ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (06/11/20)

ဘီလီဂေလ်မာဟာ ဒီနွေမှာ ချယ်ဆီးကနေ အငှားထွက်ကစားဖို့ မျှော်လင့်ခဲ့ပေမယ့် အပြောင်းအရွှေ့လုပ်ဖို့ မအောင်မြင်ခဲ့တဲ့နောက် ကလပ်မှာပဲ ပွဲထွက်နေရာ တစ်နေရာရအောင် တိုက်ပွဲဝင်ဖို့ အာရုံစိုက်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

ပင်နယ်တီဟာ သွင်းဂိုး အရေအတွက် တိုးမြှင့်စေဖို့ အခွင့်အရေး တစ်ရပ်ဖြစ်ကြောင်း တီမိုဗာနာက ဝန်ခံခဲ့သလို ဂျော်ဂျင်ဟိုက ထို တာဝန် ကျေကျေနပ်နပ် လွှဲပေးခဲ့တာဟာ တစ်သင်းလုံးမှာ တူညီတဲ့ရည်မှန်းချက်တစ်ခုပဲရှိတယ်ဆိုတာပြခဲ့တာပါလို့ ဆိုပါတယ်။

စပါးဟာ ရူဒီဂါကို ခေါ်ဖို့ စိတ်ဝင်စားခဲ့ပေမယ့် ချယ်ဆီးက သူ့ကို အငှားချဖို့အတွက် ပေါင်သန်းများစွာနဲ့ အတူ စပါးဘက်က သူ့လစာကို ရာနှုန်းပြည့် ပေးဖို့ တောင်းဆိုခဲ့တာကြောင့် သူ့ကို ခေါ်ယူဖို့ ကြိုးစားမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

ဒီရာသီ ချန်ပီယံရှစ် ဇယားထိပ်က ရီးဒင်းအတွက် ၂ဂိုးနဲ့ ဖန်တီးမှု၃ကြိမ် ပြလုပ်ပေးထားတဲ့ မိုက်ကယ်အိုလစ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၈သန်း တန်ကြေး ရှိသလို ချယ်ဆီးဟာ သူ့ကိုခေါ်ဖို့အတွက် လီဗာပူး၊ လိုက်ပ်ဇစ်၊ အဲဗာတန်၊ ဒေါ့မွန်တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။

ကစားသမားသစ်တွေ ရောက်လာတဲ့အပြင် ဒဏ်ရာပြဿနာတွေကြောင့် ချယ်ဆီးမှာ ကစားချိန်ကန့်သတ်ခံခဲ့ရတဲ့ ကန်တေဟာ အင်တာမီလန်ထံ ပြောင်းဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့်လမ်းပတ်က သူ့ကိုရောင်းဖို့ ဆန္ဒမရှိနေဘူးလို့ သိရပါတယ်။

ချယ်ဆီးဟာ ၁၀နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် clean sheet ၅ကြိမ်ဆက် ရခဲ့တာဖြစ်ပေမယ့် ကစားသမားတွေအနေနဲ့ တက်မ ထောင်ပြီး ကြိုးစားမှုကို မရပ်တန့်လိုက်နဲ့လို့ နည်းပြ လမ်းပတ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့လက ဒိန်းမတ်နဲ့ပွဲမှာ အင်္ဂလန်နောက်ခံလူ ရိစ်ဂျိမ်းစ်ဟာ အနီကဒ်ပြသခံခဲ့ရသလို ၎င်းဟာ စပိန်ဒိုင်လူကြီး မန်ဇာနိုအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့တယ်လို့ UEFA က သုံးသပ်ခဲ့ပြီးနောက် နိုင်ငံအသင်းနဲ့ ၂ ပွဲ ပယ်ပစ်ဒဏ်ချမှတ်ခံတယ်လို့ သိရပါတယ်။

ပြိုင်ပွဲစုံ ၇ပွဲမှာ ရှုံးပွဲမရှိသေးပဲ ဆက်လက်ချီတက်နေတဲ့ ချယ်ဆီးရဲ့ လူစာရင်းကို လမ်းပတ်က သိပ်အပြောင်းအလဲ မလုပ်ချင်တာဖြစ်ပေမယ့် ပွဲတိုင်းပါဝင်ခဲ့ရတဲ့ တီမိုဗာနာက ပင်ပန်းရကြောင်းဝန်ခံခဲ့သလို ရှက်ဖီးနဲ့ပွဲမှာ အိုဒွိုင်းအတွက် အခွင့်အရေးရလာနိုင်ပါတယ်။

Zawgyi – ဘီလီဂေလ်မာဟာ ဒီနွေမှာ ချယ်ဆီးကနေ အငှားထွက်ကစားဖို့ မျှော်လင့်ခဲ့ပေမယ့် အပြောင်းအရွှေ့လုပ်ဖို့ မအောင်မြင်ခဲ့တဲ့နောက် ကလပ်မှာပဲ ပွဲထွက်နေရာ တစ်နေရာရအောင် တိုက်ပွဲဝင်ဖို့ အာရုံစိုက်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။






