ဆိုးရှား နေရာအတွက် အစားထိုးဖို့ လိုက်ပ်ဇစ် အသင်းနည်းပြ နာဂယ်လ်စမန်းကို ခေါ်ယူသင့်ကြောင်း ထောက်ပြတိုက်တွန်းမှုတွေ ရှိနေပြီး အင်္ဂလန်သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
အင်္ဂလန်အသင်းရဲ့ လက်ရှိ အကောင်းဆုံး ကစားသမားဟာ မားကပ် ရက်ဖို့ဒ် ဖြစ်တယ်လို့ နိုင်ငံအသင်းဖော် အဲဗာတန် ကစားသမား ကားဗက် လီဝန်က ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။
ယူနိုက်တက်မှာ ပိုချက်တီနို နည်းပြဖြစ်လာရင် အပြောင်းအလဲတွေ လုပ်ဖို့ သတိပေးထားတာဖြစ်သလို သူ့အတွက် မလိုအပ်တဲ့သူတွေကို ရောင်းထုတ်ဖို့ ရှိနေပြီး ဟွမ်မာတာ၊ မာတစ်၊ ရိုမဲရိုးတို့က ချယ်ဆီးရဲ့ပစ်မှတ်တွေ ဖြစ်လာနိုင်ပါတယ်။
လာမယ့် ဇန်နဝါရီမှာ မန်ချက်စတာ ယူနိုက်တက်က ဘာစီလိုနာ တိုက်စစ်ကြယ်ပွင့် ဒမ်ဘီလီ ကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားရန် ပြင်ဆင်နေ ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အကြိမ်ကြိမ် စောင့်ကြည့်မှုတွေ ရှိခဲ့ပြီး ပြောင်းရွှေ့ဖို့ မအောင်မြင်ခဲ့တဲ့ ဂျိမ်း ရိုဒရီဂွက်ဇ် က အဲဗာတန်မှာ တောက်ပနေပြီ ဖြစ်ပြီး ၎င်းက ယူနိုက်တက်မှာ သွားကစားလိုခဲ့ကြောင်း ကိုလံဘီယာသားက ဒီတစ်ပတ် ပွဲမတိုင်ခင် ဖွင့်ဟခဲ့ပါတယ်။
ကိုဗစ်ကူးစက်ခံရလို့ သီခြားခွဲနေခဲ့တဲ့ ယူနိုက်တက် ခံစစ်မှူး အဲလက်စ် တဲလက်စ်ဟာ ရောဂါပျောက်ကင်းပြီ ဖြစ်လို့ ထရိန်နင်မှာ ပြန်လည် ပူးပေါင်းနေပြီ ဖြစ်ပါတယ်။
Zawgyi – ဆိုးရှား နေရာအတွက် အစားထိုးဖို့ လိုက်ပ်ဇစ် အသင်းနည်းပြ နာဂယ်လ်စမန်းကို ခေါ်ယူသင့်ကြောင်း ထောက်ပြတိုက်တွန်းမှုတွေ ရှိနေပြီး အင်္ဂလန်သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။
မန်ချက်စတာ ယူနိုက်တက် အကြိမ်ကြိမ် စောင့်ကြည့်မှုတွေ ရှိခဲ့ပြီး ပြောင်းရွှေ့ဖို့ မအောင်မြင်ခဲ့တဲ့ ဂျိမ်း ရိုဒရီဂွက်ဇ် က အဲဗာတန်မှာ တောက်ပနေပြီ ဖြစ်ပြီး ၄င်းက ယူနိုက်တက်မှာ သွားကစားလိုခဲ့ကြောင်း ကိုလံဘီယာသားက ဒီတစ်ပတ် ပွဲမတိုင်ခင် ဖွင့်ဟခဲ့ပါတယ်။