ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (19/05/20)

ယူနိုက်တက်ရဲ့ သမိုင်းကြောင်း အစဉ်အလာကောင်းတွေကြောင့် အခြေအနေ ဆိုးတွေ ကြုံရရင်လည်း အရှုံး မပေးလိုဘဲ ဆုဖလားတွေ အတွက် အသင်းနဲ့ အတူ ဆက်လက် တိုက်ပွဲဝင်သွားလိုကြောင်း လင်ဂတ်က ထုတ်ဖော် ပြောဆိုလာပါတယ်။

ယူနိုက်တက်ထံမှ အငှား ခေါ်ယူထားတဲ့ ခံစစ်မှူး စမောလင်းကို ရိုးမားက အပြီး ခေါ်ယူလိုပေမယ့် ငွေကြေး အကြပ်တွေ့နေတာကြောင့် အင်္ဂလန်သားကို မဝယ်နိုင်တော့ဘဲ ပြန်လည် လက်လွှတ်ရဖွယ် ရှိနေပါတယ်။

ယူနိုက်တက် ခံစစ်မှူးဟောင်းကြီး ဖာဒီနန်ကတော့ အသင်းဖော်ဟောင်း ဆိုးရှားကို မန်ချက်စတာ ယူနိုက်တက် အတွက် ဆန်ချိုကို အရ ခေါ်ယူပြီး ကျောနံပါတ် ၇ လည်း ပေးအပ်ဖို့ ထောက်ခံ တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားက လာမယ့် အပြောင်းအရွှေ့မှာ တိုက်စစ်ကို အင်အားဖြည့်ဖို့ ပြင်ဆင်နေပေမယ့် လက်ရှိ အသင်းက တိုက်စစ်သမားတွေထဲကနေ ဆန်းချက်၊ အိန်ဂျယ် ဂိုးမက်စ်၊ လင်ဂတ်နဲ့ ဆိုတိုနာ တို့ကို လက်လွှတ်ရဖွယ် ရှိနေပါတယ်။

ဒေါ့မွန်ကြယ်ပွင့် ဆန်ချို အနေနဲ့ ယူနိုက်တက်ကိုသာ ပြောင်းရွှေ့လာရင် များစွာ တိုးတက်လာနိုင်ပြီး မန်ချက်စတာကနေ ဘလွန်းဒီအော ဆု ရသည်ထိပါ အောင်မြင်နိုင်ကြောင်း သရဲနီဟောင်း အိုဝင်ဟားဂရေ့ဗ်က စည်းရုံးစကား ဆိုလာပါတယ်။

မက်ဆီလက်သစ်လို့ နာမည်ကြီးနေပြီး ယူနိုက်တက်နဲ့ မန်စီးတီးတို့ အပြိုင် ချိတ်ဆက်နေတဲ့ Velez Sarsfield ကွင်းလယ်ကစားသမားလေး သီယာကိုအဲလ်မေဒါ ကို အာဆင်နယ်ကလည်း စိတ်ဝင်စားမှု ပြသလာပါတယ်။

ယူနိုက်တက် U23 နည်းပြ နေးလ်ဝုဒ်က နောက်ရာသီ အသင်းကြီးမှာ ပါဝင်ကစားနိုင်စွမ်း ရှိတဲ့ လူငယ်အသင်းသားတွေ ၅ ယောက် ၆ ယောက်လောက်တောင် ရှိနေပြီလို့ ဆိုလိုက်ပြီး ဂျင်မီဂါနာ၊ လီဗစ်၊ အီသန် ဂဲလ်ဘရိတ်၊ ဒီရွှန်၊ မန်ဒီတို့ ကို အမည်တပ်ကာ ထောက်ခံချက် ပေးလိုက်ပါတယ်။

Zawgyi – ယူနိုက္တက္ရဲ႕ သမိုင္းေၾကာင္း အစဥ္အလာေကာင္းေတြေၾကာင့္ အေျခအေန ဆိုးေတြ ၾကံဳရရင္လည္း အရွံဳး မေပးလိုဘဲ ဆုဖလားေတြ အတြက္ အသင္းနဲ႕ အတူ ဆက္လက္ တိုက္ပြဲ၀င္သြားလိုေၾကာင္း လင္ဂတ္က ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

ယူနိုက္တက္ထံမွ အငွား ေခၚယူထားတဲ့ ခံစစ္မွဴး စေမာလင္းကို ရိုးမားက အျပီး ေခၚယူလိုေပမယ့္ ေငြေၾကး အၾကပ္ေတြ႔ေနတာေၾကာင့္ အဂၤလန္သားကို မ၀ယ္နုိင္ေတာ့ဘဲ ျပန္လည္ လက္လႊတ္ရဖြယ္ ရွိေနပါတယ္။

ယူနိုက္တက္္ ခံစစ္မွဴးေဟာင္းၾကီး ဖာဒီနန္ကေတာ့ အသင္းေဖာ္ေဟာင္း ဆိုးရွားကို မန္ခ်က္စတာ ယူနိုက္တက္ အတြက္ ဆန္ခ်ိဳကို အရ ေခၚယူျပီး ေက်ာနံပါတ္ ၇ လည္း ေပးအပ္ဖို႔ ေထာက္ခံ တိုက္တြန္းလိုက္ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားက လာမယ့္ အေျပာင္းအေရႊ႕မွာ တိုက္စစ္ကို အင္အားျဖည့္ဖို႔ ျပင္ဆင္ေနေပမယ့္ လက္ရွိ အသင္းက တိုက္စစ္သမားေတြထဲကေန ဆန္းခ်က္၊ အိန္ဂ်ယ္ ဂိုးမက္စ္၊ လင္ဂတ္နဲ႕ ဆိုတိုနာ တို႔ကို လက္လႊတ္ရဖြယ္ ရွိေနပါတယ္။

ေဒါ့မြန္ၾကယ္ပြင့္ ဆန္ခ်ိဳ အေနနဲ႕ ယူနိုက္တက္ကိုသာ ေျပာင္းေရႊ႕လာရင္ မ်ားစြာ တိုးတက္လာနုိင္ျပီး မန္ခ်က္စတာကေန ဘလြန္းဒီေအာ ဆု ရသည္ထိပါ ေအာင္ျမင္နုိင္ေၾကာင္း သရဲနီေဟာင္း အို၀င္ဟားဂေရ႕ဗ္က စည္းရံုးစကား ဆိုလာပါတယ္။

မက္ဆီလက္သစ္လို႔ နာမည္ၾကီးေနျပီး ယူနိုက္တက္နဲ႕ မန္စီးတီးတို႔ အျပိဳင္ ခ်ိတ္ဆက္ေနတဲ့ Velez Sarsfield ကြင္းလယ္ကစားသမားေလး သီယာကိုအဲလ္ေမဒါ ကို အာဆင္နယ္ကလည္း စိတ္၀င္စားမႈ ျပသလာပါတယ္။

ယူနိုက္တက္ U23 နည္းျပ ေနးလ္၀ုဒ္က ေနာက္ရာသီ အသင္းၾကီးမွာ ပါ၀င္ကစားနုိင္စြမ္း ရွိတဲ့ လူငယ္အသင္းသားေတြ ၅ ေယာက္ ၆ ေယာက္ေလာက္ေတာင္ ရွိေနျပီလို႔ ဆိုလိုက္ျပီး ဂ်င္မီဂါနာ၊ လီဗစ္၊ အီသန္ ဂဲလ္ဘရိတ္၊ ဒီရႊန္၊ မန္ဒီတို႔ ကို အမည္တပ္ကာ ေထာက္ခံခ်က္ ေပးလိုက္ပါတယ္။