မန်ချက်စတာ ယူနိုက်တက် အသင်း တာဝန်ရှိသူတွေဟာ ဆိုးရှားနေရာမှာ အစားထိုးဖို့ စပါးနည်းပြဟောင်း ပိုချက်တီနို ကို တရားဝင် ချဉ်းကပ်မှုတွေ စတင်ပြုလုပ်ပြီ ဖြစ်ကြောင်း အင်္ဂလန်သတင်းဌာနတွေက ဖော်ပြလာပါတယ်။
ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ခြေထောက်မှာ ဂျက်တပ်ထားသလို လျင်မြန်လွန်းသူ ဖြစ်ပေမယ့် ယခင် ယူနိုက်တက် တောင်ပံဟောင်း နာနီ ကဲ့သို့ပဲ ကိုယ် အားသာတဲ့လျင်မြန်မှုကို အဓိက မထားဘဲ ဘောလုံးပေးပို့ ဖန်တီးမှုတွေ လုပ်ဖို့ ကြိုးစားနေတာက မှားယွင်းနေတယ် လို့ ပေါစခိုးလ်က သုံးသပ်ခဲ့ပါတယ်။
အစ္စတန်ဘူလ်အသင်းကို ရှုံးနိမ့်တဲ့ ပွဲပြီး ရှင်းလင်းပွဲမှာ ယူနိုက်တက်နဲ့ အနာဂတ် အကြောင်း မေးမြန်းခြင်း ခံရရာမှာတော့ ဆိုးရှားက သူ မဖြေလိုကြောင်း ငြင်းဆန်သွားခဲ့ပါတယ်။
ခြေစွမ်းကောင်းတွေ ရှိပေမယ့် ယူနိုက်တက်မှာ အကူအညီ မဖြစ်ဘဲ ပြသနာတွေကို ပေးနေတဲ့ ပေါ့ဘာ အနေနဲ့ သူ ဖြစ်ချင်တဲ့ ရီးရဲလ်မက်ဒရစ် ပြောင်းချင်ကြောင်း ပြောဆိုနေတာတွေ ရပ်ပြီး တကယ့် စွမ်းဆောင်ရည်ကောင်းနဲ့ အရင် သက်သေပြသင့်ပြီ ဖြစ်ကြောင်း ပေါအင့်က ထောက်ပြခဲ့ပါတယ်။
ဒီစနေမှာ ရင်ဆိုင်ရမယ့် ပြိုင်ဘက် ယူနိုက်တက်ဟာ ကြားရက်မှာ ပွဲကစားထားရတာကြောင့် အနားရထားတဲ့ အဲဗာတန်ကတော့ ကာယကြံ့ခိုင်မှုပိုင်း အသာရထားတယ်လို့ အန်ဆယ်လော့တီက ပြောဆိုခဲ့ပါတယ်။
ညက တူရကီမြေမှာ မြင်ခဲ့ရတဲ့ ယူနိုက်တက်ဟာ ဒီလေးနှစ်တာလောက် အတွင်း အဆိုးဝါးဆုံး ခြေစွမ်းနဲ့ ကစားနေတာ မြင်ခဲ့ရကြောင်း ယူနိုက်တက် တိုက်စစ်မှူးဟောင်း တစ်ဦး ဖြစ်တဲ့ ဒီယွန်က ညည်းတွားခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ အသင္း တာ၀န္ရွိသူေတြဟာ ဆိုးရွားေနရာမွာ အစားထိုးဖို႔ စပါးနည္းျပေဟာင္း ပိုခ်က္တီနို ကို တရား၀င္ ခ်ဥ္းကပ္မႈေတြ စတင္ျပဳလုပ္ျပီ ျဖစ္ေၾကာင္း အဂၤလန္သတင္းဌာနေတြက ေဖာ္ျပလာပါတယ္။
ယူနိုက္တက္ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ဟာ ေျခေထာက္မွာ ဂ်က္တပ္ထားသလို လ်င္ျမန္လြန္းသူ ျဖစ္ေပမယ့္ ယခင္ ယူနိုက္တက္ ေတာင္ပံေဟာင္း နာနီ ကဲ့သို႔ပဲ ကိုယ္ အားသာတဲ့လ်င္ျမန္မႈကို အဓိက မထားဘဲ ေဘာလံုးေပးပို႔ ဖန္တီးမႈေတြ လုပ္ဖို႔ ၾကိဳးစားေနတာက မွားယြင္းေနတယ္ လို႔ ေပါစခိုးလ္က သံုးသပ္ခဲ့ပါတယ္။
အစၥတန္ဘူလ္အသင္းကို ရွံဳးနိမ့္တဲ့ ပြဲျပီး ရွင္းလင္းပြဲမွာ ယူနုိက္တက္နဲ႕ အနာဂတ္ အေၾကာင္း ေမးျမန္းျခင္း ခံရရာမွာေတာ့ ဆိုးရွားက သူ မေျဖလိုေၾကာင္း ျငင္းဆန္သြားခဲ့ပါတယ္။
ေျခစြမ္းေကာင္းေတြ ရွိေပမယ့္ ယူနိုက္တက္မွာ အကူအညီ မျဖစ္ဘဲ ျပသနာေတြကို ေပးေနတဲ့ ေပါ့ဘာ အေနနဲ႕ သူ ျဖစ္ခ်င္တဲ့ ရီးရဲလ္မက္ဒရစ္ ေျပာင္းခ်င္ေၾကာင္း ေျပာဆိုေနတာေတြ ရပ္ျပီး တကယ့္ စြမ္းေဆာင္ရည္ေကာင္းနဲ႕ အရင္ သက္ေသျပသင့္ျပီ ျဖစ္ေၾကာင္း ေပါအင့္က ေထာက္ျပခဲ့ပါတယ္။
ဒီစေနမွာ ရင္ဆိုင္ရမယ့္ ျပိဳင္ဘက္ ယူနိုက္တက္ဟာ ၾကားရက္မွာ ပြဲကစားထားရတာေၾကာင့္ အနားရထားတဲ့ အဲဗာတန္ကေတာ့ ကာယၾကံ႕ခိုင္မႈပိုင္း အသာရထားတယ္လို႔ အန္ဆယ္ေလာ့တီက ေျပာဆိုခဲ့ပါတယ္။
ညက တူရကီေျမမွာ ျမင္ခဲ့ရတဲ့ ယူနုိက္တက္ဟာ ဒီေလးနွစ္တာေလာက္ အတြင္း အဆိုး၀ါးဆံုး ေျခစြမ္းနဲ႕ ကစားေနတာ ျမင္ခဲ့ရေၾကာင္း ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း တစ္ဦး ျဖစ္တဲ့ ဒီယြန္က ညည္းတြားခဲ့ပါတယ္။