ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (07/11/20)

အာဆင်နယ်ဟာ ရက်ဘူးဆဲလ်ဘတ် ကွင်းလယ်လူ ဒိုမီနစ် ဆိုဘော့စလေးကို ဇန်နဝါရီမှာ ခေါ်ယူဖို့ စဉ်းစားနေသလို ၎င်းရဲ့တန်ကြေးက ပေါင်၂၆သန်း ဝန်းကျင်ရှိပြီး ရက်ဘူးလိုက်ပ်ဇစ်နဲ့ အေစီမီလန်တို့ကလဲ သူ့ကို စောင့်ကြည့်နေကြပါတယ်။

ဒေးဗစ်လူးဝစ် ကတော့ အာဆင်နယ်ဟာ အသင်းကြီးတစ်သင်းဖြစ်တာနဲ့အညီ ဖလား ကိုင်မြှောက်နိုင်ဖို့ စဉ်းစားရမယ်လို့ အသင်းဖော်တွေကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

အာဆင်နယ်နဲ့ ပွဲဦးထွက်ပြီးကတည်းက ခြေစွမ်း မပြနိုင်တဲ့ဝီလီယံဟာ ရာသီကြိုပြင်ဆင်မှု မရှိခဲ့သလို တိုက်စစ်ကြောင်း အပြောင်းအလဲနဲ့ အသင်းဖော် သစ်တွေနဲ့ အသားကျဖို့ အချိန်ယူရတာတွေကြောင့် ရုန်းကန်နေရတာဖြစ်တယ်လို့ အာတီတာက ဆိုပါတယ်။

ယူနိုက်တက်ကို နိုင်ခဲ့တဲ့ပွဲမှာ အားလုံးရဲ့အာရုံစိုက်မှုကို ရရှိခဲ့တဲ့ အယ်နီနီ ဟာ ဒီရာသီမှာ ၎င်းအပေါ် သံသယရှိနေသူတွေကို အသံတိတ်စေခဲ့ပြီး ခြေစွမ်းပြသခဲ့သလို သူ့ကိုခေါ်ယူခဲ့တဲ့ ဝင်းဂါးရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။

နီကိုးလပ်ပီပီဟာ ၎င်းရဲ့ လိုင်လီအသင်းဖော်ဟောင်း ဂေဘရီရယ် မက်ဂါးလက်စ်ကို အာဆင်နယ်ထံ ပြောင်းရွှေ့လာစေဖို့အတွက် သူနဲ့ ဒေးဗစ်လူးဝစ် တို့က စကားတွေအများကြီးပြောပြပြီး ဆွဲဆောင်ခဲ့ကြတယ်လို့ ဝန်ခံခဲ့ပါတယ်။

ဒဏ်ရာပြဿနာနဲ့ ကြံ့ခိုင်မှုမပြည့်ဝတာက ဝီလီယံကို ဒုက္ခပေးနေပေမယ့် နည်းပြ အာတီတာကတော့ သူ့ကို ထောက်ခံအားပေးခဲ့ပြီး ကြံ့ခိုင်မှု ပြည့်ဝလာတာနဲ့ သူက ပိုပြီးတော့တောင် ကောင်းလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဂျိုးဝေလော့ခ်ဟာ ယူရိုပါလိဂ်မှာခြေစွမ်းကောင်းပြသခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ကစားချိန်မရသေးတာဖြစ်သလို သူ့အနေနဲ့ ကိုယ့် အရည်အသွေး ကို အပြည့်အဝ အသုံးချနိုင်ချင်ရင် အငှားထွက်ကစားသင့်တယ်လို့ အိုဝင်ဟားဂရေ့ဗ်က အကြံပေးခဲ့ပါတယ်။

အာဆင်နယ်ကို ရောက်လာတာ မကြာသေးပေမယ့်လဲ ယူနိုက်တက်ပွဲမှာ သောမတ်စ်ပါတေးရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို အူဘာမီးယန်းက အထင်ကြီးနေခဲ့ပြီး တန်ပြန်တိုက်စစ်ကို ရပ်တန့် နိင်တဲ့ အရည်အချင်းက အသင်းအတွက် အရေးပါတယ်လို့ ချီးကျူးခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ဟာ ရက္ဘူးဆဲလ္ဘတ္ ကြင္းလယ္လူ ဒိုမီနစ္ ဆိုေဘာ့စေလးကို ဇန္နဝါရီမွာ ေခၚယူဖို႔ စဥ္းစားေနသလို ၎ရဲ႕တန္ေၾကးက ေပါင္၂၆သန္း ဝန္းက်င္ရွိၿပီး ရက္ဘူးလိုက္ပ္ဇစ္နဲ႔ ေအစီမီလန္တို႔ကလဲ သူ႔ကို ေစာင့္ၾကည့္ေနၾကပါတယ္။

ေဒးဗစ္လူး၀စ္ ကေတာ့ အာဆင္နယ္ဟာ အသင္းႀကီး တစ္သင္းျဖစ္တာနဲ႔အညီ ဖလား ကိုင္ေျမႇာက္ႏိုင္ဖို႔ စဥ္းစားရမယ္လို႔ အသင္းေဖာ္ေတြကို တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္နဲ႔ ပြဲဦးထြက္ၿပီးကတည္းက ေျခစြမ္း မျပႏိုင္တဲ့ဝီလီယံဟာ ရာသီႀကိဳျပင္ဆင္မႈ မရွိခဲ့သလို တိုက္စစ္ေၾကာင္း အေျပာင္းအလဲနဲ႔ အသင္းေဖာ္ သစ္ေတြနဲ႔ အသားက်ဖို႔ အခ်ိန္ယူရတာေတြေၾကာင့္ ႐ုန္းကန္ေနရတာျဖစ္တယ္လို႔ အာတီတာက ဆိုပါတယ္။

ယူႏိုက္တက္ကို ႏိုင္ခဲ့တဲ့ပြဲမွာ အားလုံးရဲ႕အာ႐ုံစိုက္မႈကို ရရွိခဲ့တဲ့ အယ္နီနီ ဟာ ဒီရာသီမွာ ၎အေပၚ သံသယရွိေနသူေတြကို အသံတိတ္ေစခဲ့ၿပီး ေျခစြမ္းျပသခဲ့သလို သူ႔ကိုေခၚယူခဲ့တဲ့ ဝင္းဂါးရဲ႕ ဆုံးျဖတ္ခ်က္ မွန္ကန္ခဲ့တယ္ဆိုတာ သက္ေသျပခဲ့ပါတယ္။

နီကိုးလပ္ပီပီဟာ ၎ရဲ႕ လိုင္လီအသင္းေဖာ္ေဟာင္း ေဂဘရီရယ္ မက္ဂါးလက္စ္ကို အာဆင္နယ္ထံ ေျပာင္းေ႐ႊ႕လာေစဖို႔အတြက္ သူနဲ႔ ေဒးဗစ္လူး၀စ္ တို႔က စကားေတြအမ်ားႀကီးေျပာျပၿပီး ဆြဲေဆာင္ခဲ့ၾကတယ္လို႔ ဝန္ခံခဲ့ပါတယ္။

ဒဏ္ရာျပႆနာနဲ႔ ႀကံ့ခိုင္မႈမျပည့္ဝတာက ဝီလီယံကို ဒုကၡေပးေနေပမယ့္ နည္းျပ အာတီတာကေတာ့ သူ႔ကို ေထာက္ခံအားေပးခဲ့ၿပီး ႀကံ့ခိုင္မႈ ျပည့္ဝလာတာနဲ႔ သူက ပိုၿပီးေတာ့ေတာင္ ေကာင္းလာလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဂ်ိဳးေဝေလာ့ခ္ဟာ ယူ႐ိုပါလိဂ္မွာေျခစြမ္းေကာင္းျပသခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာ ကစားခ်ိန္မရေသးတာျဖစ္သလို သူ႔အေနနဲ႔ ကိုယ့္ အရည္အေသြး ကို အျပည့္အဝ အသုံးခ်ႏိုင္ခ်င္ရင္ အငွားထြက္ကစားသင့္တယ္လို႔ အိုဝင္ဟားဂေရ႕ဗ္က အႀကံေပးခဲ့ပါတယ္။

အာဆင္နယ္ကို ေရာက္လာတာ မၾကာေသးေပမယ့္လဲ ယူႏိုက္တက္ပြဲမွာ ေသာမတ္စ္ပါေတးရဲ႕ စြမ္းေဆာင္ရည္ေကာင္းေတြကို အူဘာမီးယန္းက အထင္ႀကီးေနခဲ့ၿပီး တန္ျပန္တိုက္စစ္ကို ရပ္တန္႔ နိင္တဲ့ အရည္အခ်င္းက အသင္းအတြက္ အေရးပါတယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။