ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (04/11/20)

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ရွိုင်ကိန်းရဲ့ ဝေဖန်စကားတွေကို နားထောင်ကြောင်း ဝန်ခံခဲ့ပေမယ့် ဒီကစားသမားတွေနဲ့ ဆက်သွားနေရင် အလုပ်ပြုတ်လိမ့်မယ် ဆိုတဲ့စကားကိုတော့ ဆန့်ကျင်ခဲ့ပြီး သူ့ကစားသမားတွေအပေါ် ယုံကြည်တယ်လို့ တုံ့ပြန်ပြောခဲ့ပါတယ်။

နောက်ခံလူ ဝမ်ဘစ်ဆာကာဟာ ယူနိုက်တက်မှာ သူ့ရဲ့ခံစစ်၊ တိုက်စစ်တာဝန်တွေကို ဟန်ချက်ညီအောင်လုပ်ဖို့ ရုန်းကန်ခဲ့ရသလို ဆိုးလ်ရှား အနေနဲ့ သူ့ကို ဗဟိုနောက်တန်းမှာ အသုံးချသင့်တယ်လို့ အင်္ဂလန်နည်းပြဟောင်း ဂလင်းဟော်ဒယ်က တိုက်တွန်းခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဗီလာရီးရဲ ကြယ်ပွင့်ဆမ်မြူရယ် ချူကွီဇီကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာခဲ့ပြီး အဆိုပါ တောင်ပံ ကစားသမား ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက လီဗာပူးရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးတာလဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ပွဲမှာ တွမ်ဇီဘီဟာ အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပေမယ့် နောက်ပွဲတွေမှာ ကစားခွင့်မရခဲ့သလို သူဟာ ယူနိုက်တက်ရဲ့ လူစာရင်းမှာ နေရာရဖို့ ထိုက်တန်တယ်လို့ အီယန်ရိုက်က ယုံကြည်နေပြီး သူ့ကို ကစားချိန်ပိုပေးဖို့ ဆိုးလ်ရှားကို တိုက်တွန်းခဲ့ပါတယ်။

တူရကီကို သွားခဲ့တဲ့ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာ အဲလက်စ် တဲလက်စ်၊ ပယ်လီစထွီ၊ အဲရစ်ဘိုင်လီနဲ့ ဖီးဂျုံးစ်တို့ မပါဝင်ခဲ့သလို ပြန်ပါလာနိုင်တယ်လို့ ဆိုးလ်ရှား မျှော်လင့်ချက်ပေးခဲ့တဲ့ လင်ဂတ်လဲ လွဲချော်ခဲ့ပါတယ်။

ယူနိုက်တက် စီနီယာအသင်းအတွက် ပယ်လီစထွီကို ပေး မကစားရသေးတဲ့အပေါ် ဆိုးလ်ရှားက ရှင်းပြခဲ့ပြီး လူငယ်ကစားသမားအနေနဲ့ အသင်းကြီးထံမရောက်ခင် အရန်အသင်းမှာ ကစားချိန်ရဖို့ ပိုလိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးလ္ရွားက ႐ြိဳင္ကိန္းရဲ႕ ေဝဖန္စကားေတြကို နားေထာင္ေၾကာင္း ဝန္ခံခဲ့ေပမယ့္ ဒီကစားသမားေတြနဲ႔ ဆက္သြားေနရင္ အလုပ္ျပဳတ္လိမ့္မယ္ ဆိုတဲ့စကားကိုေတာ့ ဆန႔္က်င္ခဲ့ၿပီး သူ႔ကစားသမားေတြအေပၚ ယုံၾကည္တယ္လို႔ တုံ႔ျပန္ေျပာခဲ့ပါတယ္။

ေနာက္ခံလူ ဝမ္ဘစ္ဆာကာဟာ ယူႏိုက္တက္မွာ သူ႔ရဲ႕ခံစစ္၊ တိုက္စစ္တာဝန္ေတြကို ဟန္ခ်က္ညီေအာင္လုပ္ဖို႔ ႐ုန္းကန္ခဲ့ရသလို ဆိုးလ္ရွား အေနနဲ႔ သူ႔ကို ဗဟိုေနာက္တန္းမွာ အသုံးခ်သင့္တယ္လို႔ အဂၤလန္နည္းျပေဟာင္း ဂလင္းေဟာ္ဒယ္က တိုက္တြန္းခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဗီလာရီးရဲ ၾကယ္ပြင့္ဆမ္ျမဴရယ္ ခ်ဴကြီဇီကို ေခၚယူဖို႔ ႀကိဳးစားေနတဲ့ အသင္းေတြထဲမွာ ပါဝင္လာခဲ့ၿပီး အဆိုပါ ေတာင္ပံ ကစားသမား ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီတုန္းက လီဗာပူးရဲ႕ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့ဖူးတာလဲ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီနဲ႔ပြဲမွာ တြမ္ဇီဘီဟာ အေကာင္းဆုံး ကစားသမားျဖစ္ခဲ့ေပမယ့္ ေနာက္ပြဲေတြမွာ ကစားခြင့္မရခဲ့သလို သူဟာ ယူႏိုက္တက္ရဲ႕ လူစာရင္းမွာ ေနရာရဖို႔ ထိုက္တန္တယ္လို႔ အီယန္႐ိုက္က ယုံၾကည္ေနၿပီး သူ႔ကို ကစားခ်ိန္ပိုေပးဖို႔ ဆိုးလ္ရွားကို တိုက္တြန္းခဲ့ပါတယ္။

တူရကီကို သြားခဲ့တဲ့ ယူႏိုက္တက္ရဲ႕ ခ်န္ပီယံလိဂ္ လူစာရင္းမွာ အဲလက္စ္ တဲလက္စ္၊ ပယ္လီစထြီ၊ အဲရစ္ဘိုင္လီနဲ႔ ဖီးဂ်ဳံးစ္တို႔ မပါဝင္ခဲ့သလို ျပန္ပါလာႏိုင္တယ္လို႔ ဆိုးလ္ရွား ေမွ်ာ္လင့္ခ်က္ေပးခဲ့တဲ့ လင္ဂတ္လဲ လြဲေခ်ာ္ခဲ့ပါတယ္။

ယူႏိုက္တက္ စီနီယာအသင္းအတြက္ ပယ္လီစထြီကို ေပး မကစားရေသးတဲ့အေပၚ ဆိုးလ္ရွားက ရွင္းျပခဲ့ၿပီး လူငယ္ကစားသမားအေနနဲ႔ အသင္းႀကီးထံမေရာက္ခင္ အရန္အသင္းမွာ ကစားခ်ိန္ရဖို႔ ပိုလိုအပ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။