ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (05/11/20)

အူဘာမီးယန်းက မန်နေဂျာ အာတီတာရဲ့ ပထမနာမည်ကို တိုက်ရိုက်ခေါ်ပြီး ဆက်ဆံတဲ့အတွက် လေးစားမှုမရှိဘူးလို့ ရွိုင်ကိန်းက ဝေဖန်ပြောဆိုခဲ့ပေမယ့် သူ့ ကစားသမားတွေဆီကနေ မလေးမစားလုပ်တာမျိုး မခံစားခဲ့ရဘူးလို့ အာတီတာက ကာကွယ်ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်မှာ ခြေစွမ်းပြသနေတဲ့ အယ်နီနီရဲ့ လက်ရှိစာချုပ်ဟာ နွေရာသီမှာ သက်တမ်းကုန်မှာဖြစ်သလို စာချုပ်သက်တမ်းတိုးဖို့ သတင်းတွေ ထွက်နေပေမယ့်လဲ အာတီတာကတော့ အခုချိန်မှာ ဒီကိစ္စကိုပြောဖို့ စောသေးတယ်လို့ ငြင်းဆိုခဲ့ပါတယ်။

လူငယ်လေး ဂျိုးဝီလော့ခ်က ပြင်ပက ဝေဖန်သံတွေကို ငြင်းဆိုခဲ့ပြီး အာဆင်နယ် တစ်သင်းလုံးက အာတီတာလက်အောက် တိုးတက်လာမှု အခြေအနေတွေအတွက် စပိန်သား လူငယ်မန်နေဂျာကို လေးစားသဘောကျနေတာပါလို့ ဆိုပါတယ်။

ဝီလီယံ ဆလီဘာဟာ မြောက်လန်ဒန်မှာ ကစားချိန်မရတဲ့ သူ့ရဲ့အခြေအနေနဲ့ ပတ်သက်လို့ မပျော်မရွှင်ဖြစ်နေတယ်လို့ နည်းပြ အာတီတာက ဝန်ခံခဲ့သလို လူငယ်နောက်ခံလူဟာ ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆိုးလ်ရှားဟာ အိုးလ်ထရက်ဖို့ဒ်မှာ တည်ငြိမ်မှုရဖို့တောင် မနည်းရုန်းကန်နေရတာ ဖြစ်သလို ယူနိုက်တက်နည်းပြက အာတီတာသာ ဖြစ်ခဲ့ရင် သူတို့တွေက ဆုဖလားတွေကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ဂန်းနားဂန္တဝင် အီယန်ရိုက်က ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ မိုလ်ဒီနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲအတွက် အသင်းလူစာရင်းမှာ ၁၇နှစ်အရွယ် လူငယ်၃ယောက်ကို ထည့်သွင်းခဲ့တာဖြစ်သလို မွန်လူးဝစ်၊ ဟတ်ချင်ဆန်နဲ့ ချာလီပတ်တီနိုတို့ဟာ အသင်းကြီးအတွက် ကစားခွင့်ရဖို့ မျှော်လင့်နိုင်တော့မှာပါ။

အမ်းမရိတ်စ်မှာ လာကာဇက်တီရဲ့ အနာဂတ်က မရေမရာ ဖြစ်နေကာ အာဆင်နယ်အနေနဲ့ သူ့နေရာကို အစားထိုးဖို့ ဆဲလ်တစ် တိုက်စစ်ကစားသမား အော့ဒ်ဆွန်နီ အီဒူဝပ်ကို ခေါ်ယူသင့်တယ်လို့ ကီဗင်ကမ့်ဘဲက တိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ် ယူ-၁၈အသင်းအတွက် ဒီရာသီမှာ ၄ဂိုးနဲ့ ဖန်တီးမှု၃ကြိမ် ပြုလုပ်ပေးခဲ့တဲ့ တေလာဟတ်ဟာ ဂန်းနားတွေနဲ့ ပရော်ဖက်ရှင်နယ် စာချုပ်မချုပ်ရသေးပေမယ့် ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ်နဲ့ ဘွန်ဒက်စ်လီဂါကလပ်တွေက စိတ်ဝင်စားနေပါတယ်။

ZAWGYI

အူဘာမီးယန္းက မန္ေနဂ်ာ အာတီတာရဲ႕ ပထမနာမည္ကို တိုက္ရိုက္ေခၚျပီး ဆက္ဆံတဲ့အတြက္ ေလးစားမႈမရွိဘူးလို႔ ႐ြိဳင္ကိန္းက ေဝဖန္ေျပာဆိုခဲ့ေပမယ့္ သူ႔ ကစားသမားေတြဆီကေန မေလးမစားလုပ္တာမ်ိဳး မခံစားခဲ့ရဘူးလို႔ အာတီတာက ကာကြယ္ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္မွာ ေျခစြမ္းျပသေနတဲ့ အယ္နီနီရဲ႕ လက္ရွိစာခ်ဳပ္ဟာ ေႏြရာသီမွာ သက္တမ္းကုန္မွာျဖစ္သလို စာခ်ဳပ္သက္တမ္းတိုးဖို႔ သတင္းေတြ ထြက္ေနေပမယ့္လဲ အာတီတာကေတာ့ အခုခ်ိန္မွာ ဒီကိစၥကိုေျပာဖို႔ ေစာေသးတယ္လို႔ ျငင္းဆိုခဲ့ပါတယ္။

လူငယ္ေလး ဂ်ိဳးဝီေလာ့ခ္က ျပင္ပက ေဝဖန္သံေတြကို ျငင္းဆိုခဲ့ျပီး အာဆင္နယ္ တစ္သင္းလုံးက အာတီတာလက္ေအာက္ တိုးတက္လာမႈ အေျခအေနေတြအတြက္ စပိန္သား လူငယ္မန္ေနဂ်ာကို ေလးစားသေဘာက်ေနတာပါလို႔ ဆိုပါတယ္။

ဝီလီယံ ဆလီဘာဟာ ေျမာက္လန္ဒန္မွာ ကစားခ်ိန္မရတဲ့ သူ႔ရဲ႕အေျခအေနနဲ႔ ပတ္သက္လို႔ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔ နည္းျပ အာတီတာက ဝန္ခံခဲ့သလို လူငယ္ေနာက္ခံလူဟာ ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဆိုးလ္ရွားဟာ အိုးလ္ထရက္ဖို႔ဒ္မွာ တည္ၿငိမ္မႈရဖို႔ေတာင္ မနည္း႐ုန္းကန္ေနရတာ ျဖစ္သလို ယူႏိုက္တက္နည္းျပက အာတီတာသာ ျဖစ္ခဲ့ရင္ သူတို႔ေတြက ဆုဖလားေတြကို စိန္ေခၚႏိုင္လိမ့္မယ္လို႔ ဂန္းနားဂႏၲဝင္ အီယန္႐ိုက္က ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ မိုလ္ဒီနဲ႔ ကစားရမယ့္ ယူ႐ိုပါလိဂ္ပြဲအတြက္ အသင္းလူစာရင္းမွာ ၁၇ႏွစ္အ႐ြယ္ လူငယ္၃ေယာက္ကို ထည့္သြင္းခဲ့တာျဖစ္သလို မြန္လူးဝစ္၊ ဟတ္ခ်င္ဆန္နဲ႔ ခ်ာလီပတ္တီႏိုတို႔ဟာ အသင္းႀကီးအတြက္ ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ႏိုင္ေတာ့မွာပါ။

အမ္းမရိတ္စ္မွာ လာကာဇက္တီရဲ႕ အနာဂတ္က မေရမရာ ျဖစ္ေနကာ အာဆင္နယ္အေနနဲ႔ သူ႔ေနရာကို အစားထိုးဖို႔ ဆဲလ္တစ္ တိုက္စစ္ကစားသမား ေအာ့ဒ္ဆြန္နီ အီဒူဝပ္ကို ေခၚယူသင့္တယ္လို႔ ကီဗင္ကမ့္ဘဲက တိုက္တြန္းခဲ့ပါတယ္။

အာဆင္နယ္ ယူ-၁၈အသင္းအတြက္ ဒီရာသီမွာ ၄ဂိုးနဲ႔ ဖန္တီးမႈ၃ႀကိမ္ ျပဳလုပ္ေပးခဲ့တဲ့ ေတလာဟတ္ဟာ ဂန္းနားေတြနဲ႔ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္မခ်ဳပ္ရေသးေပမယ့္ ပရီးမီးယားလိဂ္၊ ခ်န္ပီယံရွစ္နဲ႔ ဘြန္ဒက္စ္လီဂါကလပ္ေတြက စိတ္ဝင္စားေနပါတယ္။