သီယာဂိုဆေးဗားရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုက လူငယ်ကစားသမားတွေနဲ့ ပြည့်နေတဲ့ ချယ်ဆီးအသင်းကို ကူညီပေးနိုင်တယ်လို့ လမ်းပတ်က ယုံကြည်နေသလို သူ့ကို လိုက်မီတဲ့ နောက်ခံလူဆိုလို့ ဗန်ဒိုက်နဲ့ ကွန်ပနီတို့သာ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီနွေမှာ ဝက်စ်ဟမ်းကို အငှားသွားကစားဖို့ ပယ်ချခဲ့တဲ့ တိုမိုရီရဲ့ ဆုံးဖြတ်ချက်ကို လမ်းပတ်က ထောက်ခံပေးခဲ့ပြီး ဒီရာသီမှာ ၎င်း ပွဲထွက်ခွင့် မရသေးပေမယ့်လဲ သူ့ရဲ့အစီအစဉ်တွေမှာ ပါဝင်နေဆဲဖြစ်တယ်လို့ ကတိပေးခဲ့ပါတယ်။
အင်တာ နည်းပြကွန်တီဟာ သူ့အသင်းကို အားဖြည့်ဖို့အတွက် ချယ်ဆီးထံက သူ့ရဲ့ တပည့်ဟောင်းတချို့ကို ပြန်ခေါ်ယူနိုင်ဖွယ်ရှိသလို အီမာဆန်၊ ဂျီရူးနဲ့ အလွန်တို့ဟာ သူတို့ရဲ့ပစ်မှတ်ဖြစ်နေပြီး ဇန်နဝါရီမှာ ထွက်ခွာရဖို့ ရှိနေပါတယ်။
ဝက်စ်ဟမ်းမှာ ဒီကလန်ရိုက်စ် ကစားရတဲ့နေရာနဲ့ ချယ်ဆီးက ကစားစေချင်တဲ့နေရာက မတူကွဲပြားသလို ကွင်းလယ်လူအတွက် သူတို့ရဲ့ ခေါ်ဈေး မြင့်မားမှုကြောင့် ချယ်ဆီးအနေနဲ့ သူ့ကို ခေါ်ယူဖို့ဆုံးဖြတ်ချက်ချရာမှာ အကျပ်ရိုက်နေပါတယ်။
ရိစ်ဂျိမ်းစ်ဟာ နိုင်ငံအသင်းအတွက် ပွဲပယ်ခံထားရပေမယ့် အင်္ဂလန်အသင်းလူစာရင်းမှာ ဆောက်ဂိတ်က သူ့ကို ထည့်သွင်းထားခဲ့သလို အိုင်ယာလန်နဲ့ ခြေစမ်းပွဲမှာ လူငယ်ကစားသမားကို အသုံးပြုဖို့ စီစဉ်ထားတယ်လို့ ရှင်းပြခဲ့ပါတယ်။
လမ်းပတ်လက်အေက် တိုးတက်လာတဲ့ ချယ်ဆီးဟာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီဖြစ်သလို ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားအတွက် ဗန်ဒိုက်မရှိတဲ့ လီဗာပူးကို စိန်ခေါ်နိုင်လိမ့်မယ်လို့ နည်းပြဟောင်း ဖရန့် ဆင်ကလဲယားက ယုံကြည်နေပါတယ်။
ဒီရာသီ ၁ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး စုစုပေါင်း ၁၅၁ မိနစ်သာ ကစားခဲ့ရသေးတဲ့ ဂျီရူးက သူ့အနေနဲ့ ချယ်ဆီးမှာ ကစားချိန်ရဖို့ ဆက်လက် ရုန်းကန်နေရမယ်ဆိုရင် အသင်းပြောင်းဖို့အတွက် တခြားကလပ်တွေကို စဉ်းစားဖို့ ပြင်ဆင်ထားပါတယ်။
ချယ်ဆီးအတွက် ၇ပွဲကစား ၁ဂိုးသာပေးထားရတဲ့ မန်ဒီဟာ ၁၀နှစ်အတွင်း ချယ်ဆီးရဲ့ ပထမဆုံး clean sheet ၅ကြိမ်ဆက် ရယူပေးခဲ့သလို ရှက်ဖီးနဲ့ပွဲမှာ ထပ်ပြီးဂိုးမပေးရရင် ပထမဆုံး လိဂ်၄ပွဲမှာ ဂိုး မပေးရတဲ့ စတုတ္တမြောက် ဂိုးသမား ဖြစ်လာဦးမှာပါ။
Zawgyi – သီယာဂိုေဆးဗားရဲ႕ ပေရာ္ဖက္ရွင္နယ္ဆန္မႈက လူငယ္ကစားသမားေတြနဲ႔ ျပည့္ေနတဲ့ ခ်ယ္ဆီးအသင္းကို ကူညီေပးႏိုင္တယ္လို႔ လမ္းပတ္က ယုံၾကည္ေနသလို သူ႔ကို လိုက္မီတဲ့ ေနာက္ခံလူဆိုလို႔ ဗန္ဒိုက္နဲ႔ ကြန္ပနီတို႔သာ ရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဒီေႏြမွာ ဝက္စ္ဟမ္းကို အငွားသြားကစားဖို႔ ပယ္ခ်ခဲ့တဲ့ တိုမိုရီရဲ႕ ဆုံးျဖတ္ခ်က္ကို လမ္းပတ္က ေထာက္ခံေပးခဲ့ၿပီး ဒီရာသီမွာ ၄င္း ပြဲထြက္ခြင့္ မရေသးေပမယ့္လဲ သူ႔ရဲ႕အစီအစဥ္ေတြမွာ ပါဝင္ေနဆဲျဖစ္တယ္လို႔ ကတိေပးခဲ့ပါတယ္။
အင္တာ နည္းျပကြန္တီဟာ သူ႔အသင္းကို အားျဖည့္ဖို႔အတြက္ ခ်ယ္ဆီးထံက သူ႔ရဲ႕ တပည့္ေဟာင္းတခ်ိဳ႕ကို ျပန္ေခၚယူႏိုင္ဖြယ္ရွိသလို အီမာဆန္၊ ဂ်ီ႐ူးနဲ႔ အလြန္တို႔ဟာ သူတို႔ရဲ႕ပစ္မွတ္ျဖစ္ေနၿပီး ဇန္နဝါရီမွာ ထြက္ခြာရဖို႔ ရွိေနပါတယ္။
ဝက္စ္ဟမ္းမွာ ဒီကလန္႐ိုက္စ္ ကစားရတဲ့ေနရာနဲ႔ ခ်ယ္ဆီးက ကစားေစခ်င္တဲ့ေနရာက မတူကြဲျပားသလို ကြင္းလယ္လူအတြက္ သူတို႔ရဲ႕ ေခၚေဈး ျမင့္မားမႈေၾကာင့္ ခ်ယ္ဆီးအေနနဲ႔ သူ႔ကို ေခၚယူဖို႔ဆုံးျဖတ္ခ်က္ခ်ရာမွာ အက်ပ္႐ိုက္ေနပါတယ္။
ရိစ္ဂ်ိမ္းစ္ဟာ ႏိုင္ငံအသင္းအတြက္ ပြဲပယ္ခံထားရေပမယ့္ အဂၤလန္အသင္းလူစာရင္းမွာ ေဆာက္ဂိတ္က သူ႔ကို ထည့္သြင္းထားခဲ့သလို အိုင္ယာလန္နဲ႔ ေျခစမ္းပြဲမွာ လူငယ္ကစားသမားကို အသုံးျပဳဖို႔ စီစဥ္ထားတယ္လို႔ ရွင္းျပခဲ့ပါတယ္။
လမ္းပတ္လက္ေအက္ တိုးတက္လာတဲ့ ခ်ယ္ဆီးဟာ လမ္းေၾကာင္းမွန္ေပၚ ေရာက္ရွိေနၿပီျဖစ္သလို ဒီရာသီမွာ ပရီးမီးယားလိဂ္ ဖလားအတြက္ ဗန္ဒိုက္မရွိတဲ့ လီဗာပူးကို စိန္ေခၚႏိုင္လိမ့္မယ္လို႔ နည္းျပေဟာင္း ဖရန႔္ ဆင္ကလဲယားက ယုံၾကည္ေနပါတယ္။
ဒီရာသီ ၁ပြဲသာ ပြဲထြက္ခြင့္ရခဲ့ၿပီး စုစုေပါင္း ၁၅၁ မိနစ္သာ ကစားခဲ့ရေသးတဲ့ ဂ်ီ႐ူးက သူ႔အေနနဲ႔ ခ်ယ္ဆီးမွာ ကစားခ်ိန္ရဖို႔ ဆက္လက္ ႐ုန္းကန္ေနရမယ္ဆိုရင္ အသင္းေျပာင္းဖို႔အတြက္ တျခားကလပ္ေတြကို စဥ္းစားဖို႔ ျပင္ဆင္ထားပါတယ္။
ခ်ယ္ဆီးအတြက္ ၇ပြဲကစား ၁ဂိုးသာေပးထားရတဲ့ မန္ဒီဟာ ၁၀ႏွစ္အတြင္း ခ်ယ္ဆီးရဲ႕ ပထမဆုံး clean sheet ၅ႀကိမ္ဆက္ ရယူေပးခဲ့သလို ရွက္ဖီးနဲ႔ပြဲမွာ ထပ္ၿပီးဂိုးမေပးရရင္ ပထမဆုံး လိဂ္၄ပြဲမွာ ဂိုး မေပးရတဲ့ စတုတၱေျမာက္ ဂိုးသမား ျဖစ္လာဦးမွာပါ။