ဒီနွေ ချယ်ဆီး ခေါ်ယူမှုတွေထဲ အကောင်းဆုံး အဖြစ် သက်သေပြနေတဲ့ ဂိုးသမား မန်ဒီ

ပြီးခဲ့တဲ့ နွေမှာ ချယ်ဆီး ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲ တီမိုဗာနာ၊ ကိုင်ဟားဗတ်၊ ဟာကင်ဇီယက်ခ်ျ၊ သီယာဂိုဆေးဗား၊ ဘင်ချီဝဲတို့ ကစားသမား တစ်ယောက်မှ မန်ဒီ ထက် ပိုပြီး ဒီရာသီမှာ ချယ်ဆီးအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိအောင် မလုပ်ပြနိုင်ခဲ့ဘူးလို့ Goal သတင်းဌာနက သုံးသပ်သွားခဲ့ပါတယ်။

လမ်းပတ်ရဲ့ နွေရာသီ နောက်ဆုံးခေါ်ယူမှုဖြစ်တဲ့ ပေါင်၂၂သန်းတန် မန်ဒီဟာ အခုဆိုရင် အသင်းဟောင်း ရန်းနက်စ်နဲ့ ချန်ပီယံလိဂ်မှာ မြန်မြန်ပဲ ပြန်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဂိုးသမား မန်ဒီ ဟာ သူ နောက်ဆုံးကစားခဲ့တဲ့ ၄၅၇ မိနစ်မှာ တစ်ဂိုးမှ ပေးခဲ့ရခြင်း မရှိသလို ချယ်ဆီးဂျာစီ ဝတ်ဆင်ခဲ့ချိန်ကစလို့ ၆ပွဲ ကစား ပေးခဲ့ရာမှာ ၅ကြိမ် clean sheet ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မနှစ်က ပရီးမီးယားလိဂ် ၅၄ဂိုးပေးခဲ့ရတဲ့ အနောက်လန်ဒန်ကလပ်ဟာ ကီပါ ကစားနေစဉ်အတွင်း တစ်ပွဲပျမ်းမျှ ၂ဂိုး ခွင့်ပြုနေရဦးမှာ ဖြစ်ပေမယ့် မန်ဒီကို ရွေးချယ်ခဲ့ ချိန်မှာတော့ ပေးဂိုးက တစ်ပွဲပျမ်းမျှ ဝ.၂၅ အထိ ကျဆင်းသွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဆီနီဂေါသားဟာ ဂိုးပေါက်ကာကွယ်နိုင်စွမ်းတင် ပြသခဲ့တာ မဟုတ်ပဲ ဖြတ်တင်ပေးပို့မှုတွေလဲ ရသလို ပြိုင်ဘက်နဲ့ တစ်ယောက်ချင်း ရင်ဆိုင်တွေ့တဲ့အခါလဲ ကီပါထက် ပိုပြီး ယုံကြည်မှုရှိရှိနဲ့ ဖြေရှင်းနိုင်တာဖြစ်ပါတယ်။ မန်ဒီရဲ့ အရည်အချင်းတွေဟာ သူ့ရဲ့ ၆ပေ၆လက်မ အရပ်ကြောင့် သာမက သူ့ရဲ့ လျင်မြန်မှုနဲ့လဲ ကျောထောက်နောက်ခံ ပြုထားတာပါ။

ဘန်လေနဲ့ပွဲအတွင်း အစောပိုင်း ဖြတ်တင်ပေးပို့မှုတစ်ခုကို ကတ်ဇူးမား လွဲချော်သွားတဲ့ အချိန် ဂိုးနားမှာ အက်ရှ်လေဘန်းစ်လဲ ရှိနေခဲ့ပေမယ့် သူ့ရဲ့ လျင်မြန်တဲ့ တုံ့ပြန်မှုနဲ့ ကျွမ်းကျင်မှုက ချယ်ဆီးကို သက်သာရာရစေခဲ့တာဖြစ်ပါတယ်။

“သူက ခြေထောက်မှာ ဘောလုံးထိန်းသိမ်းတဲ့နေရာမှာလဲ ကောင်းမွန်ခဲ့သလို အရပ်ကလဲ ရှည်တယ်၊ သူထွက်လာတဲ့အချိန်မှာ ဘောလုံးကို ဖျက်ခနဲ့ ဖမ်းလိုက်တာပဲ၊ သူက စကားအများကြီးပြောသလို အလုပ်လဲကောင်းကောင်းလုပ်တယ်၊ သူက အသင်းမှာ မြန်မြန်ပဲ အသားကျခဲ့ပေမယ့် ကျွန်တော်တို့ ဆက်ပြီး အာရုံစိုက်ဖို့တော့လိုတယ်”လို့ နောက်ခံလူ ကတ်ဇူးမားက ဆိုပါတယ်။

ဒီလိုအခိုက်အတန့်တွေ ဘယ်လောက် အရေးကြီးခဲ့လဲဆိုတာ တိုင်းတာပြဖို့ ခက်သလို နောက်ဆုံးပရီးမီးယားလိဂ်ပွဲမှာ ဇီယက်ခ်ျရဲ့အဖွင့်ဂိုးလိုမျိုး ကွင်းတစ်ဖက်ခြမ်းမှာဂိုးတွေများများသွင်းပြီး ရလဒ်ကောင်းတွေရဖို့ အတွက် အထောက်အကူပြုခဲ့တာ ဖြစ်နိုင်ပါတယ်။ ခြုံပြောရရင် မန်ဒီ ရှိနေတာကပဲ သူ့ရှေ့က နောက်ခံလူတွေရဲ့ စွမ်းဆောင်ရည်အဆင့်အတန်းကို မြင့်မားစေခဲ့တယ် လို့ Goal က ဆိုပါတယ်။

ခံစစ်သမားတွေနဲ့ အသင်းဖော်တွေဟာ ဂိုးသမား အပေါ် လုံးဝယုံထားလို့ရတာကြောင့် အခုဆိုရင် ယုံကြည်မှုရှိရှိနဲ့ အရှေ့တက်ကစားပြီးပွဲတိုင်းမှာ ပိုပြီး စိတ်ချရလာပါတယ်။

ချယ်ဆီးဟာ အခုဆိုရင်နိုင်ပွဲတွေရရှိစေဖို့ သူတို့ရဲ့အခွင့်အရေးတွေကို ပိုသာစေခဲ့တဲ့အကောင်းဆုံးဂိုးသမားတစ်ယောက် ရရှိထားပြီဆိုတာ ကနဦး အထင်ကြီးစရာ အချက်အလက်တွေက သက်သေပြ ထားပါတယ်။ သေချာဖို့ ဆိုတာ အချိန်က စကားပြောလာမှာဖြစ်ပေမယ့် ချယ်ဆီးကတော့ သူတို့ရဲ့ ဂိုးသမားအသစ်ဟာ ဂန္တဝင် ဂိုးသမားကို ချက်နဲ့ နှိုင်းယှဉ်ရအောင် ဆက်လက် လက်စွမ်းပြနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

Zawgyi – ျပီးခဲ့တဲ့ ေႏြမွာ ခ်ယ္ဆီး ေခၚယူခဲ့တဲ့ ကစားသမားေတြထဲ တီမိုဗာနာ၊ ကိုင္ဟားဗတ္၊ ဟာကင္ဇီယက္ခ္်၊ သီယာဂိုေဆးဗား၊ ဘင္ခ်ီဝဲတို႔ ကစားသမား တစ္ေယာက္မွ မန္ဒီ ထက္ ပိုၿပီး ဒီရာသီမွာ ခ်ယ္ဆီးအတြက္ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈရွိေအာင္ မလုပ္ျပႏိုင္ခဲ့ဘူးလို႔ Goal သတင္းဌာနက သံုးသပ္သြားခဲ့ပါတယ္။

လမ္းပတ္ရဲ႕ ေႏြရာသီ ေနာက္ဆုံးေခၚယူမႈျဖစ္တဲ့ ေပါင္၂၂သန္းတန္ မန္ဒီဟာ အခုဆိုရင္ အသင္းေဟာင္း ရန္းနက္စ္နဲ႔ ခ်န္ပီယံလိဂ္မွာ ျမန္ျမန္ပဲ ျပန္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

ဂိုးသမား မန္ဒီ ဟာ သူ ေနာက္ဆုံးကစားခဲ့တဲ့ ၄၅၇ မိနစ္မွာ တစ္ဂိုးမွ ေပးခဲ့ရျခင္း မရွိသလို ခ်ယ္ဆီးဂ်ာစီ ဝတ္ဆင္ခဲ့ခ်ိန္ကစလို႔ ၆ပြဲ ကစား ေပးခဲ့ရာမွာ ၅ႀကိမ္ clean sheet ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

မႏွစ္က ပရီးမီးယားလိဂ္ ၅၄ဂိုးေပးခဲ့ရတဲ့ အေနာက္လန္ဒန္ကလပ္ဟာ ကီပါ ကစားေနစဥ္အတြင္း တစ္ပြဲပ်မ္းမွ် ၂ဂိုး ခြင့္ျပဳေနရဦးမွာ ျဖစ္ေပမယ့္ မန္ဒီကို ေ႐ြးခ်ယ္ခဲ့ ခ်ိန္မွာေတာ့ ေပးဂိုးက တစ္ပြဲပ်မ္းမွ် ၀.၂၅ အထိ က်ဆင္းသြားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဒါေပမယ့္ ဆီနီေဂါသားဟာ ဂိုးေပါက္ကာကြယ္ႏိုင္စြမ္းတင္ ျပသခဲ့တာ မဟုတ္ပဲ ျဖတ္တင္ေပးပို႔မႈေတြလဲ ရသလို ၿပိဳင္ဘက္နဲ႔ တစ္ေယာက္ခ်င္း ရင္ဆိုင္ေတြ႕တဲ့အခါလဲ ကီပါထက္ ပိုၿပီး ယုံၾကည္မႈရွိရွိနဲ႔ ေျဖရွင္းႏိုင္တာျဖစ္ပါတယ္။ မန္ဒီရဲ႕ အရည္အခ်င္းေတြဟာ သူ႔ရဲ႕ ၆ေပ၆လက္မ အရပ္ေၾကာင့္ သာမက သူ႔ရဲ႕ လ်င္ျမန္မႈနဲ႔လဲ ေက်ာေထာက္ေနာက္ခံ ျပဳထားတာပါ။

ဘန္ေလနဲ႔ပြဲအတြင္း အေစာပိုင္း ျဖတ္တင္ေပးပို႔မႈတစ္ခုကို ကတ္ဇူးမား လြဲေခ်ာ္သြားတဲ့ အခ်ိန္ ဂိုးနားမွာ အက္ရွ္ေလဘန္းစ္လဲ ရွိေနခဲ့ေပမယ့္ သူ႔ရဲ႕ လ်င္ျမန္တဲ့ တုံ႔ျပန္မႈနဲ႔ ကြၽမ္းက်င္မႈက ခ်ယ္ဆီးကို သက္သာရာရေစခဲ့တာျဖစ္ပါတယ္။

“သူက ေျခေထာက္မွာ ေဘာလုံးထိန္းသိမ္းတဲ့ေနရာမွာလဲ ေကာင္းမြန္ခဲ့သလို အရပ္ကလဲ ရွည္တယ္၊ သူထြက္လာတဲ့အခ်ိန္မွာ ေဘာလုံးကို ဖ်က္ခနဲ႔ ဖမ္းလိုက္တာပဲ၊ သူက စကားအမ်ားႀကီးေျပာသလို အလုပ္လဲေကာင္းေကာင္းလုပ္တယ္၊ သူက အသင္းမွာ ျမန္ျမန္ပဲ အသားက်ခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ ဆက္ၿပီး အာ႐ုံစိုက္ဖို႔ေတာ့လိုတယ္”လို႔ ေနာက္ခံလူ ကတ္ဇူးမားက ဆိုပါတယ္။

ဒီလိုအခိုက္အတန႔္ေတြ ဘယ္ေလာက္ အေရးႀကီးခဲ့လဲဆိုတာ တိုင္းတာျပဖို႔ ခက္သလို ေနာက္ဆုံးပရီးမီးယားလိဂ္ပြဲမွာ ဇီယက္ခ္်ရဲ႕အဖြင့္ဂိုးလိုမ်ိဳး ကြင္းတစ္ဖက္ျခမ္းမွာဂိုးေတြမ်ားမ်ားသြင္းၿပီး ရလဒ္ေကာင္းေတြရဖို႔ အတြက္ အေထာက္အကူျပဳခဲ့တာ ျဖစ္ႏိုင္ပါတယ္။ ၿခဳံေျပာရရင္ မန္ဒီ ရွိေနတာကပဲ သူ႔ေရွ႕က ေနာက္ခံလူေတြရဲ႕ စြမ္းေဆာင္ရည္အဆင့္အတန္းကို ျမင့္မားေစခဲ့တယ္ လို႔ Goal က ဆိုပါတယ္။

ခံစစ္သမားေတြနဲ႕ အသင္းေဖာ္ေတြဟာ ဂိုးသမား အေပၚ လုံးဝယုံထားလို႔ရတာေၾကာင့္ အခုဆိုရင္ ယုံၾကည္မႈရွိရွိနဲ႔ အေရွ႕တက္ကစားၿပီးပြဲတိုင္းမွာ ပိုၿပီး စိတ္ခ်ရလာပါတယ္။

ခ်ယ္ဆီးဟာ အခုဆိုရင္ႏိုင္ပြဲေတြရရွိေစဖို႔ သူတို႔ရဲ႕အခြင့္အေရးေတြကို ပိုသာေစခဲ့တဲ့အေကာင္းဆုံးဂိုးသမားတစ္ေယာက္ ရရွိထားၿပီဆိုတာ ကနဦး အထင္ႀကီးစရာ အခ်က္အလက္ေတြက သက္ေသျပ ထားပါတယ္။ ေသခ်ာဖို႔ ဆိုတာ အခ်ိန္က စကားေျပာလာမွာျဖစ္ေပမယ့္ ခ်ယ္ဆီးကေတာ့ သူတို႔ရဲ႕ ဂိုးသမားအသစ္ဟာ ဂႏၲဝင္ ဂိုးသမားကို ခ်က္နဲ႔ ႏႈိင္းယွဥ္ရေအာင္ ဆက္လက္ လက္စြမ္းျပႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။