ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (06/11/20)

လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၁၅ မှာ ရောက်နေတဲ့ ယူနိုက်တက်ဟာ ဒီတစ်ပတ် အဲဗာတန်ကို ရှုံးရင် အဆင့်၁၇ ရောက်သွားမှာဖြစ်သလို နိုင်ငံတကာ သီတင်းပတ်အတွင်း အက်ဝုဒ်ဝပ်က ဆိုးလ်ရှားကို ပိုချက်တီနိုနဲ့ အစားထိုးဖို့ လုပ်လာဖို့ ရှိနေပါတယ်။

ယူနိုက်တက်ဟာ အခုအချိန်မှာ ပိုချက်တီနိုကို လျစ်လျူရှုထားမယ်ဆိုရင် သူ့ကို အပြီးသတ် လက်လွှတ်ရမယ့် အန္တရာယ်ရှိလာနိုင်တယ်ဆိုတာကို နားလည်ထားသလို ကလပ်အဝတ်လဲခန်းအတွင်း စပါးနည်းပြဟောင်းကို ထောက်ခံနေကြတယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ ၂၀၂၂ ဇွန်လအထိ စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် ဒီရာသီမှာ ဆိုးဝါးတဲ့စွမ်းဆောင်ရည်တွေနဲ့အတူ အနာဂတ်က မရေမရာ ဖြစ်လာနေပြီး ယူနိုက်တက်က နောက်နွေရာသီမှာ သူ့ကို ယူရိုသန်း၆၀ ဝန်းကျင်နဲ့ ရောင်းဖို့ ပြင်ဆင်ထားပါတယ်။

မက်ဂွိုင်းယားနဲ့ ဖရက်တို့ဟာ ယူနိုက်တက်တိုက်စစ်ရဲ့ အရှိန်အဟုန်ကို နှေးကွေးစေခဲ့တာဖြစ်သလို မက်ဂွိုင်းယားရဲ့ ဘောလုံးဖြန့်ဝေပုံနဲ့ ဖရက်က ဘောလုံးယူဖို့ အနောက်ကို အရမ်း ဆင်းရတာက အဆင်မပြေဘူးလို့ ဗန်ပါစီက ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဆိုးလ်ရှား နေရာမှာ ပိုချက်တီနို ဝင်လာမယ့် သတင်းတွေက ပိုကြီးမားလာခဲ့သလို သူနည်းပြဖြစ်လာရင် အသင်းဟောင်း စပါးထံကနေ ဒယ်လီအလီ၊ ဟယ်ရီဝင့်ခ်၊ လိုဆယ်ဆို၊ အယ်ဒါဝီရယ် တို့ကို ခေါ်ယူဖို့ ကြိုးစားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

မနှစ်က ယူနိုက်တက်အတွက် ယူရိုပါလိဂ်မှာ ပွဲဦးထွက်ခဲ့ဖူးတဲ့ လူငယ်ကြယ်ပွင့် ဂယ်ဘရိတ်ဟာ အင်နီယေစတာ ဒါမှမဟုတ် ဇာဗီ အငယ်စားလေး ဖြစ်တယ်လို့ မြောက်အိုင်ယာလန်နည်းပြ ဘာရာကလော့က ချီးကျူးပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရလဒ်တွေ ဆိုးဝါးနေတာကြောင့် ပိုချက်တီနိုကို နည်းပြသစ်ခန့်ဖို့ သတင်းတွေထွက်နေတာက အပြစ်ပြောလို့မရဘူးလို့ ဘာဘာတော့က ထောက်ခံခဲ့ပြီး ကစားသမားတွေက မပြောင်းလဲရင် ဘာမှ ထူးမှာ မဟုတ်ဘူးလို့လဲ သတိပေးခဲ့ပါတယ်။

Zawgyi – လက္ရွိ ပရီးမီးယားလိဂ္ အဆင့္ ၁၅ မွာ ေရာက္ေနတဲ့ ယူႏိုက္တက္ဟာ ဒီတစ္ပတ္ အဲဗာတန္ကို ရႈံးရင္ အဆင့္၁၇ ေရာက္သြားမွာျဖစ္သလို ႏိုင္ငံတကာ သီတင္းပတ္အတြင္း အက္ဝုဒ္ဝပ္က ဆိုးလ္ရွားကို ပိုခ်က္တီႏိုနဲ႔ အစားထိုးဖို႔ လုပ္လာဖို႔ ရွိေနပါတယ္။

ယူႏိုက္တက္ဟာ အခုအခ်ိန္မွာ ပိုခ်က္တီႏိုကို လ်စ္လ်ဴရႈထားမယ္ဆိုရင္ သူ႔ကို အၿပီးသတ္ လက္လႊတ္ရမယ့္ အႏၲရာယ္ရွိလာႏိုင္တယ္ဆိုတာကို နားလည္ထားသလို ကလပ္အဝတ္လဲခန္းအတြင္း စပါးနည္းျပေဟာင္းကို ေထာက္ခံေနၾကတယ္လို႔ သိရပါတယ္။

ေပါ့ဘာဟာ ၂၀၂၂ ဇြန္လအထိ စာခ်ဳပ္သက္တမ္းတိုးခဲ့ေပမယ့္ ဒီရာသီမွာ ဆိုးဝါးတဲ့စြမ္းေဆာင္ရည္ေတြနဲ႔အတူ အနာဂတ္က မေရမရာ ျဖစ္လာေနၿပီး ယူႏိုက္တက္က ေနာက္ေႏြရာသီမွာ သူ႔ကို ယူ႐ိုသန္း၆၀ ဝန္းက်င္နဲ႔ ေရာင္းဖို႔ ျပင္ဆင္ထားပါတယ္။

မက္ဂြိဳင္းယားနဲ႔ ဖရက္တို႔ဟာ ယူႏိုက္တက္တိုက္စစ္ရဲ႕ အရွိန္အဟုန္ကို ေႏွးေကြးေစခဲ့တာျဖစ္သလို မက္ဂြိဳင္းယားရဲ႕ ေဘာလုံးျဖန္႔ေဝပုံနဲ႔ ဖရက္က ေဘာလုံးယူဖို႔ အေနာက္ကို အရမ္း ဆင္းရတာက အဆင္မေျပဘူးလို႔ ဗန္ပါစီက ေဝဖန္ေျပာဆိုခဲ့ပါတယ္။

ဆိုးလ္ရွား ေနရာမွာ ပိုခ်က္တီႏို ဝင္လာမယ့္ သတင္းေတြက ပိုႀကီးမားလာခဲ့သလို သူနည္းျပျဖစ္လာရင္ အသင္းေဟာင္း စပါးထံကေန ဒယ္လီအလီ၊ ဟယ္ရီဝင့္ခ္၊ လိုဆယ္ဆို၊ အယ္ဒါဝီရယ္ တို႔ကို ေခၚယူဖို႔ ႀကိဳးစားႏိုင္ဖြယ္ ရွိတယ္လို႔ သိရပါတယ္။

မႏွစ္က ယူႏိုက္တက္အတြက္ ယူ႐ိုပါလိဂ္မွာ ပြဲဦးထြက္ခဲ့ဖူးတဲ့ လူငယ္ၾကယ္ပြင့္ ဂယ္ဘရိတ္ဟာ အင္နီေယစတာ ဒါမွမဟုတ္ ဇာဗီ အငယ္စားေလး ျဖစ္တယ္လို႔ ေျမာက္အိုင္ယာလန္နည္းျပ ဘာရာကေလာ့က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ရလဒ္ေတြ ဆိုးဝါးေနတာေၾကာင့္ ပိုခ်က္တီႏိုကို နည္းျပသစ္ခန္႔ဖို႔ သတင္းေတြထြက္ေနတာက အျပစ္ေျပာလို႔မရဘူးလို႔ ဘာဘာေတာ့က ေထာက္ခံခဲ့ၿပီး ကစားသမားေတြက မေျပာင္းလဲရင္ ဘာမွ ထူးမွာ မဟုတ္ဘူးလို႔လဲ သတိေပးခဲ့ပါတယ္။