ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (03/11/20)

ဆိုးရှား ထုတ်ပယ်ခံရရင် ယူနိုက်တက် နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ပိုချက်တီနိုကတော့ သူသာ ကလပ်အသင်းသစ် တစ်သင်းကို တာဝန်ယူရင် အပြောင်းအလဲတွေကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဝေဖန်မှုတွေ များစွာ ခံယူနေရပေမယ့် ပြင်သစ်သား ကွင်းလယ်သမား ပေါ့ဘာထံမှ ကောင်းမွန်တဲ့ အချက်တွေ အများကြီး တွေ့မြင်နေရပြီး အသင်းအတွက် အစွမ်းပြလာလိမ့်မယ် ယုံကြည်ကြောင်း ဆိုးရှားက ထောက်ခံခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အခုထိ အသင်းသစ် တည်ဆောက်တဲ့ အကူး အပြောင်း ကာလမှာပဲ ရှိသေးကြောင်း ရှမိုက်ကယ်က ဆိုလိုက်ပြီး ၎င်းက ကလပ်အသင်းရဲ့ ကိုယ်ပိုင် ပုံရိပ်နဲ့ အသက်ဝိဉာဉ်တွေ ပျောက်ဆုံးသွားမှာကို စိတ်ပူနေပါတယ်။

အစ္စတန်ဘူလ် ဘက်ရှီးယားနဲ့ ရင်ဆိုင်မယ့်ပွဲမှာ ယခင်ပွဲများမှာ ဒဏ်ရာနဲ့ ပွဲပယ်ကြောင့် မပါနိုင်ခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှူး မာရှယ် ပြန် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ကို ပယ်ချပြီး ဘာမင်ဂမ်ကနေ ဒေါ့မွန်အသင်းကို ရွေးချယ် ပြောင်းရွှေ့သွားတဲ့ အင်္ဂလန် လူငယ် ကစားသမား ဘယ်လင်ဟမ်က ၎င်းဟာ မန်ချက်စတာကလပ် မချဉ်းကပ်ခင်တည်းက ဒေါ့မွန်ကို သွားလိုခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရား အနေနဲ့ ပွဲချိန်အတွင်း ကွင်းထဲမှာ ခေါင်းဆောင် တစ်ဦးရဲ့ အရည်အချင်းနဲ့ ပါဝါတွေ ထုတ်ပြဖို့ ရီယိုဖာဒီနန်က တိုက်တွန်းသွားပါတယ်။

Zawgyi – ဆိုးရှား ထုတ်ပယ်ခံရရင် ယူနိုက်တက် နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ပိုချက်တီနိုကတော့ သူသာ ကလပ်အသင်းသစ် တစ်သင်းကို တာဝန်ယူရင် အပြောင်းအလဲတွေကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။


မန်ချက်စတာ ယူနိုက်တက်ဟာ အခုထိ အသင်းသစ် တည်ဆောက်တဲ့ အကူး အပြောင်း ကာလမှာပဲ ရှိသေးကြောင်း ရှမိုက်ကယ်က ဆိုလိုက်ပြီး ၄င်းက ကလပ်အသင်းရဲ့ ကိုယ်ပိုင် ပုံရိပ်နဲ့ အသက်ဝိဥာဉ်တွေ ပျောက်ဆုံးသွားမှာကို စိတ်ပူနေပါတယ်။


ယူနိုက်တက်ကို ပယ်ချပြီး ဘာမင်ဂမ်ကနေ ဒေါ့မွန်အသင်းကို ရွေးချယ် ပြောင်းရွှေ့သွားတဲ့ အင်္ဂလန် လူငယ် ကစားသမား ဘယ်လင်ဟမ်က ၄င်းဟာ မန်ချက်စတာကလပ် မချဉ်းကပ်ခင်တည်းက ဒေါ့မွန်ကို သွားလိုခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
