ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (03/11/20)

ယူနိုက်တက်နဲ့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အူဘာမီးယန်းဟာ မီခေးလ် အာတီတာကို သူ့ရဲ့ ပထမ နာမည် သုံးပြီး ခေါ်ခဲ့တဲ့နောက် ဂန်းနား တိုက်စစ်မှူးဟာ နည်းပြအပေါ် လေးစားမှုမရှိဘူးလို့ ရွိုင်ကိန်းက ဝေဖန်ပြောဆိုခဲ့ပါတယ်။

အိုဇေးဟာ အာဆင်နယ်အတွက် ထပ်ကစားပေးရတော့မှာမဟုတ်ဘူးလို့ နောက်ခံလူဟောင်း နီဂယ် ဝင်းတားဘန်းစ်က ဝန်ခံခဲ့သလို အာဆင်နယ် အနေနဲ့ ကွင်းလယ်လူရဲ့ မရေရာတဲ့ အနာဂတ်ကို ဆုံးဖြတ်သင့်ပြီလို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အာတီတာ လက်အောက်မှာ အာဆင်နယ်ဟာ ရှင်းလင်းတဲ့ ဦးတည်ချက်တစ်ခု ရှိထားတာ ဖြစ်သလို သူတို့အတွက် ထိပ်သီးအသင်းတွေနဲ့ အဝေးကွင်းပွဲ ကစားရဖို့က ပြဿနာတစ်ခု မဟုတ်တော့ဘူးလို့ အီယန်ရိုက်က ယုံကြည်နေပါတယ်။

ယူနိုက်တက် အိမ်ကွင်းမှာ ၁၄နှစ်ကြာ မနိုင်ခဲ့တဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်ခဲ့တဲ့ပွဲမှာ အာဆင်နယ်ခံစစ်ရဲ့ အရှေ့မှာ နေရာယူခဲ့တဲ့ ကွင်းလယ် ကစားသမား ပါတေးနဲ့ အယ်နီနီတို့ရဲ့ စွမ်းဆောင်ရည်က အဓိက ကျခဲ့တယ်လို့ မာတင်ကီယွန်က ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ပက်ဘလိုမာရီကို ဖလာမင်ဂိုထံကနေ ပေါင် ၁၄သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိခဲ့ရပေမယ့် ဘရာဇီး ကလပ်ရဲ့ ငွေစာရင်းမှာတော့ ပေါင် ၃.၆သန်းသာ ရကြောင်း ဖော်ပြထားခဲ့တာကို တွေ့ခဲ့ရပါတယ်။

အူဘာမီးယန်းဟာ ယူနိုက်တက်နဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် အာဆင်နယ်အတွက် စုစုပေါင်း ၇၄ ဂိုး ရှိလာခဲ့ပြီဖြစ်ပြီး ကလပ်ရဲ့ ပရီးမီးယားလိဂ် ခေတ် ထာဝရ ထိပ်တန်းဂိုးသွင်းရှင် စာရင်းမှာ ဆန်းချက်ကို လိုက်မီဖို့ ၆ ဂိုးသာ လိုပါတော့တယ်။

အားကစားပညာ နိုင်ငံတကာစင်တာကနေ ထုတ်ပြန်တဲ့ ၂၀၀၀ခုနှစ် နောက်ပိုင်းဖွား တန်ဖိုး အရှိအဆုံး လူငယ်ကစားသမား စာရင်းထဲမှာ အာဆင်နယ်ကြယ်ပွင့် ဘူကာယိုဆာကာက ပေါင် ၈၄သန်း နဲ့ အဆင့်၇ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္နဲ႔ ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ အူဘာမီးယန္းဟာ မီေခးလ္ အာတီတာကို သူ႔ရဲ႕ ပထမ နာမည္ သုံးၿပီး ေခၚခဲ့တဲ့ ေနာက္ ဂန္းနား တိုက္စစ္မႉးဟာ နည္းျပအေပၚ ေလးစားမႈမရွိဘူးလို႔ ႐ြိဳင္ကိန္းက ေဝဖန္ေျပာဆိုခဲ့ပါတယ္။

အိုေဇးဟာ အာဆင္နယ္အတြက္ ထပ္ကစားေပးရေတာ့မွာမဟုတ္ဘူးလို႔ ေနာက္ခံလူေဟာင္း နီဂယ္ ဝင္းတားဘန္းစ္က ဝန္ခံခဲ့သလို အာဆင္နယ္ အေနနဲ႔ ကြင္းလယ္လူရဲ႕ မေရရာတဲ့ အနာဂတ္ကို ဆုံးျဖတ္သင့္ၿပီလို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

အာတီတာ လက္ေအာက္မွာ အာဆင္နယ္ဟာ ရွင္းလင္းတဲ့ ဦးတည္ခ်က္တစ္ခု ရွိထားတာ ျဖစ္သလို သူတို႔အတြက္ ထိပ္သီးအသင္းေတြနဲ႔ အေဝးကြင္းပြဲ ကစားရဖို႔က ျပႆနာတစ္ခု မဟုတ္ေတာ့ဘူးလို႔ အီယန္႐ိုက္က ယုံၾကည္ေနပါတယ္။

ယူႏိုက္တက္ အိမ္ကြင္းမွာ ၁၄ႏွစ္ၾကာ မႏိုင္ခဲ့တဲ့ မွတ္တမ္းဆိုးကို အဆုံးသတ္ခဲ့တဲ့ပြဲမွာ အာဆင္နယ္ခံစစ္ရဲ႕ အေရွ႕မွာ ေနရာယူခဲ့တဲ့ ကြင္းလယ္ ကစားသမား ပါေတးနဲ႔ အယ္နီနီတို႔ရဲ႕ စြမ္းေဆာင္ရည္က အဓိက က်ခဲ့တယ္လို႔ မာတင္ကီယြန္က ခ်ီးက်ဴးခဲ့ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ ပက္ဘလိုမာရီကို ဖလာမင္ဂိုထံကေန ေပါင္ ၁၄သန္းနဲ႔ ေခၚယူခဲ့တာျဖစ္တယ္လို႔ သိခဲ့ရေပမယ့္ ဘရာဇီး ကလပ္ရဲ႕ ေငြစာရင္းမွာေတာ့ ေပါင္ ၃.၆သန္းသာ ရေၾကာင္း ေဖာ္ျပထားခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

အူဘာမီးယန္းဟာ ယူႏိုက္တက္နဲ႔ ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ေနာက္ အာဆင္နယ္အတြက္ စုစုေပါင္း ၇၄ ဂိုး ရွိလာခဲ့ၿပီျဖစ္ၿပီး ကလပ္ရဲ႕ ပရီးမီးယားလိဂ္ ေခတ္ ထာဝရ ထိပ္တန္းဂိုးသြင္းရွင္ စာရင္းမွာ ဆန္းခ်က္ကို လိုက္မီဖို႔ ၆ ဂိုးသာ လိုပါေတာ့တယ္။

အားကစားပညာ ႏိုင္ငံတကာစင္တာကေန ထုတ္ျပန္တဲ့ ၂၀၀၀ခုႏွစ္ ေနာက္ပိုင္းဖြား တန္ဖိုး အရွိအဆုံး လူငယ္ကစားသမား စာရင္းထဲမွာ အာဆင္နယ္ၾကယ္ပြင့္ ဘူကာယိုဆာကာက ေပါင္ ၈၄သန္း နဲ႔ အဆင့္၇ ေနရာမွာ ရပ္တည္ခဲ့ပါတယ္။