အမှတ်ပေးဇယားမှာ အာဆင်နယ်ရှေ့ ရောက်ခဲ့တာက စပါးပရိသတ်တွေ ချန်ပီယံလိဂ် ရသလို ပျော်ခဲ့ရကြောင်း ပိုချက်တီနို ဖွင့်ချ

စပါးနည်းပြဟောင်း ပိုချက်တီနိုက လတ်တလော စကိုင်းစပေါ့ အစီအစဉ်မှာ ပါဝင်ဆွေးနွေးရင်း သူ့ကလပ်ဟောင်း စပါးနဲ့ မြို့ခံ ပြိုင်ဘက် အာဆင်နယ် အသင်းအကြောင်း ယှဉ်ပြိုင်ခဲ့မှုတွေကို ဖွင့်ဟခဲ့ပါတယ်။

စပါးပရိသတ်တွေ အတွက်တော့ အမှတ်ပေးဇယားမှာ အာဆင်နယ် အထက် ရပ်တည်နိုင်တာက ချန်ပီယံလိဂ် ဖလား ရသလိုကို ပျော်ရွှင် အောင်ပွဲခံခဲ့ကြကြောင်း အာဂျင်တိုင်းသားကြီးက ဖွင့်ချခဲ့ပါတယ်။

တော့တင်ဟမ် စပါးအသင်းကို ကိုင်တွယ်စဉ်က ပိုချက်တီနိုဟာ အမှတ်ရစရာ နိုင်ပွဲကောင်းတွေ မြောက်လန်ဒန်ကလပ် အတွက် ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စပါးအသင်း အာဆင်နယ် အရှေ့မှာ ရပ်တည် ရာသီသိမ်းခဲ့စဉ်က အသင်း ပရိသတ်တွေ လမ်းပေါ်မှာ အောင်ပွဲခံကြလို့ သူကိုယ်တိုင် တားယူခဲ့ရကြောင်း ပိုချက်တီနိုက ဆိုပါတယ်။

” စပါးက အာဆင်နယ် အနောက်ကို အမြဲ နှစ် ၂၀-၂၂ နှစ်လောက် နောက်ကျ ကျန်ခဲ့သလို ဖြစ်နေတယ်။ အဲဒါက ကျနော်တို့ ပရိသတ်တွေ အတွက် သိပ်နာကျင်စရာ ဖြစ်ခဲ့တယ်။ အဲဒီတော့ ဒါကို ကျော်ဖြတ်နိုင်ချိန်မှာ လူတွေက တားဆီးမရအောင်ကို ပျော်ခဲ့ကြတယ်။ သူတို့ အတွက်တော့ ဒါက ချန်ပီယံလိဂ်ဖလား အနိုင်ရသလိုကို ပျော်ကြတာ။ ” လို့ ပိုချက်တီနိုက ဖွင့်ဟခဲ့ပါတယ်။

စပါးအသင်းမှာ ရှိခဲ့တဲ့ ကာလတွေ အတွင်း တစ်ခုတည်းသော နောင်တကတော့ သူနည်းပြစဉ် အသင်းအတွက် ဆုဖလား မယူဆောင်ပေးနိုင် ခဲ့တာပဲ ဖြစ်ကြောင်းလည်း ပိုချက်တီနိုက ဆိုခဲ့ပါတယ်။

လတ်တလောမှာတော့ ပိုချက်တီနိုက ပရီးမီးယားလိဂ် ပြန်လာပြီး မန်ချက်စတာ ယူနိုက်တက်ကို နည်းပြ အဖြစ် တာဝန်ယူဖို့လည်း ရေပန်းစားနေပါတယ်။

Zawgyi – စပါးနည္းျပေဟာင္း ပိုခ်က္တီနိုက လတ္တေလာ စကိုင္းစေပါ့ အစီအစဥ္မွာ ပါ၀င္ေဆြးေႏြးရင္း သူ႔ကလပ္ေဟာင္း စပါးနဲ႕ ျမိဳ႔ခံ ျပိဳင္ဘက္ အာဆင္နယ္ အသင္းအေၾကာင္း ယွဥ္ျပိဳင္ခဲ့မႈေတြကို ဖြင့္ဟခဲ့ပါတယ္။

စပါးပရိသတ္ေတြ အတြက္ေတာ့ အမွတ္ေပးဇယားမွာ အာဆင္နယ္ အထက္ ရပ္တည္နုိင္တာက ခ်န္ပီယံလိဂ္ ဖလား ရသလိုကို ေပ်ာ္ရႊင္ ေအာင္ပြဲခံခဲ့ၾကေၾကာင္း အာဂ်င္တိုင္းသားၾကီးက ဖြင့္ခ်ခဲ့ပါတယ္။

ေတာ့တင္ဟမ္ စပါးအသင္းကို ကုိင္တြယ္စဥ္က ပိုခ်က္တီနိုဟာ အမွတ္ရစရာ နုိင္ပြဲေကာင္းေတြ ေျမာက္လန္ဒန္ကလပ္ အတြက္ ယူေဆာင္ေပးနိုင္ခဲ့ပါတယ္။ ဒါေပမယ့္ စပါးအသင္း အာဆင္နယ္ အေရွ႕မွာ ရပ္တည္ ရာသီသိမ္းခဲ့စဥ္က အသင္း ပရိသတ္ေတြ လမ္းေပၚမွာ ေအာင္ပြဲခံၾကလို႔ သူကိုယ္တိုင္ တားယူခဲ့ရေၾကာင္း ပိုခ်က္တီနုိက ဆိုပါတယ္။

” စပါးက အာဆင္နယ္ အေနာက္ကို အျမဲ နွစ္ ၂၀-၂၂ နွစ္ေလာက္ ေနာက္က် က်န္ခဲ့သလို ျဖစ္ေနတယ္။ အဲဒါက က်ေနာ္တို႔ ပရိသတ္ေတြ အတြက္ သိပ္နာက်င္စရာ ျဖစ္ခဲ့တယ္။ အဲဒီေတာ့ ဒါကို ေက်ာ္ျဖတ္နုိင္ခ်ိန္မွာ လူေတြက တားဆီးမရေအာင္ကို ေပ်ာ္ခဲ့ၾကတယ္။ သူတို႔ အတြက္ေတာ့ ဒါက ခ်န္ပီယံလိဂ္ဖလား အနုိင္ရသလိုကို ေပ်ာ္ၾကတာ။ ” လို႔ ပိုခ်က္တီနိုက ဖြင့္ဟခဲ့ပါတယ္။

စပါးအသင္းမွာ ရွိခဲ့တဲ့ ကာလေတြ အတြင္း တစ္ခုတည္းေသာ ေနာင္တကေတာ့ သူနည္းျပစဥ္ အသင္းအတြက္ ဆုဖလား မယူေဆာင္ေပးနုိင္ ခဲ့တာပဲ ျဖစ္ေၾကာင္းလည္း ပိုခ်က္တီနိုက ဆိုခဲ့ပါတယ္။

လတ္တေလာမွာေတာ့ ပိုခ်က္တီနိုက ပရီးမီးယားလိဂ္ ျပန္လာျပီး မန္ခ်က္စတာ ယူနိုက္တက္ကို နည္းျပ အျဖစ္ တာ၀န္ယူဖို႕လည္း ေရပန္းစားေနပါတယ္။