ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (05/11/20)

တီမိုဗာနာ ဟာ ရန်းနက်စ်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ချယ်ဆီးရဲ့ ပင်နယ်တီပင်တိုင် ကန်သွင်းသူအဖြစ် ပင်နယ်တီ၂လုံး ကန်ခွင့်ရခဲ့တဲ့နောက် သူ့ရဲ့တာဝန်ကို ကျေကျေနပ်နပ် လွှဲပြောင်းပေးခဲ့တဲ့ ဂျော်ဂျင်ဟိုကိုလဲ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ရန်းနက်စ်ပွဲမှာ မပါဝင်ခဲ့တဲ့ ကိုင်ဟားဗတ်ဟာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှုကြောင့် ဖြစ်တယ်လို့ လမ်းပတ်က အတည်ပြုခဲ့ပြီး ပြင်းထန်တဲ့ လက္ခဏာမရှိသလို ဆေးစစ်မှုမှာ နက်ဂတစ်တစ်ကြိမ်ဖြစ်ရင် ပြန်ကစားနိုင်မှာပါလို့ သတင်းပေးခဲ့ပါတယ်။

ဂျော်ဂျင်ဟိုက အမှား မလုပ်ခဲ့တာကြောင့် ပင်နယ်တီတာဝန်ကို တီမိုဗာနာထံ လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ရတာက မလွယ်ကူခဲ့ဘူးလို့ လမ်းပတ်က ဝန်ခံခဲ့သလို သူ့အနေနဲ့ ကွင်းလယ်လူအပေါ် ရက်စက်ရာကျသွားမလားလို့ ထင်နေကြောင်း ပြောဆိုခဲ့ပါတယ်။

တန်မီအေဗရာဟမ်ကန်လိုက်တဲ့ဘောလုံးက ရန်းနက်စ် နောက်ခံလူရဲ့လက်ကို ထိခဲ့တာဟာ ball to hand ဖြစ်တယ်လို့ ဂျိုကိုးလ်က ထင်မြင် နေသလို အငြင်းပွားဖွယ် လက်ထိဘောကြောင့် ဒုတိယ ပင်နယ်တီ ပေးတာကမဖြစ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဘန်လေနဲ့ ပွဲမတိုင်ခင် အသေးစား တံကောက်ကြောဒဏ်ရာရခဲ့တဲ့ ပူလီဆစ်ဟာ အဲ့ဒီ့ပွဲနဲ့ အခု ရန်းနက်စ်ပွဲကိုလဲ လွဲချော်ခဲ့ရတာဖြစ်ပေမယ့် ဒီတစ်ပတ် ရှက်ဖီးနဲ့ အိမ်ကွင်းပွဲမှာတော့ ပြန်ပါလာနိုင်တယ်လို့ လမ်းပတ်က အတည်ပြုခဲ့ပါတယ်။

ရန်းနက်စ်ကို ၃-ဝနဲ့နိုင်ခဲ့တဲ့ပွဲမှာ တီမိုဗာက ၂ဂိုးသွင်းခဲ့တဲ့နောက် နည်းပြလမ်းပတ်က သူ့အသင်းဟာ ပုံမှန်ထက်စောပြီး ရာသီကြိုမှာ ဂျာမန်သားနဲ့ အတူ လေ့ကျင့်ခဲ့တာအတွက် အကျိုးရလဒ်ကောင်းတွေ ပြန်ရနေတာဖြစ်တယ်လို့ဆိုပါတယ်။

ဂျော်ဂျင်ဟိုဟာ ၁လအတွင်း ပင်နယ်တီ၂ကြိမ် လွဲချော်ခဲ့တဲ့နောက် လမ်းပတ်က ဗာနာကို ပင်နယ်တီတာဝန်လွှဲပေးခဲ့သလို ဂျော်ဂျင်ဟိုအနေနဲ့ ပရော်ဖက်ရှင်နယ် ပီသစွာ ဒါကို လက်ခံခဲ့ပြီး တီမိုဗာနာကို အခွင့်အရေးပေးခဲ့လို့ လမ်းပတ်က ချီးကျူးပြောဆိုခဲ့ပါတယ်။

ကိုင်ဟားဗတ်မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့ပေမယ့် သူဟာ တခြားကစားသမားတွေနဲ့ ထိတွေ့မှုမရှိခဲ့တာကြောင့် တစ်ယောက်တည်း ကွာရန်တင်း ဝင်ရမှာဖြစ်လို့ စိုးရိမ်စရာ သိပ်မရှိဘူးလို့ လမ်းပတ်က သတင်းပေးခဲ့ပါတယ်။

Zawgyi – တီမိုဗာနာ ဟာ ရန္းနက္စ္ကို ၃-၀ နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ခ်ယ္ဆီးရဲ႕ ပင္နယ္တီပင္တိုင္ ကန္သြင္းသူအျဖစ္ ပင္နယ္တီ၂လုံး ကန္ခြင့္ရခဲ့တဲ့ေနာက္ သူ႔ရဲ႕တာဝန္ကို ေက်ေက်နပ္နပ္ လႊဲေျပာင္းေပးခဲ့တဲ့ ေဂ်ာ္ဂ်င္ဟိုကိုလဲ ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

ရန္းနက္စ္ပြဲမွာ မပါဝင္ခဲ့တဲ့ ကိုင္ဟားဗတ္ဟာ ကိုဗစ္ေရာဂါပိုး ကူးစက္ခံရမႈေၾကာင့္ ျဖစ္တယ္လို႔ လမ္းပတ္က အတည္ျပဳခဲ့ၿပီး ျပင္းထန္တဲ့ လကၡဏာမရွိသလို ေဆးစစ္မႈမွာ နက္ဂတစ္တစ္ႀကိမ္ျဖစ္ရင္ ျပန္ကစားႏိုင္မွာပါလို႔ သတင္းေပးခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟိုက အမွား မလုပ္ခဲ့တာေၾကာင့္ ပင္နယ္တီတာဝန္ကို တီမိုဗာနာထံ လႊဲေျပာင္းေပးဖို႔ ဆုံးျဖတ္ရတာက မလြယ္ကူခဲ့ဘူးလို႔ လမ္းပတ္က ဝန္ခံခဲ့သလို သူ႔အေနနဲ႔ ကြင္းလယ္လူအေပၚ ရက္စက္ရာက်သြားမလားလို႔ ထင္ေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။

တန္မီေအဗရာဟမ္ကန္လိုက္တဲ့ေဘာလုံးက ရန္းနက္စ္ ေနာက္ခံလူရဲ႕လက္ကို ထိခဲ့တာဟာ ball to hand ျဖစ္တယ္လို႔ ဂ်ိဳကိုးလ္က ထင္ျမင္ ေနသလို အျငင္းပြားဖြယ္ လက္ထိေဘာေၾကာင့္ ဒုတိယ ပင္နယ္တီ ေပးတာကမျဖစ္သင့္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ဘန္ေလနဲ႔ ပြဲမတိုင္ခင္ အေသးစား တံေကာက္ေၾကာဒဏ္ရာရခဲ့တဲ့ ပူလီဆစ္ဟာ အဲ့ဒီ့ပြဲနဲ႔ အခု ရန္းနက္စ္ပြဲကိုလဲ လြဲေခ်ာ္ခဲ့ရတာျဖစ္ေပမယ့္ ဒီတစ္ပတ္ ရွက္ဖီးနဲ႔ အိမ္ကြင္းပြဲမွာေတာ့ ျပန္ပါလာႏိုင္တယ္လို႔ လမ္းပတ္က အတည္ျပဳခဲ့ပါတယ္။

ရန္းနက္စ္ကို ၃-၀နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ တီမိုဗာက ၂ဂိုးသြင္းခဲ့တဲ့ေနာက္ နည္းျပလမ္းပတ္က သူ႔အသင္းဟာ ပုံမွန္ထက္ေစာၿပီး ရာသီႀကိဳမွာ ဂ်ာမန္သားနဲ႔ အတူ ေလ့က်င့္ခဲ့တာအတြက္ အက်ိဳးရလဒ္ေကာင္းေတြ ျပန္ရေနတာျဖစ္တယ္လို႔ဆိုပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာ ၁လအတြင္း ပင္နယ္တီ၂ႀကိမ္ လြဲေခ်ာ္ခဲ့တဲ့ေနာက္ လမ္းပတ္က ဗာနာကို ပင္နယ္တီတာဝန္လႊဲေပးခဲ့သလို ေဂ်ာ္ဂ်င္ဟိုအေနနဲ႔ ပေရာ္ဖက္ရွင္နယ္ ပီသစြာ ဒါကို လက္ခံခဲ့ၿပီး တီမိုဗာနာကို အခြင့္အေရးေပးခဲ့လို႔ လမ္းပတ္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ကိုင္ဟားဗတ္မွာ ကိုဗစ္ေရာဂါပိုး ေတြ႕ရွိခဲ့ေၾကာင္း အတည္ျပဳခဲ့ေပမယ့္ သူဟာ တျခားကစားသမားေတြနဲ႔ ထိေတြ႕မႈမရွိခဲ့တာေၾကာင့္ တစ္ေယာက္တည္း ကြာရန္တင္း ဝင္ရမွာျဖစ္လို႔ စိုးရိမ္စရာ သိပ္မရွိဘူးလို႔ လမ္းပတ္က သတင္းေပးခဲ့ပါတယ္။