ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (05/11/20)

ညက ချန်ပီယံလိဂ် ပွဲမှာ အစ္စတန်ဘူလ် ဘက်ရှီးယား အသင်း ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့နောက် ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွိုင်းယား အနေနဲ့ ဘောလုံးဖြန့်ပေးတဲ့နေရာမှာ တိုးတက်ဖို့လိုသေးတယ်လို့ ဗန်ပါစီက အကြံပေးခဲ့ပေမယ့် ဒါက သူ့အမှားချည်းပဲ မဟုတ်ဘူးလို့ ထောက်ခံပြောဆိုခဲ့ပါတယ်။

ရှုံးပွဲအပြီး အဝတ်လဲခန်းထဲမှာ နည်းပြက ယူနိုက်တက် ကစားသမားတွေကို ဆူပူကြိမ်းမောင်းတာမျိုး လုပ်သင့်တယ်လို့ ရီယိုဖာဒီနန်က ထင်နေပေမယ့် ဆိုးလ်ရှားကတော့ သူတို့ကို ဒီတိုင်းလွှတ်ထားပြီး ဘာမှပြောမှာမဟုတ်ဘူးလို့ ဝေဖန်ခဲ့ပါတယ်။

နောက်ဆုံး၂ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့နောက် ယူနိုက်တက်အနေနဲ့ ဒီတစ်ပတ် အဲဗာတန်ကို ရှုံးလို့မရတော့ဘူးလို့ ဘရူနိုဖာနန်ဒက်စ်က သတိပေး စကား ဆိုခဲ့ပြီး ယခုထက် အများကြီး ပိုကောင်းအောင် လုပ်ရမယ်လို့ အသင်းဖော်တွေကို တိုက်တွန်းခဲ့ပါတယ်။

ချန်ပီယံလိဂ်ရှုံးပွဲအပြီး ယူနိုက်တက်ရဲ့ ဆိုးဝါးတဲ့ စွမ်းဆောင်ရည်အတွက် နည်းပြဆိုးလ်ရှားကို ဝေဖန်ခဲ့ကြပေမယ့်လဲ ပေါလ်စခိုးကတော့ မာရှယ် ကိုလဲ အပြစ်တင်ခဲ့ပြီး ဗဟိုတိုက်စစ်က ရှိတယ်လို့တောင်မထင်ရဘူးလို့ ဝေဖန်ခဲ့ပါတယ်။

အစ္စတန်ဘူလ်ကပွဲမှာ ဗစ်တာ လင်ဒီလော့ဖ်ကို အရန်ခုံ ထိုင်ခိုင်းခဲ့တာက နောက်ကျောဒဏ်ရာ ရခဲ့တာကြောင့်ပါလို့ ဆိုးလ်ရှားက ဖြေရှင်းခဲ့ပြီး ဒီဒဏ်ရာကြောင့်ပဲ စနေနေ့အဲဗာတန်နဲ့ပွဲကိုပါ လွဲချော်နိုင်ဖွယ်ရှိကြောင်း သတင်းပေးခဲ့ပါတယ်။

ယူနိုက်တက်ဟာ နောက်ဆုံး ၄ပွဲမှာ ၁ပွဲသာ အနိုင်ရခဲ့ပြီး လိဂ်မှာ အဆင့် ၁၅ နေရာ ရောက်ခဲ့ရသလို ရာထူးကနေ ထုတ်ပယ်ခံရနိုင်ခြေရှိတဲ့ သတင်းအပေါ် မှတ်ချက်ပေးဖို့ကို ဆိုးလ်ရှားက ငြင်းပယ်ခဲ့ပြီး လက်ရှိအလုပ်ကိုပဲ အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။

ယူနိုက်တက် တောင်ပံခံစစ်ကစားသမားဟောင်း ရာဖေးဒါဆေးဗားဟာ မနေ့က အစ္စတန်ဘူလ် အသင်းမှာ ပါဝင်ခဲ့ပြီး ခြေစွမ်းပြခဲ့သလို မိမိတို့ အသင်းအနေနဲ့ သူ့ကို မရောင်းထုတ်ခဲ့သင့်ဘူးလို့ ရီယိုဖာဒီနန်က ဟာသလုပ် ပြောဆိုခဲ့ပါတယ်။

မာရှယ်ရဲ့ဂိုးအပြီး ယူနိုက်တက်ဟာ ဂိုးပေါက်ခြိမ်းခြောက်မှု တစ်ကြိမ်မှ မလုပ်နိုင်ခဲ့တာ ဖြစ်သလို ၂ပွဲဆက်ရှုံးပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ဒွန်နီဗန်ဒီဘိခ်က စိတ်ပျက်နေခဲ့ပြီး အသက်မပါတဲ့ကစားပုံကို နားမလည်နိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ညက ခ်န္ပီယံလိဂ္ ပြဲမွာ အစၥတန္ဘူလ္ ဘက္ရွီးယား အသင္း ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ေနာက္ ယူႏိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယား အေနနဲ႔ ေဘာလုံးျဖန႔္ေပးတဲ့ေနရာမွာ တိုးတက္ဖို႔လိုေသးတယ္လို႔ ဗန္ပါစီက အႀကံေပးခဲ့ေပမယ့္ ဒါက သူ႔အမွားခ်ည္းပဲ မဟုတ္ဘူးလို႔ ေထာက္ခံေျပာဆိုခဲ့ပါတယ္။

ရႈံးပြဲအၿပီး အဝတ္လဲခန္းထဲမွာ နည္းျပက ယူနိုက္တက္ ကစားသမားေတြကို ဆူပူႀကိမ္းေမာင္းတာမ်ိဳး လုပ္သင့္တယ္လို႔ ရီယိုဖာဒီနန္က ထင္ေနေပမယ့္ ဆိုးလ္ရွားကေတာ့ သူတို႔ကို ဒီတိုင္းလႊတ္ထားၿပီး ဘာမွေျပာမွာမဟုတ္ဘူးလို႔ ေဝဖန္ခဲ့ပါတယ္။

ေနာက္ဆုံး၂ပြဲဆက္ ရႈံးနိမ့္ခဲ့တဲ့ေနာက္ ယူႏိုက္တက္အေနနဲ႔ ဒီတစ္ပတ္ အဲဗာတန္ကို ရႈံးလို႔မရေတာ့ဘူးလို႔ ဘ႐ူႏိုဖာနန္ဒက္စ္က သတိေပး စကား ဆိုခဲ့ၿပီး ယခုထက္ အမ်ားႀကီး ပိုေကာင္းေအာင္ လုပ္ရမယ္လို႔ အသင္းေဖာ္ေတြကို တိုက္တြန္းခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ရႈံးပြဲအၿပီး ယူႏိုက္တက္ရဲ႕ ဆိုးဝါးတဲ့ စြမ္းေဆာင္ရည္အတြက္ နည္းျပဆိုးလ္ရွားကို ေဝဖန္ခဲ့ၾကေပမယ့္လဲ ေပါလ္စခိုးကေတာ့ မာရွယ္ ကိုလဲ အျပစ္တင္ခဲ့ၿပီး ဗဟိုတိုက္စစ္က ရွိတယ္လို႔ေတာင္မထင္ရဘူးလို႔ ေဝဖန္ခဲ့ပါတယ္။

အစၥတန္ဘူလ္ကပြဲမွာ ဗစ္တာ လင္ဒီေလာ့ဖ္ကို အရန္ခုံ ထိုင္ခိုင္းခဲ့တာက ေနာက္ေက်ာဒဏ္ရာ ရခဲ့တာေၾကာင့္ပါလို႔ ဆိုးလ္ရွားက ေျဖရွင္းခဲ့ၿပီး ဒီဒဏ္ရာေၾကာင့္ပဲ စေနေန႔အဲဗာတန္နဲ႔ပြဲကိုပါ လြဲေခ်ာ္ႏိုင္ဖြယ္ရွိေၾကာင္း သတင္းေပးခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ေနာက္ဆုံး ၄ပြဲမွာ ၁ပြဲသာ အႏိုင္ရခဲ့ၿပီး လိဂ္မွာ အဆင့္ ၁၅ ေနရာ ေရာက္ခဲ့ရသလို ရာထူးကေန ထုတ္ပယ္ခံရႏိုင္ေျခရွိတဲ့ သတင္းအေပၚ မွတ္ခ်က္ေပးဖို႔ကို ဆိုးလ္ရွားက ျငင္းပယ္ခဲ့ၿပီး လက္ရွိအလုပ္ကိုပဲ အာ႐ုံစိုက္ထားတယ္လို႔ ဆိုပါတယ္။

ယူႏိုက္တက္ ေတာင္ပံခံစစ္ကစားသမားေဟာင္း ရာေဖးဒါေဆးဗားဟာ မေန႔က အစၥတန္ဘူလ္ အသင္းမွာ ပါဝင္ခဲ့ၿပီး ေျခစြမ္းျပခဲ့သလို မိမိတို႔ အသင္းအေနနဲ႔ သူ႔ကို မေရာင္းထုတ္ခဲ့သင့္ဘူးလို႔ ရီယိုဖာဒီနန္က ဟာသလုပ္ ေျပာဆိုခဲ့ပါတယ္။

မာရွယ္ရဲ႕ဂိုးအၿပီး ယူႏိုက္တက္ဟာ ဂိုးေပါက္ၿခိမ္းေျခာက္မႈ တစ္ႀကိမ္မွ မလုပ္ႏိုင္ခဲ့တာ ျဖစ္သလို ၂ပြဲဆက္ရႈံးပြဲမွာ အသင္းရဲ႕စြမ္းေဆာင္ရည္ကို ဒြန္နီဗန္ဒီဘိခ္က စိတ္ပ်က္ေနခဲ့ၿပီး အသက္မပါတဲ့ကစားပုံကို နားမလည္ႏိုင္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။