တိုက်စစ်သမား ပယ်လီစထွီကို ဘယ်အချိန်မှာ ထုတ်သုံးမလဲ အဖြေပြန်သွားတဲ့ မန်နေဂျာဆိုးရှား

ယူနိုက်တက်ရဲ့ ပေါ်တူဂီကလပ် အင်စတမ်ဘူးလ်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ နွေတုန်းက အသစ်ခေါ်ယူထားတဲ့ လူငယ် တိုက်စစ်သမားလေး ပယ်လီစထွီ မပါခဲ့တာနဲ့ ပက်သက်လို့ ယူနိုက်တက်အသင်း ဝဘ်ဆိုဒ်ကနေ တုန့်ပြန်မှု လုပ်ပေးသွားပါတယ်။

ပယ်လီစထွီဟာ ယူ-၂၃ အသင်းမှာ ကျန်ှိနေတာဖြစ်ပြီး အဲဗာတန် ယူ-၂၃ အသင်းကို အနိုင်ရတဲ့ပွဲမှာ ထူးချွန် ခြေစွမ်းတွေ ပြသနိုင်ခဲ့တယ်။ သောကြာနေ့မှာ ယှဉ်ပြိုင်ရမယ့် ဘရိုက်တန် ယူ-၂၃ အသင်းနဲ့ ပွဲမှာလည်း ပါဝင်ကစားဖွယ်ရှိတယ်။

မန်နေဂျာဆိုးရှားက တောင်အမေရိက ကစားသမားလေးကို အင်္ဂလန်ဘောလုံး ကစားဟန်မှာ အသားကျလာဖို့ကို လူငယ်အဆင့်မှာ သင်ယူနေစေတယ်။ သူဟာ လူငယ်အဆင့်မှာ အသားကျလာပြီးရင်တေ့ာ စီနီယာအဆင့်ကို ခေါ်ယူခံရမယ်လို့ ဆိုးရှားက ပြောပါတယ်။

ဆိုးရှားက “ သူက လူငယ်လေးအဖြစ်နဲ့ အသင်းကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။ သူ့အတွက်တော့ အားလုံးက အသစ်တွေပဲ ဖြစ်ပါတယ်။ အရန်အသင်းမှာ ပွဲအနည်းငယ် သင်ယူဖို့လိုပါတယ်။ တိုင်းပြည်သစ်မှာ သူ့ရဲ့ စွမ်းဆောင်ရည်အတွက် ကြိုးစားရှာဖွေမှုတွေ လုပ်နိုင်ဖို့ လိုပါတယ်။

အခုချိန်ထိတော့ အကောင်းမြင်စရာတွေ ရှိနေတဲ့ အနေအထားပါပဲ။ ပယ်လီစထွီက အသင်းအတွက် သုံးဖို့ဆိုရင် ကျနေ်ာတို့ စိတ်ရှည်စွာ စောင့်ပေးပြီး အထိုင်ကျလာဖို့ရာ ကျနေ်ာတို့ အချိန်ပေးဖို့ လိုအပ်တဲ့ ကစားသမားပါ။ အရန်အသင်းမှာ သူ့ကို မြင်ရမှာပါ။ နောက်ပွဲလောက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI

ယူႏုိက္တက္ရဲ႕ ေပၚတူဂီကလပ္ အင္စတမ္ဘူးလ္နဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲမွာ ေႏြတုန္းက အသစ္ေခၚယူထားတဲ့ လူငယ္ တိုက္စစ္သမားေလး ပယ္လီစထြီ မပါခဲ့တာနဲ႔ ပက္သက္လို႔ ယူႏုိက္တက္အသင္း ဝဘ္ဆိုဒ္ကေန တုန္႔ျပန္မႈ လုပ္ေပးသြားပါတယ္။

ပယ္လီစထြီဟာ ယူ-၂၃ အသင္းမွာ က်န္ွိေနတာျဖစ္ျပီး အဲဗာတန္ ယူ-၂၃ အသင္းကို အႏုိင္ရတဲ့ပြဲမွာ ထူးခၽြန္ ေျခစြမ္းေတြ ျပသႏုိင္ခဲ့တယ္။ ေသာၾကာေန႔မွာ ယွဥ္ျပိဳင္ရမယ့္ ဘရိုက္တန္ ယူ-၂၃ အသင္းနဲ႔ ပြဲမွာလည္း ပါဝင္ကစားဖြယ္ရွိတယ္။

မန္ေနဂ်ာဆိုးရွားက ေတာင္အေမရိက ကစားသမားေလးကို အဂၤလန္ေဘာလံုး ကစားဟန္မွာ အသားက်လာဖို႔ကို လူငယ္အဆင့္မွာ သင္ယူေနေစတယ္။ သူဟာ လူငယ္အဆင့္မွာ အသားက်လာျပီးရင္ေတ့ာ စီနီယာအဆင့္ကို ေခၚယူခံရမယ္လို႔ ဆိုးရွားက ေျပာပါတယ္။

ဆိုးရွားက “ သူက လူငယ္ေလးအျဖစ္နဲ႔ အသင္းကို ဝင္ေရာက္လာခဲ့သူျဖစ္ပါတယ္။ သူ႔အတြက္ေတာ့ အားလံုးက အသစ္ေတြပဲ ျဖစ္ပါတယ္။ အရန္အသင္းမွာ ပြဲအနည္းငယ္ သင္ယူဖို႔လိုပါတယ္။ တိုင္းျပည္သစ္မွာ သူ႔ရဲ႕ စြမ္းေဆာင္ရည္အတြက္ ၾကိဳးစားရွာေဖြမႈေတြ လုပ္ႏုိင္ဖို႔ လိုပါတယ္။

အခုခ်ိန္ထိေတာ့ အေကာင္းျမင္စရာေတြ ရွိေနတဲ့ အေနအထားပါပဲ။ ပယ္လီစထီြက အသင္းအတြက္ သံုးဖို႔ဆိုရင္ က်ေန္ာတို႔ စိတ္ရွည္စြာ ေစာင့္ေပးျပီး အထိုင္က်လာဖို႔ရာ က်ေန္ာတို႔ အခ်ိန္ေပးဖို႔ လိုအပ္တ့ဲ ကစားသမားပါ။ အရန္အသင္းမွာ သူ႔ကို ျမင္ရမွာပါ။ ေနာက္ပြဲေလာက္ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္ ” လို႔ ဆိုခ့ဲတာျဖစ္တယ္။