အာဆင်နယ်ဟာ ယူရိုပါလိဂ်မှာ မိုလ်ဒီကို Own Goal တွေအပါအဝင် ဂျိုးဝေလော့ခ်၊ ပီပီတို့ရဲ့ သွင်းဂိုးတွေကြောင့် ၄-၁ နဲ့ အနိုင်ရရှိခဲ့သလို ဒီပွဲမှာ အတွေ့အကြုံ မရှိသေးတဲ့ လူငယ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း အာတီတာက ချီးကျူးပြောဆိုခဲ့ပါတယ်။
ဂျိုးဝေလော့ခ်ဟာ ယူရိုပါလိဂ်မှာ အထင်ကြီးစရာ လုပ်ပြခဲ့ပေမယ့်လဲ အာဆင်နယ် အသင်းကြီးမှာ ကစားချိန်ရဖို့ ရုန်းကန်ရနိုင်တယ်လို့ ဂန်းနား ဂန္တဝင် မာတင်ကီယွန်က ပြောဆိုခဲ့ပြီး အငှား ထွက်ကစားဖို့ သူ့ကို တိုက်တွန်းခဲ့ပါတယ်။
ဂန်းနားတွေဟာ ယူရိုပါလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပေမယ့် မနေ့က မိုလ်ဒီနဲ့ပွဲမှာ အန်ကတ်တီရာရဲ့သွင်းဂိုးက လူကျွံဘောအဖြစ် သတ်မှတ် ခံခဲ့ရသလို ဒီဆုံးဖြတ်ချက်အပေါ် အာတီတာက မေးခွန်းထုတ်ခဲ့ပြီး ဒီပြိုင်ပွဲမှာလဲ VAR ကြည့်ဖို့ လိုတယ်လို့ တောင်းဆိုခဲ့ပါတယ်။
ဒန်းဒေါ့ခ်နဲ့ပွဲမှာ Man of the Match ဖြစ်ခဲ့တဲ့ ဝေလော့ခ်ဟာ မိုလ်ဒီနဲ့ပွဲမှာလဲ ၁ဂိုးသွင်းပြီး OG၂ဂိုးရအောင် ဖိအားပေးခဲ့တာဖြစ်သလို ၎င်းဟာ ထိပ်တန်း အဆင့်ကိုရောက်ဖို့ လိုအပ်တဲ့ အရည်အချင်းပြည့်ဝမှုရှိတယ်လို့ နောက်ခံလူ ဒေးဗစ်လူးဝစ်က ချီးကျူးခဲ့ပါတယ်။
မိုလ်ဒီနဲ့ပွဲမှာလဲ ခြေစွမ်းပြခဲ့တဲ့ ပီပီဟာ ဒီရာသီ ၁၁ပွဲမှာ ၃ဂိုး ရရှိခဲ့ပြီဖြစ်ပေမယ့် သူ့အနေနဲ့ အချိန်တိုင်း၊ ပွဲတိုင်း ခြေစွမ်းတည်ငြိမ်မှုရဖို့ လိုအပ်တယ် လို့ အာတီတာက ထောက်ပြခဲ့ပြီး အဆုံးသတ်ပိုင်း တိုးတက်စေချင်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဂျိုးဝေလော့ခ်ဟာ ဒီရာသီ ယူရိုပါလိဂ်၃ပွဲလုံးမှာ ပါဝင်ကစားပေးခဲ့ပေမယ့် ပရီးမီးယားလိဂ် တစ်ပွဲမှ မကစားရသေးတာဖြစ်သလို မနေ့ကပွဲမှာ ဂိုး သွင်းယူနိုင်ခဲ့တဲ့နောက် မကြာခင် လိဂ်မှာ အထင်ကြီးစရာလုပ်ပြဖို့ အခွင့်အရေးရလာတော့မယ်လို့ အာတီတာက သတင်းပေးခဲ့ပါတယ်။
အာဆင်နယ်၊ လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ အင်တာကွင်းလယ်လူ နီကိုလို ဘာရယ်လာကို ခေါ်ယူနိုင်ဖို့စောင့်ကြည့်နေကြပေမယ့် အင်တာက စာချုပ်သစ် ချုပ်ဖို့ ဆွေးနွေးနေပြီး အဆင်ပြေခဲ့ရင်တော့ အသင်းပြောင်းဖို့ လက်ခါပြတော့မှာဖြစ်ပါတယ်။
ဂဝေလော့ခ်ဟာ ယူရိုပါလိဂ်မှာ အကောင်းဆုံး လုပ်ပြနေပေမယ့် ပရီးမီးယားလိဂ်မှာ ချန်လှပ်ခံထားရတဲ့အပေါ် စိတ်ပျက်မှုကနေ သင်ယူဖို့ ကြိုးစားနေတယ်လို့ ဝန်ခံခဲ့ပြီး နည်းပြက သူ့ကို အခွင့်အရေးပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။
Zawgyi – အာဆင္နယ္ဟာ ယူ႐ိုပါလိဂ္မွာ မိုလ္ဒီကို Own Goal ေတြအပါအဝင္ ဂ်ိဳးေဝေလာ့ခ္၊ ပီပီတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၄-၁ နဲ႔ အႏိုင္ရရွိခဲ့သလို ဒီပြဲမွာ အေတြ႕အၾကဳံ မရွိေသးတဲ့ လူငယ္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကိုလည္း အာတီတာက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
ဂ်ိဳးေဝေလာ့ခ္ဟာ ယူ႐ိုပါလိဂ္မွာ အထင္ႀကီးစရာ လုပ္ျပခဲ့ေပမယ့္လဲ အာဆင္နယ္ အသင္းႀကီးမွာ ကစားခ်ိန္ရဖို႔ ႐ုန္းကန္ရႏိုင္တယ္လို႔ ဂန္းနား ဂႏၲဝင္ မာတင္ကီယြန္က ေျပာဆိုခဲ့ၿပီး အငွား ထြက္ကစားဖို႔ သူ႔ကို တိုက္တြန္းခဲ့ပါတယ္။
ဂန္းနားေတြဟာ ယူ႐ိုပါလိဂ္မွာ ရာႏႈန္းျပည့္ႏိုင္ပြဲဆက္ခဲ့ေပမယ့္ မေန႔က မိုလ္ဒီနဲ႔ပြဲမွာ အန္ကတ္တီရာရဲ႕သြင္းဂိုးက လူကြၽံေဘာအျဖစ္ သတ္မွတ္ ခံခဲ့ရသလို ဒီဆုံးျဖတ္ခ်က္အေပၚ အာတီတာက ေမးခြန္းထုတ္ခဲ့ၿပီး ဒီၿပိဳင္ပြဲမွာလဲ VAR ၾကည့္ဖို႔ လိုတယ္လို႔ ေတာင္းဆိုခဲ့ပါတယ္။
ဒန္းေဒါ့ခ္နဲ႔ပြဲမွာ Man of the Match ျဖစ္ခဲ့တဲ့ ေဝေလာ့ခ္ဟာ မိုလ္ဒီနဲ႔ပြဲမွာလဲ ၁ဂိုးသြင္းၿပီး OG၂ဂိုးရေအာင္ ဖိအားေပးခဲ့တာျဖစ္သလို ၎ဟာ ထိပ္တန္း အဆင့္ကိုေရာက္ဖို႔ လိုအပ္တဲ့ အရည္အခ်င္းျပည့္ဝမႈရွိတယ္လို႔ ေနာက္ခံလူ ေဒးဗစ္လူး၀စ္က ခ်ီးက်ဴးခဲ့ပါတယ္။
မိုလ္ဒီနဲ႔ပြဲမွာလဲ ေျခစြမ္းျပခဲ့တဲ့ ပီပီဟာ ဒီရာသီ ၁၁ပြဲမွာ ၃ဂိုး ရရွိခဲ့ၿပီျဖစ္ေပမယ့္ သူ႔အေနနဲ႔ အခ်ိန္တိုင္း၊ ပြဲတိုင္း ေျခစြမ္းတည္ၿငိမ္မႈရဖို႔ လိုအပ္တယ္ လို႔ အာတီတာက ေထာက္ျပခဲ့ၿပီး အဆုံးသတ္ပိုင္း တိုးတက္ေစခ်င္ေၾကာင္း တိုက္တြန္းေျပာၾကားခဲ့ပါတယ္။
ဂ်ိဳးေဝေလာ့ခ္ဟာ ဒီရာသီ ယူ႐ိုပါလိဂ္၃ပြဲလုံးမွာ ပါဝင္ကစားေပးခဲ့ေပမယ့္ ပရီးမီးယားလိဂ္ တစ္ပြဲမွ မကစားရေသးတာျဖစ္သလို မေန႔ကပြဲမွာ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ေနာက္ မၾကာခင္ လိဂ္မွာ အထင္ႀကီးစရာလုပ္ျပဖို႔ အခြင့္အေရးရလာေတာ့မယ္လို႔ အာတီတာက သတင္းေပးခဲ့ပါတယ္။
ဂေဝေလာ့ခ္ဟာ ယူ႐ိုပါလိဂ္မွာ အေကာင္းဆုံး လုပ္ျပေနေပမယ့္ ပရီးမီးယားလိဂ္မွာ ခ်န္လွပ္ခံထားရတဲ့အေပၚ စိတ္ပ်က္မႈကေန သင္ယူဖို႔ ႀကိဳးစားေနတယ္လို႔ ဝန္ခံခဲ့ၿပီး နည္းျပက သူ႔ကို အခြင့္အေရးေပးလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္၊ လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ဟာ အင္တာကြင္းလယ္လူ နီကိုလို ဘာရယ္လာကို ေခၚယူႏိုင္ဖို႔ေစာင့္ၾကည့္ေနၾကေပမယ့္ အင္တာက စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ ေဆြးေႏြးေနၿပီး အဆင္ေျပခဲ့ရင္ေတာ့ အသင္းေျပာင္းဖို႔ လက္ခါျပေတာ့မွာျဖစ္ပါတယ္။