ပွဲမကန်ခင် အဲဗာတန် က မန်ချက်စတာယူနိုက်တက် ထက် အသာရထားတာ ရှိကြောင်း အန်ဆယ်လော့တီ ပြောဆို

အဲဗာတန် နည်းပြ ကားလို့စ် အန်ဆယ်လော့တီကတော့ သူ့ကလပ်အသင်းဟာ ဒီတစ်ပတ် ရင်ဆိုင်ရမယ့် မန်ချက်စတာ ယူနိုက်တက်ထက် အားသာချက်ကြီး တစ်ခု ရထားကြောင်း ပွဲမတိုင်ခင်မှာ ထုတ်ဖော် ပြောကြားထားပါတယ်။ အီတလီသားကြီး ရည်ညွှန်းခဲ့တာကတော့ သူ့အသင်းသားတွေရဲ့ ကြံ့ခိုင်မှုပိုင်းကို ဆိုလိုခဲ့တာပါ။

ယူနိုက်တက်ဟာ ညကပဲ တူရကီမှာ သွားရောက်ပြီး အစ္စတန်ဘူလ် အသင်းကို ချန်ပီယံလိဂ်ပွဲ ရင်ဆိုင်ကစားခဲ့ကာ ရှုံးနိမ့်ပြန်လာခဲ့ရပါတယ်။ ထိုပွဲကနေ သုံးရက် အကြာ စနေနေ့မှာ ဂွတ်ဒီဆင်ပါ့ခ် သို့ သွားပြီး အဲဗာတန်အသင်းကို ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ ဆိုးရှားကိုယ်တိုင်ကလည်း ရက် ဆက်နေတဲ့ ပွဲစဉ်ဇယား အကြပ်အတည်းကို တင်ပြပြီး ရွှေ့ဆိုင်းဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါဘူး။ ဒါ့အပြင် မန်ချက်စတာ ကလပ်ဟာ အာဆင်နယ်နဲ့ တူရကီကလပ်ကို ဆက်တိုက် ရှုံးထားတဲ့ ရလဒ်တွေကနေ ရုန်းထွက်ဖို့လည်း ဖိအားဝင်နေပြီ ဆိုရမှာပါ။

ဒီလို အခြေအနေမှာပဲ အဲဗာတန် နည်းပြ အန်ဆယ်လော့တီကတော့ သူ့အသင်းဟာ ကြားရက် ပွဲ မကစားထားတာကြောင့် ယူနိုက်တက်ထက် လန်းဆန်းပြီး ကာယပိုင်း အာသာချက် ရှိနေမှာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

” ဒါက ကျနေ်ာ့ အသင်းအတွက် အားသာချက် တစ်ခု ဖြစ်လာဖို့ ရှိပါတယ်။ ကျနော် အရင်က ပြောခဲ့သလိုပါပဲ .. ထိပ်တန်း အသင်းတွေက တကယ့်ကို ရှည်လျားတဲ့ ပွဲစဉ်ဇယားတွေ ရထားပါတယ်။ ဒီအနေအထားကနေ ကျနော်တို့က ကာယပိုင်း ကြံ့ခိုင်မှု အားသာချက် ရနိုင်ပါတယ်။ ” လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြ ဆိုးရှား ရာထူးက ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီ ဖြစ်ပြီး ဆိုးဝါးတဲ့ ရလဒ်တွေက ရုန်းထွက်ဖို့ ဖိအားကြီး ရှိနေတာကြောင့် ဒီတစ်ပတ် ပွဲဟာ ၎င်းတို့ ဒီရာသီ အရေးကြီးဆုံး ပွဲ တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

Zawgyi – အဲဗာတန္ နည္းျပ ကားလို႔စ္ အန္ဆယ္ေလာ့တီကေတာ့ သူ႔ကလပ္အသင္းဟာ ဒီတစ္ပတ္ ရင္ဆိုင္ရမယ့္ မန္ခ်က္စတာ ယူနိုက္တက္ထက္ အားသာခ်က္ၾကီး တစ္ခု ရထားေၾကာင္း ပြဲမတိုင္ခင္မွာ ထုတ္ေဖာ္ ေျပာၾကားထားပါတယ္။ အီတလီသားၾကီး ရည္ညႊန္းခဲ့တာကေတာ့ သူ႔အသင္းသားေတြရဲ႕ ၾကံ႕ခိုင္မႈပိုင္းကို ဆိုလိုခဲ့တာပါ။

ယူနုိက္တက္ဟာ ညကပဲ တူရကီမွာ သြားေရာက္ျပီး အစၥတန္ဘူလ္ အသင္းကို ခ်န္ပီယံလိဂ္ပြဲ ရင္ဆိုင္ကစားခဲ့ကာ ရွံဳးနိမ့္ျပန္လာခဲ့ရပါတယ္။ ထိုပြဲကေန သံုးရက္ အၾကာ စေနေန႔မွာ ဂြတ္ဒီဆင္ပါ့ခ္ သို႔ သြားျပီး အဲဗာတန္အသင္းကို ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ အသင္းနည္းျပ ဆိုးရွားကိုယ္တိုင္ကလည္း ရက္ ဆက္ေနတဲ့ ပြဲစဥ္ဇယား အၾကပ္အတည္းကို တင္ျပျပီး ေရႊ႕ဆိုင္းဖို႔ ၾကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ပါဘူး။ ဒါ့အျပင္ မန္ခ်က္စတာ ကလပ္ဟာ အာဆင္နယ္နဲ႕ တူရကီကလပ္ကို ဆက္တိုက္ ရွံဳးထားတဲ့ ရလဒ္ေတြကေန ရုန္းထြက္ဖို႔လည္း ဖိအား၀င္ေနျပီ ဆိုရမွာပါ။

ဒီလို အေျခအေနမွာပဲ အဲဗာတန္ နည္းျပ အန္ဆယ္ေလာ့တီကေတာ့ သူ႔အသင္းဟာ ၾကားရက္ ပြဲ မကစားထားတာေၾကာင့္ ယူနိုက္တက္ထက္ လန္းဆန္းျပီး ကာယပိုင္း အာသာခ်က္ ရွိေနမွာ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

” ဒါက က်ေန္ာ့ အသင္းအတြက္ အားသာခ်က္ တစ္ခု ျဖစ္လာဖို႔ ရွိပါတယ္။ က်ေနာ္ အရင္က ေျပာခဲ့သလိုပါပဲ .. ထိပ္တန္း အသင္းေတြက တကယ့္ကို ရွည္လ်ားတဲ့ ပြဲစဥ္ဇယားေတြ ရထားပါတယ္။ ဒီအေနအထားကေန က်ေနာ္တို႔က ကာယပိုင္း ၾကံ႕ခိုင္မႈ အားသာခ်က္ ရနုိင္ပါတယ္။ ” လို႔ ၄င္းက ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ နည္းျပ ဆိုးရွား ရာထူးက ထုတ္ပယ္ခံရဖို႔ နီးစပ္ေနျပီ ျဖစ္ျပီး ဆိုး၀ါးတဲ့ ရလဒ္ေတြက ရုန္းထြက္ဖို႔ ဖိအားၾကီး ရွိေနတာေၾကာင့္ ဒီတစ္ပတ္ ပြဲဟာ ၄င္းတို႔ ဒီရာသီ အေရးၾကီးဆံုး ပြဲ တစ္ပြဲ ျဖစ္လာဖို႔ ရွိေနပါတယ္။