အင်္ဂါနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြားသတင်းတိုများ

UNICODE – အင်္ဂလန် ရုပ်သံဌာနကြီး နှစ်ခုဖြစ်တဲ့ Sky Sports, BT Sport တို့က နည်းစနစ်ဧရိယာမှာ မန်နေဂျာတွေ ဘာပြောနေသလဲ၊ အဝတ်လဲခန်းထဲက အခြေအနေနဲ့ ဥမင်လှိုင်းခေါင်းတွေမှာ အသံဖမ်းစက်တွေ တပ်ဆင်ဖို့ ပြင်ဆင်လာပါတယ်။

ပရီးမီးယားလိဂ် အမှုဆောင်ချုပ်ဖြစ်သူ မာစတာက ဒီရာသီ လိဂ်ချန်ပီယံအဖြစ် လီဗာပူး အောင်မြင်ခဲ့ရင် ဆုဖလား အောင်ပွဲခံခွင့်ပြုမယ်လို့ ထုတ်ဖော် ကြေညာလိုက်ပါတယ်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်နဲ့ အင်တာဗျူးမှာတော့ ပြိုင်ဘက်တွေရဲ့ ပရီးမီးယားလိဂ်ကို ပယ်ဖျက်လိုမှုကို သိပ်အံ့သြရပါကြောင်း ကလော့ပ်က ပြောသွားခဲ့ပါတယ်။

Spirit Of Shankly အဖွဲ့သားတစ်ဦးဖြစ်တဲ့ လီဗာပူးအမာခံ ပရိသတ်ကြီး Tony Cavener က ဒေသတွင်းက လိုအပ်သူတွေထံ အစားအသောက် လိုက်လံ ပို့ဆောင်မှုတွေ လုပ်ပေးခဲ့ခြင်းကြောင့် ကျေးဇူးတင်ပါကြောင်း ထရန့်က ထုတ်ပြောခဲ့ပါတယ်။

လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာက လီဗာပူးအသင်းကိုပဲ ပြောင်းဖို အားသန်နေပေမယ့်လည်း သူ့ရဲ့ အေးဂျင့်ကတော့ တိုက်စစ်သမားကို ဒီပြင့် ကလပ်တွေနဲ့ ချိတ်ဆက်ပေးမှုတွေ ဆက်လုပ်သွားဖွယ် ရှိနေပါတယ်။

ဒဏ်ရာကြောင့် ဒီရာသီမှာ ပွဲတွေ မကစားရဖြစ်နေတဲ့ ရှာကွီရီကို ကလပ်ရဲ့ လေ့ကျင့်ရေးမှာ ပြန်လည်မြင်ရဖို့ မန်နေဂျာကလော့ပ်က မျှော်လင့်နေပါတယ်။

လီဗာပူးအသင်းက စိတ်ဝင်စားမှုတွေ ရှိထားတဲ့ အီတလီကွင်းလယ်လူ တိုနယ်လီဟာ စီးရီးအေရဲ့ အကောင်းဆုံး ကွင်းလယ်လူပါလို့ ကစားသမားဟောင်းကြီး ပီယာလိုက ထောက်ခံလိုက်ပါတယ်။

လီဗာပူး ပထမအသင်း လက်ထောက် ဂိုးနည်းပြဖြစ်သူ ဂျက် ရော်ဘင်ဆန်က လေ့ကျင့်ရေးမှာ ကာတစ်ဂျုံး၊ ဘရူးစတား၊ အီလီယက်တို့ကို အယ်လီဆန်လို ဂိုးသမားနဲ့ ထိပ်တိုက်တွေ့ပေးရတဲ့အပေါ် အားရကျေနပ်နေပါတယ်။

လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်က ဂိုးသွင်းယူပြီးတိုင်း သူ့ရဲ့ အောင်ပွဲခံမှုတွေက ရပ်ပါ Young MA! ရဲ့ စတိုင်တွေဖြစ်ပြီး ဒီလို ထူးထူးခြားခြား အောင်ပွဲခံမှုတွေကို ဆက်လုပ်လိုတယ်လို့ ဝန်ခံလိုက်ပါတယ်။

ZAWGYI – အဂၤလန္ ရုပ္သံဌာနၾကီး ႏွစ္ခုျဖစ္တဲ့ Sky Sports, BT Sport တို႔က နည္းစနစ္ဧရိယာမွာ မန္ေနဂ်ာေတြ ဘာေျပာေနသလဲ၊ အဝတ္လဲခန္းထဲက အေျခအေနနဲ႔ ဥမင္လိႈင္းေခါင္းေတြမွာ အသံဖမ္းစက္ေတြ တပ္ဆင္ဖို႔ ျပင္ဆင္လာပါတယ္။

ပရီးမီးယားလိဂ္ အမႈေဆာင္ခ်ဳပ္ျဖစ္သူ မာစတာက ဒီရာသီ လိဂ္ခ်န္ပီယံအျဖစ္ လီဗာပူး ေအာင္ျမင္ခဲ့ရင္ ဆုဖလား ေအာင္ပြဲခံခြင့္ျပဳမယ္လို႔ ထုတ္ေဖာ္ ေၾကညာလုိက္ပါတယ္။

ဂ်ာမနီေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ အင္တာဗ်ဴးမွာေတာ့ ျပိဳင္ဘက္ေတြရဲ႕ ပရီးမီးယားလိဂ္ကို ပယ္ဖ်က္လိုမႈကို သိပ္အံ့ၾသရပါေၾကာင္း ကေလာ့ပ္က ေျပာသြားခဲ့ပါတယ္။

Spirit Of Shankly အဖြဲ႔သားတစ္ဦးျဖစ္တဲ့ လီဗာပူးအမာခံ ပရိသတ္ၾကီး Tony Cavener က ေဒသတြင္းက လိုအပ္သူေတြထံ အစားအေသာက္ လိုက္လံ ပို႔ေဆာင္မႈေတြ လုပ္ေပးခဲ့ျခင္းေၾကာင့္ ေက်းဇူးတင္ပါေၾကာင္း ထရန္႔က ထုတ္ေျပာခဲ့ပါတယ္။

လိုက္ဇစ္တိုက္စစ္မွဴး တီမိုဝါနာက လီဗာပူးအသင္းကိုပဲ ေျပာင္းဖို အားသန္ေနေပမယ့္လည္း သူ႔ရဲ႕ ေအးဂ်င့္ကေတာ့ တိုက္စစ္သမားကို ဒီျပင့္ ကလပ္ေတြနဲ႔ ခ်ိတ္ဆက္ေပးမႈေတြ ဆက္လုပ္သြားဖြယ္ ရွိေနပါတယ္။

ဒဏ္ရာေၾကာင့္ ဒီရာသီမွာ ပြဲေတြ မကစားရျဖစ္ေနတဲ့ ရွာကီြရီကို ကလပ္ရဲ႕ ေလ့က်င့္ေရးမွာ ျပန္လည္ျမင္ရဖို႔ မန္ေနဂ်ာကေလာ့ပ္က ေမွ်ာ္လင့္ေနပါတယ္။

လီဗာပူးအသင္းက စိတ္ဝင္စားမႈေတြ ရွိထားတဲ့ အီတလီကြင္းလယ္လူ တိုနယ္လီဟာ စီးရီးေအရဲ႕ အေကာင္းဆံုး ကြင္းလယ္လူပါလို႔ ကစားသမားေဟာင္းၾကီး ပီယာလိုက ေထာက္ခံလိုက္ပါတယ္။

လီဗာပူး ပထမအသင္း လက္ေထာက္ ဂိုးနည္းျပျဖစ္သူ ဂ်က္ ေရာ္ဘင္ဆန္က ေလ့က်င့္ေရးမွာ ကာတစ္ဂ်ံဳး၊ ဘရူးစတား၊ အီလီယက္တို႔ကို အယ္လီဆန္လို ဂိုးသမားနဲ႔ ထိပ္တိုက္ေတြ႔ေပးရတဲ့အေပၚ အားရေက်နပ္ေနပါတယ္။

လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္က ဂိုးသြင္းယူျပီးတိုင္း သူ႔ရဲ႕ ေအာင္ပြဲခံမႈေတြက ရပ္ပါ Young MA! ရဲ႕ စတိုင္ေတြျဖစ္ျပီး ဒီလို ထူးထူးျခားျခား ေအာင္ပြဲခံမႈေတြကို ဆက္လုပ္လိုတယ္လို႔ ဝန္ခံလိုက္ပါတယ္။