ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (04/11/20)

ဆီးဗီးလားနဲ့ပွဲမတိုင်ခင် နည်းပြ လိုပက်တီဂူက ချယ်ဆီးဟာ ချန်ပီယံလိဂ်မှာ အောင်မြင်ဖို့ ရေပန်းစားတဲ့အသင်းဖြစ်ကြောင်း ပြောဆိုခဲ့သလို အခု ရန်းနက်စ်နည်းပြကလဲ ချယ်ဆီးနဲ့ တွေ့ရမယ့်ပွဲမတိုင်ခင် အလားတူပြောဆိုခဲ့ပြီး လန်ဒန်ကလပ် ကို ချီးကျူးခဲ့ပါတယ်။

တီမိုဗာနာဟာ ချယ်ဆီးအတွက် ပွဲတိုင်းပါဝင်ကစားပေးရတဲ့အပေါ် တခါတလေ ပင်ပန်းမှု ခံစားရကြောင်း ဝန်ခံခဲ့ပေမယ့် စိတ်မပျက်ပဲဘဲ နောက်ထပ် လိုအပ်ရင်လဲ အသင်းအတွက် ကစားပေးဖို့ အဆင်သင့်ဖြစ်နေမှာပါလို့ ပြောဆိုခဲ့ပါတယ်။

ကိုင်ဟားဗတ်ဟာ အင်္ဂလန်မှာအသားကျဖို့ ကြိုးစားနေသလို အလျင်အမြန် တိုးတက်လာဖို့ အသင်းဖော် တီမိုဗာနာက ထောက်ခံအားပေးခဲ့ပြီး ၎င်းဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

ဂျူဗင်တပ်နဲ့စာချုပ်သစ်ဆွေးနွေးမှု အောင်မြင်ဖို့ အခက်အခဲဖြစ်နေတဲ့ ဒိုင်ဘားလားဟာ ချယ်ဆီးထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှု ရှိခဲ့ပေမယ့် ကလပ်ပိုင်ရှင် အေဗရာမိုဗစ်ခ်ျက သူ့ကို ခေါ်ဖို့ ကြိုးစားမှာမဟုတ်ဘူးလို့ သိရပါတယ်။

ချယ်ဆီးပစ်မှတ် ဒေးဗစ်အလာဘာဟာ ဘိုင်ယန်နဲ့ စာချုပ် သက်တမ်းနောက်ဆုံးနှစ်ကို ရောက်နေပြီဖြစ်ပြီး စာချုပ်သစ်ဆွေးနွေးအပြီး ဘိုင်ယန်က သူတို့ရဲ့ကမ်းလှမ်းမှုကို ရုတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ရာသီကုန်မှာ အလွတ်ထွက်ခွာခွင့်ရတော့မှာပါ။

ပူလီဆစ်ရဲ့ ကစားပုံက ကြွက်သားနဲ့ဆိုင်တဲ့ ဒဏ်ရာပြဿနာတွေကို ပိုမို လွယ်လွယ်ကူကူ ဖြစ်စေတတ်တာဖြစ်သလို ချယ်ဆီးဟာ သူ့အတွက် ဒဏ်ရာတွေ ရှောင်လွှဲနိုင်အောင် ကူညီပေးဖို့ ကြိုးစားနေတယ်လို့ နည်းပြ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ လက်ရှိလိဂ်မှာ အဆင့်၇ ဖြစ်နေပေမယ့် အထနှေးတဲ့ ရာသီအစအပြီးမှာ အကောင်းဆုံးလူစာရင်းပုံစံကို တွေ့ရှိခဲ့ပြီဖြစ်သလို သူတို့ဟာပရီးမီးယားလိဂ် ဖလားအတွက် လီဗာပူးနဲ့စီးတီးကို စိန်ခေါ်လိမ့်မယ်လို့ တင်ရှားဝုဒ်က ဆိုပါတယ်။

အသက် ၃၆နှစ်ရှိပြီဖြစ်တဲ့ သီယာဂိုဆေးဗားအနေနဲ့ ချယ်ဆီးရဲ့ခံစစ်မှာ အဓိက နေရာကနေ ပါဝင်နိုင်ဖို့အတွက် အမြဲကြံ့ခိုင်မှုရှိနေအောင် သူ့ရဲ့ လေ့ကျင့်ရေး အချိန်ဇယားတွေကို လျှော့ချပေးဖို့ နည်းပြလမ်းပတ်က အသင့် ပြင်နေပါတယ်။

Zawgyi – ဆီးဗီးလားနဲ႔ပြဲမတိုင္ခင္ နည္းျပ လိုပက္တီဂူက ခ်ယ္ဆီးဟာ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္ဖို႔ ေရပန္းစားတဲ့အသင္းျဖစ္ေၾကာင္း ေျပာဆိုခဲ့သလို အခု ရန္းနက္စ္နည္းျပကလဲ ခ်ယ္ဆီးနဲ႔ ေတြ႕ရမယ့္ပြဲမတိုင္ခင္ အလားတူေျပာဆိုခဲ့ၿပီး လန္ဒန္ကလပ္ ကို ခ်ီးက်ဴးခဲ့ပါတယ္။

တီမိုဗာနာဟာ ခ်ယ္ဆီးအတြက္ ပြဲတိုင္းပါဝင္ကစားေပးရတဲ့အေပၚ တခါတေလ ပင္ပန္းမႈ ခံစားရေၾကာင္း ဝန္ခံခဲ့ေပမယ့္ စိတ္မပ်က္ပဲဘဲ ေနာက္ထပ္ လိုအပ္ရင္လဲ အသင္းအတြက္ ကစားေပးဖို႔ အဆင္သင့္ျဖစ္ေနမွာပါလို႔ ေျပာဆိုခဲ့ပါတယ္။

ကိုင္ဟားဗတ္ဟာ အဂၤလန္မွာအသားက်ဖို႔ ႀကိဳးစားေနသလို အလ်င္အျမန္ တိုးတက္လာဖို႔ အသင္းေဖာ္ တီမိုဗာနာက ေထာက္ခံအားေပးခဲ့ၿပီး ၎ဟာ ကမာၻ႔အေကာင္းဆုံး ကစားသမားတစ္ေယာက္ျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဂ်ဴဗင္တပ္နဲ႔စာခ်ဳပ္သစ္ေဆြးေႏြးမႈ ေအာင္ျမင္ဖို႔ အခက္အခဲျဖစ္ေနတဲ့ ဒိုင္ဘားလားဟာ ခ်ယ္ဆီးထံ ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္မႈ ရွိခဲ့ေပမယ့္ ကလပ္ပိုင္ရွင္ ေအဗရာမိုဗစ္ခ္်က သူ႔ကို ေခၚဖို႔ ႀကိဳးစားမွာမဟုတ္ဘူးလို႔ သိရပါတယ္။

ခ်ယ္ဆီးပစ္မွတ္ ေဒးဗစ္အလာဘာဟာ ဘိုင္ယန္နဲ႔ စာခ်ဳပ္ သက္တမ္းေနာက္ဆုံးႏွစ္ကို ေရာက္ေနၿပီျဖစ္ၿပီး စာခ်ဳပ္သစ္ေဆြးေႏြးအၿပီး ဘိုင္ယန္က သူတို႔ရဲ႕ကမ္းလွမ္းမႈကို ႐ုတ္သိမ္းဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ရာသီကုန္မွာ အလြတ္ထြက္ခြာခြင့္ရေတာ့မွာပါ။

ပူလီဆစ္ရဲ႕ ကစားပုံက ႂကြက္သားနဲ႔ဆိုင္တဲ့ ဒဏ္ရာျပႆနာေတြကို ပိုမို လြယ္လြယ္ကူကူ ျဖစ္ေစတတ္တာျဖစ္သလို ခ်ယ္ဆီးဟာ သူ႔အတြက္ ဒဏ္ရာေတြ ေရွာင္လႊဲႏိုင္ေအာင္ ကူညီေပးဖို႔ ႀကိဳးစားေနတယ္လို႔ နည္းျပ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ လက္ရွိလိဂ္မွာ အဆင့္၇ ျဖစ္ေနေပမယ့္ အထေႏွးတဲ့ ရာသီအစအၿပီးမွာ အေကာင္းဆုံးလူစာရင္းပုံစံကို ေတြ႕ရွိခဲ့ၿပီျဖစ္သလို သူတို႔ဟာပရီးမီးယားလိဂ္ ဖလားအတြက္ လီဗာပူးနဲ႔စီးတီးကို စိန္ေခၚလိမ့္မယ္လို႔ တင္ရွားဝုဒ္က ဆိုပါတယ္။

အသက္ ၃၆ႏွစ္ရွိၿပီျဖစ္တဲ့ သီယာဂိုေဆးဗားအေနနဲ႔ ခ်ယ္ဆီးရဲ႕ခံစစ္မွာ အဓိက ေနရာကေန ပါဝင္ႏိုင္ဖို႔အတြက္ အၿမဲႀကံ့ခိုင္မႈရွိေနေအာင္ သူ႔ရဲ႕ ေလ့က်င့္ေရး အခ်ိန္ဇယားေတြကို ေလွ်ာ့ခ်ေပးဖို႔ နည္းျပလမ္းပတ္က အသင့္ ျပင္ေနပါတယ္။