့ မန်ဒီကို ကလပ်က မခေါ်ခင် လွန်ခဲ့တဲ့၃နှစ်ကတည်းက စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး သူ ပို တိုးတက် လာလိမ့်မယ်ဆိုတာ သိနှင့်ပြီးသားဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
နွေရာသီမှာ ချယ်ဆီးက မခေါ်နိုင်ခဲ့တဲ့ ဒီကလန်ရိုက်စ်ကို ဝက်စ်ဟမ်းက စာချုပ်သစ်နဲ့ အပိုင်ချည်ထားဖို့ ပြင်ဆင်နေတာဖြစ်ပေမယ့် လမ်းပတ်က သူ့ကို လက်မလျှော့သေးပဲ ဇန်နဝါရီမှာ ခေါ်ယူဖို့ ကြိုးစားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဂိုးသမား မန်ဒီက လက်ရှိမှာ ကြံ့ခိုင်မှုပြည့်ဝနေပြီး လက်စွမ်းပြသနေသလို ကာဘယ်လီရိုနဲ့ ကီပါတို့ကလဲ ကစားနိုင်နေပေမယ့် လမ်းပတ်လိုအပ်ရင် ပရီးမီးယားလိဂ်မှာ တစ်ဖန်ပြန်ကစားပေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပီတာချက် ဆိုပါတယ်။
ဘန်လေကို ၃-ဝနဲ့ နိုင်ခဲ့တဲ့ပွဲမှာ ချယ်ဆီးဟာ ထောင့်ကန်ဘောကနေ အခွင့်အရေးကြီး ၂ကြိမ် ရခဲ့တဲ့နောက် မနှစ်က သူတို့မှာ မရှိခဲ့တဲ့ တည်ကန်ဘောခြိမ်းခြောက်မှုမျိုး ရှိလာနေပြီဖြစ်ပြီး ဒီထက်ပိုတိုးတက်ဖို့ လိုအပ်တယ်လို့ မေဆန်မောင့်က ပြောဆိုခဲ့ပါတယ်။
Zawgyi – ကန္ေတဟာ ယခင္ႏွစ္ေတြအတြင္း ခ်ယ္ဆီးမွာ သူ႔စိတ္ႀကိဳက္ေနရာ မကစားခဲ့ရသလို လမ္းပတ္အေနနဲ႔ သူ႔ကို ဆက္ ထိန္းသိမ္းခ်င္ရင္ ကြင္းလယ္ ခံစစ္ေနရာမွာ ေကာင္းေကာင္း အသုံးခ်သင့္တယ္ လို႔ ဂယ္ရီနဗီးက အႀကံေပးခဲ့ပါတယ္။
ပူလီဆစ္ရဲ႕ ဘန္ေလနဲ႔ ပြဲမတိုင္ခင္ရခဲ့တဲ့ ဒဏ္ရာက မျပင္းထန္ဖို႔ ပရိတ္သတ္ေတြက ေမွ်ာ္လင့္ေနခဲ့ၾကတာျဖစ္ေပမယ့္ သူ႔အေနနဲ႔ အနည္းဆုံး ရက္သတၱပတ္ အနည္းငယ္ေလာက္ လြဲေခ်ာ္ႏိုင္ေျခရွိတယ္လို႔ နည္းျပ လမ္းပတ္က သတင္းေပးခဲ့ပါတယ္။
ခ်ယ္ဆီး ကြင္းလယ္လူဟာ ကန္ေတဟာ နည္းျပေဟာင္းကြန္တီနဲ႔ ျပန္ပူးေပါင္းဖို႔ အင္တာမီလန္ထံ ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္ေနခဲ့တာျဖစ္သလို ခ်ယ္ဆီးက သူ႔ကို ေႏြရာသီမွာ ထြက္ခြာခြင့္ေပးဖို႔ စဥ္းစားေနတာက အံ့ဩစရာပဲလို႔ နဗီးက ဆိုပါတယ္။
ခ်ယ္ဆီးဂိုးသမား ပီတာခ်က္က သူဟာ ေနာက္ဆုံးကစားခဲ့တဲ့၄ပြဲမွာ clean sheet ၄ႀကိမ္ ရခဲ့တဲ့ မန္ဒီကို ကလပ္က မေခၚခင္ လြန္ခဲ့တဲ့၃ႏွစ္ကတည္းက ေစာင့္ၾကည့္ေနခဲ့တာ ျဖစ္ၿပီး သူ ပို တိုးတက္ လာလိမ့္မယ္ဆိုတာ သိႏွင့္ၿပီးသားျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
ေႏြရာသီမွာ ခ်ယ္ဆီးက မေခၚႏိုင္ခဲ့တဲ့ ဒီကလန္႐ိုက္စ္ကို ဝက္စ္ဟမ္းက စာခ်ဳပ္သစ္နဲ႔ အပိုင္ခ်ည္ထားဖို႔ ျပင္ဆင္ေနတာျဖစ္ေပမယ့္ လမ္းပတ္က သူ႔ကို လက္မေလွ်ာ့ေသးပဲ ဇန္နဝါရီမွာ ေခၚယူဖို႔ ႀကိဳးစားမွာ ျဖစ္တယ္လို႔ သိရပါတယ္။
ဂိုးသမား မန္ဒီက လက္ရွိမွာ ႀကံ့ခိုင္မႈျပည့္ဝေနၿပီး လက္စြမ္းျပသေနသလို ကာဘယ္လီ႐ိုနဲ႔ ကီပါတို႔ကလဲ ကစားႏိုင္ေနေပမယ့္ လမ္းပတ္လိုအပ္ရင္ ပရီးမီးယားလိဂ္မွာ တစ္ဖန္ျပန္ကစားေပးဖို႔ အဆင္သင့္ ျဖစ္ေနၿပီလို႔ ပီတာခ်က္ ဆိုပါတယ္။
ဘန္ေလကို ၃-၀နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ခ်ယ္ဆီးဟာ ေထာင့္ကန္ေဘာကေန အခြင့္အေရးႀကီး ၂ႀကိမ္ ရခဲ့တဲ့ေနာက္ မႏွစ္က သူတို႔မွာ မရွိခဲ့တဲ့ တည္ကန္ေဘာၿခိမ္းေျခာက္မႈမ်ိဳး ရွိလာေနၿပီျဖစ္ၿပီး ဒီထက္ပိုတိုးတက္ဖို႔ လိုအပ္တယ္လို႔ ေမဆန္ေမာင့္က ေျပာဆိုခဲ့ပါတယ္။