ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (04/11/20)

အာဆင်နယ်ဟာ နွေရာသီမှာ အော်ဝါကိုခေါ်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် တိုက်စစ်အတွက် ဖန်တီးမှုလုပ်နိုင်တဲ့ ကွင်းလယ်လူကို ခေါ်ယူနိုင်အောင် ဆက်လက်ကြိုးစားဖို့ အာဆင်နယ်ဂန္တဝင် အီယန်ရိုက်က တိုက်တွန်းခဲ့ပါတယ်။

အိုဇေလ်ဟာ အာဆင်နယ် တိုက်စစ်ကစားသမားတွေကို ကူညီပံ့ပိုးနိုင်တဲ့ အရည်အချင်း ရှိနေဆဲဖြစ်ကြောင်း နယ်သာလန်ကွင်းလယ်လူ နီဂယ် ဒီဂျောင်က ယုံကြည်နေသလို သူနဲ့အာတီတာရဲ့ ပြဿနာ အခြေအနေကို နားမလည်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အူဘာမီးယန်းဟာ ဘူကာယိုဆာကာအတွက် ‘ဆာကာ’ စာတန်းပါ တောက်ပနေတဲ့ ငရုတ်သီးပုံစံ ချိန်းလေးကို လက်ဆောင်ပေးခဲ့တဲ့နောက် ဆာကာက ဆိုရှယ်မီဒီယာပေါ် တင်ကာ ကြွားခဲ့ပြီး အူဘာမီးယန်းကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

အာဆင်နယ်ရဲ့ ၂၅ယောက် လူစာရင်းမှာ နာမည်ပါဝင်ခဲ့ပေမယ့်လဲ ဒီရာသီမှာ တစ်ပွဲမှ ကစားခွင့်မရသေးတဲ့ ဝီလီယံ ဆလီဘာဟာ သူ့ အခြေအနေကို စိတ်ပျက်နေပြီး ဇန်နဝါရီမှာ အသင်းကနေ အငှားထွက်ကစားဖို့ စိတ်အားထက်သန်နေပါတယ်။

ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ဂိုး ၁၀၀ ပြည့်ခဲ့တဲ့နောက် အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ်က သူ့ရဲ့ အသင်းဖော်ဟောင်းအတွက် ဂုဏ်ပြုပေးခဲ့ပြီး မင်းက ကမ္ဘာ့အကောင်းဆုံး ခံစစ်တိုက်စစ်မှူးပဲ လို့ ဆိုရှယ်မီဒီယာပေါ်ကနေ ချီးကျူးပြောဆိုခဲ့ပါတယ်။

အာဆင်နယ် အနေနဲ့ ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့အတွက် လီနို အစား ပထမဦးစားပေး ဂိုးသမားအသစ် တစ်ယောက်နဲ့ ကွင်းလယ် တိုက်စစ် ကစားသမား တစ်ယောက် ထပ်ခေါ်ယူဖို့ လိုတယ် လို့ တိုနီအဒမ်က အကြံပေးစကားဆိုခဲ့ပါတယ်။

ဘူကာယို ဆာကာဟာ အာဆင်နယ် လူငယ်ကစားသမားတွေထဲမှာ အကောင်းဆုံး အရည်အချင်းရှိသူတစ်ယောက်အဖြစ် ကီဗင်ကမ့်ဘဲက ချီးကျူးပြောဆိုခဲ့သလို သူ့မှာ အမ်းမရိတ်စ်အတွက် တောက်ပတဲ့ အနာဂတ် ရှိတယ်လို့ ခန့်မှန်းပေးခဲ့ပါတယ်။

ကလော့ပ်၊ ဂွာဒီယိုလာ၊ အန်ဆယ်လော့တီတို့ရဲ့ ကမ္ဘာ့အဆင့် နည်းပြစာရင်းထဲ ပိုချက်တီနို မပါဘူးလို့ ဒါရင်းဘန့်က ယုံကြည်နေသလို စပါး နည်းပြဟောင်း ထက်စာရင် အာတီတာနဲ့ ဘရန်ဒန်ရော်ဂျာ တို့က ပိုကောင်းတယ်လို့ သူ့အမြင်ကို ပြောဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ဟာ ေႏြရာသီမွာ ေအာ္ဝါကိုေခၚဖို႔ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တာေၾကာင့္ တိုက္စစ္အတြက္ ဖန္တီးမႈလုပ္ႏိုင္တဲ့ ကြင္းလယ္လူကို ေခၚယူႏိုင္ေအာင္ ဆက္လက္ႀကိဳးစားဖို႔ အာဆင္နယ္ဂႏၲဝင္ အီယန္႐ိုက္က တိုက္တြန္းခဲ့ပါတယ္။

အိုေဇလ္ဟာ အာဆင္နယ္တိုက္စစ္ကစားသမားေတြကို ကူညီပံ့ပိုးႏိုင္တဲ့ အရည္အခ်င္း ရွိေနဆဲျဖစ္ေၾကာင္း နယ္သာလန္ကြင္းလယ္လူ နီဂယ္ ဒီေဂ်ာင္က ယုံၾကည္ေနသလို သူနဲ႔အာတီတာရဲ႕ ျပႆနာ အေျခအေနကို နားမလည္ႏိုင္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အူဘာမီးယန္းဟာ ဘူကာယိုဆာကာအတြက္ ‘ဆာကာ’ စာတန္းပါ ေတာက္ပေနတဲ့ င႐ုတ္သီးပုံစံ ခ်ိန္းေလးကို လက္ေဆာင္ေပးခဲ့တဲ့ေနာက္ ဆာကာက ဆိုရွယ္မီဒီယာေပၚ တင္ကာ ႂကြားခဲ့ၿပီး အူဘာမီးယန္းကို ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

အာဆင္နယ္ရဲ႕ ၂၅ေယာက္ လူစာရင္းမွာ နာမည္ပါဝင္ခဲ့ေပမယ့္လဲ ဒီရာသီမွာ တစ္ပြဲမွ ကစားခြင့္မရေသးတဲ့ ဝီလီယံ ဆလီဘာဟာ သူ႔ အေျခအေနကို စိတ္ပ်က္ေနၿပီး ဇန္နဝါရီမွာ အသင္းကေန အငွားထြက္ကစားဖို႔ စိတ္အားထက္သန္ေနပါတယ္။

ရာမို႔စ္ဟာ ရီးရဲလ္မက္ဒရစ္အတြက္ ဂိုး ၁၀၀ ျပည့္ခဲ့တဲ့ေနာက္ အာဆင္နယ္ ကြင္းလယ္လူ အိုေဇးလ္က သူ႔ရဲ႕ အသင္းေဖာ္ေဟာင္းအတြက္ ဂုဏ္ျပဳေပးခဲ့ၿပီး မင္းက ကမာၻ႔အေကာင္းဆုံး ခံစစ္တိုက္စစ္မႉးပဲ လို႔ ဆိုရွယ္မီဒီယာေပၚကေန ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ အေနနဲ႔ ဆုဖလားေတြ စိန္ေခၚႏိုင္ဖို႔အတြက္ လီႏို အစား ပထမဦးစားေပး ဂိုးသမားအသစ္ တစ္ေယာက္နဲ႔ ကြင္းလယ္ တိုက္စစ္ ကစားသမား တစ္ေယာက္ ထပ္ေခၚယူဖို႔ လိုတယ္ လို႔ တိုနီအဒမ္က အႀကံေပးစကားဆိုခဲ့ပါတယ္။

ဘူကာယို ဆာကာဟာ အာဆင္နယ္ လူငယ္ကစားသမားေတြထဲမွာ အေကာင္းဆုံး အရည္အခ်င္းရွိသူတစ္ေယာက္အျဖစ္ ကီဗင္ကမ့္ဘဲက ခ်ီးက်ဴးေျပာဆိုခဲ့သလို သူ႔မွာ အမ္းမရိတ္စ္အတြက္ ေတာက္ပတဲ့ အနာဂတ္ ရွိတယ္လို႔ ခန္႔မွန္းေပးခဲ့ပါတယ္။

ကေလာ့ပ္၊ ဂြာဒီယိုလာ၊ အန္ဆယ္ေလာ့တီတို႔ရဲ႕ ကမာၻ႔အဆင့္ နည္းျပစာရင္းထဲ ပိုခ်က္တီႏို မပါဘူးလို႔ ဒါရင္းဘန္႔က ယုံၾကည္ေနသလို စပါး နည္းျပေဟာင္း ထက္စာရင္ အာတီတာနဲ႔ ဘရန္ဒန္ေရာ္ဂ်ာ တို႔က ပိုေကာင္းတယ္လို႔ သူ႔အျမင္ကို ေျပာဆိုခဲ့ပါတယ္။